ေမာ္ေတာ္ကားမ်ားရဲ႕ အင္ဂ်င္ အထုိင္စနစ္မ်ား … | Myanmar News Agency

ေမာ္ေတာ္ကားမ်ားရဲ႕ အင္ဂ်င္ အထုိင္စနစ္မ်ား …

ဇြန္ ၁၅

ကၽြန္ေတာ္တုိ႔ အေနနဲ႔ ဖုန္းတစ္လံုးကို သံုးေတာ့မယ္ ဆိုရင္ Smartphone တစ္လံုး ဟုတ္လား၊ မဟုတ္လား ဆိုတာကို Touch စနစ္ တစ္ခုတည္းေလာက္ကိုပဲ အေျခခံ ၾကည့္လိုက္ရုံနဲ႔ ခြဲျခားလို႔ရမွာ ျဖစ္ေပမယ့္ ကားတစ္စီးမွာေတာ့ အမ်ိဳးအစားခြဲမယ္ ဆိုရင္ အခ်က္အလက္ ေတာ္ေတာ္မ်ားမ်ားကို ၾကည့္ရမွာ ျဖစ္ၿပီး အရြယ္အစား၊ အင္ဂ်င္အထိုင္၊ ကားရဲ႕ ရုပ္ထြက္နဲ႔ ရုန္းအားယူ စနစ္ စတာေတြကို ၾကည့္ရပါတယ္။ ဒီေန႔ေတာ့ ကၽြန္ေတာ္က ကားတစ္စီးမွာ အင္ဂ်င္ အထုိင္အေပၚကို မူတည္ၿပီးေတာ့ အမ်ိဳးအစားခြဲျခားပံုေလး အေၾကာင္းကို ေျပာခ်င္ပါတယ္ေနာ္။ ဒီအပိုင္းမွာေတာ့ အမ်ားႀကီး မရွိလွပါဘူး။ သံုးမ်ိဳးပဲ ရွိပါတယ္။

(၁) အင္ဂ်င္ေရွ႕ဖက္အထိုင္စနစ္ – သူကေတာ့ လက္ရွိ ျပည္တြင္းမွာ အမ်ားဆံုး ေတြ႔ေနရတဲ့ ေမာ္ဒယ္ေတြပဲ ျဖစ္ပါတယ္။ အိမ္စီးကားေတြမွာ အမ်ားဆံုး တပ္ဆင္တဲ့ စနစ္ ျဖစ္ၿပီးေတာ့ တပ္ဆင္ရမႈ ပံုစံ လြယ္ကူမႈနဲ႔ အတူ ကားတစ္စီးရဲ႕ ေရွ႕ဖက္ အေလးခ်ိန္ မ်ားေစခ်င္တာေၾကာင့္ ရည္ရြယ္ၿပီး အင္ဂ်င္ကို ေရွ႕ဖက္မွာ ထိုင္ထားတာပါ။ ကမာၻ႔ကားအေရအတြက္ရဲ႕ ရာခိုင္ႏႈန္း ၉၀ေလာက္က အင္ဂ်င္ ေရွ႕ဖက္ အထိိုင္စနစ္နဲ႔ ျဖစ္ပါတယ္။ လြယ္လြယ္ေတြ႔ႏုိင္ေနတာေၾကာင့္ ဥပမာ မေပးေတာ့ပါဘူးေနာ္။

(၂) ေနာက္ဖက္ အင္ဂ်င္အထိုင္စနစ္ – ဒီေမာ္ဒယ္ေတြက ဒုတိယ ကမာၻစစ္ အတြင္းမွာ အေတြ႔ရမ်ားခဲ့ေသးၿပီး ေနာက္ပိုင္းမွာေတာ့ ထုတ္လုပ္မႈ ေတာ္ေတာ္ေလးကို နည္းပါးသြားတာ ျဖစ္ပါတယ္။ ဘာေၾကာင့္ပါလဲ၊ အင္ဂ်င္ အေရွ႕ဖက္ထုိင္စနစ္ရဲ႕ တပ္ဆင္ရမႈ လြယ္ကူမႈနဲ႔ အတူ အသံုးမ်ားလာတာေၾကာင့္ပါ။ ကားတစ္စီးအတြက္ ေရွ႕ဖက္ျခမ္းမွာ ၀န္ အေလးခ်ိန္ ပမာဏ အနည္းနဲ႔ အမ်ား(ကားေမာ္ဒယ္ အေပၚမူတည္ၿပီး) ရွိေနဖုိ႔ လိုအပ္ပါတယ္။ ဒီေတာ့ အလြယ္ဆံုး အေနနဲ႔ ကားရဲ႕ အင္ဂ်င္ကို အဆိ္ုပါ ၀န္ပမာဏရေအာင္ ထားလိုက္တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေန႔ထိေအာင္ နာမည္ေက်ာ္ ေမာ္ဒယ္ေတြမွာ အင္ဂ်င္ေနာက္ဖက္ထုိင္ စနစ္ကို ေတြ႔ႏုိင္ပါေသးတယ္။ သူတုိ႔ကေတာ့ ေနာက္ဖက္မွာ အင္ဂ်င္ထိုင္လိုက္တဲ့ အတြက္ ေရွ႕ဖက္ျခမ္းကို ၀န္တင္ခန္း အျဖစ္ ထားလုိက္ၿပီး ေရွ႕၊ ေနာက္ အေလးခ်ိန္ ျပန္မွ်ေအာင္ ဖန္တီးထားတာ ေတြ႔ႏုိင္ပါတယ္။ ဥပမာ Porsche ရဲ႕ ေမာ္ဒယ္ေတြမွာ အင္ဂ်င္ အေနာက္ဖက္ထုိင္စနစ္ကို ေတြ႔ႏုိင္ပါတယ္ေနာ္။

