ေဆာ္ဒီအိမ္ေရွ႕မင္းသားႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္တုိ႔ ေဂ်ာ္ဒန္တြင္ လ်ဳိ႕ဝွက္ေတြ႔ဆုံဟု သတင္းထြက္ေပၚ | Myanmar News Agency

ေဆာ္ဒီအိမ္ေရွ႕မင္းသားႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္တုိ႔ ေဂ်ာ္ဒန္တြင္ လ်ဳိ႕ဝွက္ေတြ႔ဆုံဟု သတင္းထြက္ေပၚ

ေဂ်ရုစလင္ ဇြန္ (၂၄)

ေဆာ္ဒီအိမ္ေရွ႕မင္းသား မုဟမၼဒ္ဘင္စလ္မန္ႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုတုိ႔ ေဂ်ာ္ဒန္ႏုိင္ငံျမိဳ႕ေတာ္ အမၼန္တြင္ လ်ဳိ႕ဝွက္ေတြ႔ဆုံခဲ႔သည္ဟု အစၥေရးသတင္းစာ မအာရစ္ဖ္မွွ ေသာၾကာေန႔က ေဖာ္ျပသည္။

အိမ္ျဖဴေတာ္အထူးအႀကံေပး ဂ်ာရတ္ကြရွ္နာ အေရွ႕အလယ္ပုိင္းဆုိင္ရာ အေမရိကန္သံတမန္ ဂ်ာဆန္ဂရင္းဘလတ္တုိ႔ ေဂ်ာ္ဒန္ျမိဳ႕ေတာ္ရွိ ေတာ္ဝင္နန္းေတာ္သုိ႔ လာ ေရာက္လည္ပတ္ခဲ႔ျပီး ေဘးေပါက္အစည္းအေဝးအျဖစ္ ေဆာ္ဒီ အစၥေရး ေခါင္းေဆာင္ႏွစ္ဦးတုိ႔ ေတြ႔ဆုံခဲ႔ရာတြင္ ေဂ်ာ္ဒန္ဘုရင္ပါဝင္သည့္အပုိင္းႏွင့္ မပါဝင္သည့္ အပုိင္းအထိရွိခဲ႔သည္ဟု သတင္းရင္းျမစ္တစ္ခုက ေျပာၾကားသည္။

ေဆာ္ဒီႏွင့္ အစၥေရးႏုိင္ငံၾကား သံတမန္ဆက္ဆံေရး မ
ရွိထားေသာ္လည္း လ်ဳိ႕ဝွက္ဆက္ႏြယ္မႈမ်ားရွိေနျပီး ပုံမွန္ဆက္ဆံေရးထူေထာင္ရန္ လုပ္ေဆာင္ေနသည္ဟု ေနာက္ဆုံးရသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

အိမ္ျဖဴေတာ္အထူးအႀကံေပး ဂ်ာရတ္ကြရွ္နာ အေရွ႕အလယ္ပုိင္းဆုိင္ရာ အေမရိကန္သံတမန္ ဂ်ာဆန္ဂရင္းဘလတ္တုိ႔က အစၥေရးတုိ႔ အေျခခ်ေနထုိင္ေနသည့္ နယ္ေျမမ်ားကိစၥ အေမရိကန္အဆုိ ျငိမ္းခ်မ္းေရးအစီအစဥ္မ်ားအတြက္ ခရီးထြက္ခဲ႔ၾကျပီး အီဂ်စ္ ေဂ်ာ္ဒန္ ေဆာ္ဒီ ကာတာတုိ႔ႏွင့္ ေဆြးေႏြးရန္စီစဥ္ထားသည္။

သမၼတထရမ့္၏ သံတမန္မ်ားႏွင့္ ေဆာ္ဒီအိမ္ေရွ႕မင္းသား မုဟမၼဒ္ဘင္စလ္မန္တုိ႔ ဗုဒၶဟူးေန႔က ေတြ႔ဆုံခဲ႔ၾကရာ အေမရိကန္ ေဆာ္ဒီပူးေပါင္းေဆာင္ရြက္ေရး တုိးျမွင့္ရန္ ဂါဇာသုိ႔ လူသားခ်င္းစာနာမႈ အကူအညီေပးအပ္ရန္ လုိအပ္ေနမႈနွင့္ အစၥေရး ပါလက္စတုိင္းတုိ႔ ျငိမ္းခ်မ္းေရးအစီအစဥ္အတြက္ အားထုတ္ေနမႈကိစၥမ်ား ပါဝင္သည္ဟု အိမ္ျဖဴေတာ္မွ ထုတ္ျပန္သည္။

အေမရိကန္ကုိယ္စားလွယ္ႏွစ္ဦးက ေဂ်ာ္ဒန္ဘုရင္ႏွွင့္ ေတြ႔ဆုံျပီး ေနာက္တစ္ေန႔တြင္ ေဆာ္ဒီႏွင့္အစၥေရး ေတြ႔ ဆုံခဲ႔ျပီးေနာက္ ေဂ်ာ္ဒန္ဘုရင္ႏွင့္ ေနတန္ယာဟုတုိ႔ တနလၤာေန႔က ေတြ႔ဆုံေဆြးေႏြးခဲ႔သည္။