(၃) အင္ဂ်င္အလယ္ထို္င္စနစ္ – ဒီစနစ္ကေတာ့ ျပည္တြင္းမွာေတာင္ အစီးေရ အနည္းအက်ဥ္းေလာက္ပဲ ရွိမယ့္ ေမာ္ဒယ္ေတြ ျဖစ္ၿပီးေတာ့ Supercar လို႔ သတ္မွတ္တဲ့ စြမ္းေဆာင္ရည္ အထူးျမွင့္ထားတဲ့ ကားေတြမွာပဲ ေတြ႔ႏုိင္မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္ အင္ဂ်င္ကို အလယ္မွာ ထိုင္ထားပါသလဲ။ ေျမဆြဲအားကို ေရွ႕ဖက္နဲ႔ ေနာက္ဖက္မွာ အခ်ိဳးက်ေနေစခ်င္တာေၾကာင့္ အင္ဂ်င္ကို အလယ္မွာ ထိုင္ထားတာ ျဖစ္ၿပီး မ်က္စိထဲ ျမင္လာေအာင္ ေျပာရမယ္ ဆိုရင္ေတာ့ ခရီးသည္ ထိုင္ခံုတန္းရဲ႕ ေအာက္ဖက္မွာ ဒါမွမဟုတ္ ေနာက္ဖက္နားမွာ ကပ္ၿပီး အင္ဂ်င္ကို ထုိင္ထားတာ ျဖစ္ပါတယ္။ ဒီအတြက္ ေလးဘီးယက္စနစ္နဲ႔ ေမာ္ဒယ္ကို တပ္ဆင္လိုက္တဲ့ အခ်ိန္မွာ ေမာ္ဒယ္က အင္ဂ်င္က ထြက္လာတဲ့ စြမ္းအင္ေတြ ဘီးအားလံုး အေပၚ သက္ေရာက္မႈ အခ်ိဳးညီသြားၿပီး စြမ္းေဆာင္ရည္ အထူးျမင့္မားသြားေတာ့တာ ျဖစ္ပါတယ္။ ဥပမာ အေနနဲ႔ေတာ့ Lamborghini ရဲ႕ ေမာ္ဒယ္ေတြမွာ ျမင္ေတြ႔ႏုိင္မွာလည္း ျဖစ္ပါတယ္။

By – KKS / MUNA
Ref; sulekha

(Unicode)

ဇွန် ၁၅

ကျွန်တော်တို့ အနေနဲ့ ဖုန်းတစ်လုံးကို သုံးတော့မယ် ဆိုရင် Smartphone တစ်လုံး ဟုတ်လား၊ မဟုတ်လား ဆိုတာကို Touch စနစ် တစ်ခုတည်းလောက်ကိုပဲ အခြေခံ ကြည့်လိုက်ရုံနဲ့ ခွဲခြားလို့ရမှာ ဖြစ်ပေမယ့် ကားတစ်စီးမှာတော့ အမျိုးအစားခွဲမယ် ဆိုရင် အချက်အလက် တော်တော်များများကို ကြည့်ရမှာ ဖြစ်ပြီး အရွယ်အစား၊ အင်ဂျင်အထိုင်၊ ကားရဲ့ ရုပ်ထွက်နဲ့ ရုန်းအားယူ စနစ် စတာတွေကို ကြည့်ရပါတယ်။ ဒီနေ့တော့ ကျွန်တော်က ကားတစ်စီးမှာ အင်ဂျင် အထိုင်အပေါ်ကို မူတည်ပြီးတော့ အမျိုးအစားခွဲခြားပုံလေး အကြောင်းကို ပြောချင်ပါတယ်နော်။ ဒီအပိုင်းမှာတော့ အများကြီး မရှိလှပါဘူး။ သုံးမျိုးပဲ ရှိပါတယ်။