ရီယဒ္က အေမရိကန္အဆုိျပဳ ျငိမ္းခ်မ္းေရးအစီအစဥ္ကုိ ေထာက္ခံထားသည္။ ေဆာ္ဒီအိမ္ေရွ႕မင္းသားက ပါလက္စတုိင္းတုိ႔ကုိ ျငိ္္မ္းခ်မ္းေရးအစီအစဥ္ လက္ခံရန္ႏွင့္ လက္မခံပါက ပါးစပ္ပိတ္ေနရန္ လြန္ခဲ႔သည့္မတ္လက အိမ္ေရွ႕မင္းသား၏ နယူးေယာက္ခရီးစဥ္တြင္ အစၥေရး Channel 10 ကု္ိ ေျပာၾကားခဲ႔ရာ အျငင္းပြားမႈမ်ားစြာ ရွွိခဲ႔သည္။

By – KSM / MUNA
Ref ; Press TV

(Unicode)

ဂျေရုစလင် ဇွန် (၂၄)

ဆော်ဒီအိမ်ရှေ့မင်းသား မုဟမ္မဒ်ဘင်စလ်မန်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဂျော်ဒန်နိုင်ငံမြို့တော် အမ္မန်တွင် လျို့ဝှက်တွေ့ဆုံခဲ့သည်ဟု အစ္စရေးသတင်းစာ မအာရစ်ဖ်မှှ သောကြာနေ့က ဖော်ပြသည်။

အိမ်ဖြူတော်အထူးအကြံပေး ဂျာရတ်ကွရှ်နာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် ဂျာဆန်ဂရင်းဘလတ်တို့ ဂျော်ဒန်မြို့တော်ရှိ တော်ဝင်နန်းတော်သို့ လာ ရောက်လည်ပတ်ခဲ့ပြီး ဘေးပေါက်အစည်းအဝေးအဖြစ် ဆော်ဒီ အစ္စရေး ခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံခဲ့ရာတွင် ဂျော်ဒန်ဘုရင်ပါဝင်သည့်အပိုင်းနှင့် မပါဝင်သည့် အပိုင်းအထိရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ဆော်ဒီနှင့် အစ္စရေးနိုင်ငံကြား သံတမန်ဆက်ဆံရေး မ
ရှိထားသော်လည်း လျို့ဝှက်ဆက်နွယ်မှုများရှိနေပြီး ပုံမှန်ဆက်ဆံရေးထူထောင်ရန် လုပ်ဆောင်နေသည်ဟု နောက်ဆုံးရသတင်းများတွင် ဖော်ပြထားသည်။

အိမ်ဖြူတော်အထူးအကြံပေး ဂျာရတ်ကွရှ်နာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် ဂျာဆန်ဂရင်းဘလတ်တို့က အစ္စရေးတို့ အခြေချနေထိုင်နေသည့် နယ်မြေများကိစ္စ အမေရိကန်အဆို ငြိမ်းချမ်းရေးအစီအစဉ်များအတွက် ခရီးထွက်ခဲ့ကြပြီး အီဂျစ် ဂျော်ဒန် ဆော်ဒီ ကာတာတို့နှင့် ဆွေးနွေးရန်စီစဉ်ထားသည်။

သမ္မတထရမ့်၏ သံတမန်များနှင့် ဆော်ဒီအိမ်ရှေ့မင်းသား မုဟမ္မဒ်ဘင်စလ်မန်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြရာ အမေရိကန် ဆော်ဒီပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဂါဇာသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရန် လိုအပ်နေမှုနှင့် အစ္စရေး ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် အားထုတ်နေမှုကိစ္စများ ပါဝင်သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည်။

အမေရိကန်ကိုယ်စားလှယ်နှစ်ဦးက ဂျော်ဒန်ဘုရင်နှှင့် တွေ့ဆုံပြီး နောက်တစ်နေ့တွင် ဆော်ဒီနှင့်အစ္စရေး တွေ့ ဆုံခဲ့ပြီးနောက် ဂျော်ဒန်ဘုရင်နှင့် နေတန်ယာဟုတို့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

ရီယဒ်က အမေရိကန်အဆိုပြု ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံထားသည်။ ဆော်ဒီအိမ်ရှေ့မင်းသားက ပါလက်စတိုင်းတို့ကို ငြိ်မ်းချမ်းရေးအစီအစဉ် လက်ခံရန်နှင့် လက်မခံပါက ပါးစပ်ပိတ်နေရန် လွန်ခဲ့သည့်မတ်လက အိမ်ရှေ့မင်းသား၏ နယူးယောက်ခရီးစဉ်တွင် အစ္စရေး Channel 10 ကို ပြောကြားခဲ့ရာ အငြင်းပွားမှုများစွာ ရှှိခဲ့သည်။

By – KSM / MUNA
Ref ; Press TV

Comments

comments

You May Also Like