(၁) အင်ဂျင်ရှေ့ဖက်အထိုင်စနစ် – သူကတော့ လက်ရှိ ပြည်တွင်းမှာ အများဆုံး တွေ့နေရတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ အိမ်စီးကားတွေမှာ အများဆုံး တပ်ဆင်တဲ့ စနစ် ဖြစ်ပြီးတော့ တပ်ဆင်ရမှု ပုံစံ လွယ်ကူမှုနဲ့ အတူ ကားတစ်စီးရဲ့ ရှေ့ဖက် အလေးချိန် များစေချင်တာကြောင့် ရည်ရွယ်ပြီး အင်ဂျင်ကို ရှေ့ဖက်မှာ ထိုင်ထားတာပါ။ ကမ္ဘာ့ကားအရေအတွက်ရဲ့ ရာခိုင်နှုန်း ၉၀လောက်က အင်ဂျင် ရှေ့ဖက် အထိုင်စနစ်နဲ့ ဖြစ်ပါတယ်။ လွယ်လွယ်တွေ့နိုင်နေတာကြောင့် ဥပမာ မပေးတော့ပါဘူးနော်။

(၂) နောက်ဖက် အင်ဂျင်အထိုင်စနစ် – ဒီမော်ဒယ်တွေက ဒုတိယ ကမ္ဘာစစ် အတွင်းမှာ အတွေ့ရများခဲ့သေးပြီး နောက်ပိုင်းမှာတော့ ထုတ်လုပ်မှု တော်တော်လေးကို နည်းပါးသွားတာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ၊ အင်ဂျင် အရှေ့ဖက်ထိုင်စနစ်ရဲ့ တပ်ဆင်ရမှု လွယ်ကူမှုနဲ့ အတူ အသုံးများလာတာကြောင့်ပါ။ ကားတစ်စီးအတွက် ရှေ့ဖက်ခြမ်းမှာ ဝန် အလေးချိန် ပမာဏ အနည်းနဲ့ အများ(ကားမော်ဒယ် အပေါ်မူတည်ပြီး) ရှိနေဖို့ လိုအပ်ပါတယ်။ ဒီတော့ အလွယ်ဆုံး အနေနဲ့ ကားရဲ့ အင်ဂျင်ကို အဆိုပါ ဝန်ပမာဏရအောင် ထားလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ထိအောင် နာမည်ကျော် မော်ဒယ်တွေမှာ အင်ဂျင်နောက်ဖက်ထိုင် စနစ်ကို တွေ့နိုင်ပါသေးတယ်။ သူတို့ကတော့ နောက်ဖက်မှာ အင်ဂျင်ထိုင်လိုက်တဲ့ အတွက် ရှေ့ဖက်ခြမ်းကို ဝန်တင်ခန်း အဖြစ် ထားလိုက်ပြီး ရှေ့၊ နောက် အလေးချိန် ပြန်မျှအောင် ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ ဥပမာ Porsche ရဲ့ မော်ဒယ်တွေမှာ အင်ဂျင် အနောက်ဖက်ထိုင်စနစ်ကို တွေ့နိုင်ပါတယ်နော်။

(၃) အင်ဂျင်အလယ်ထိုင်စနစ် – ဒီစနစ်ကတော့ ပြည်တွင်းမှာတောင် အစီးရေ အနည်းအကျဉ်းလောက်ပဲ ရှိမယ့် မော်ဒယ်တွေ ဖြစ်ပြီးတော့ Supercar လို့ သတ်မှတ်တဲ့ စွမ်းဆောင်ရည် အထူးမြှင့်ထားတဲ့ ကားတွေမှာပဲ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် အင်ဂျင်ကို အလယ်မှာ ထိုင်ထားပါသလဲ။ မြေဆွဲအားကို ရှေ့ဖက်နဲ့ နောက်ဖက်မှာ အချိုးကျနေစေချင်တာကြောင့် အင်ဂျင်ကို အလယ်မှာ ထိုင်ထားတာ ဖြစ်ပြီး မျက်စိထဲ မြင်လာအောင် ပြောရမယ် ဆိုရင်တော့ ခရီးသည် ထိုင်ခုံတန်းရဲ့ အောက်ဖက်မှာ ဒါမှမဟုတ် နောက်ဖက်နားမှာ ကပ်ပြီး အင်ဂျင်ကို ထိုင်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် လေးဘီးယက်စနစ်နဲ့ မော်ဒယ်ကို တပ်ဆင်လိုက်တဲ့ အချိန်မှာ မော်ဒယ်က အင်ဂျင်က ထွက်လာတဲ့ စွမ်းအင်တွေ ဘီးအားလုံး အပေါ် သက်ရောက်မှု အချိုးညီသွားပြီး စွမ်းဆောင်ရည် အထူးမြင့်မားသွားတော့တာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့တော့ Lamborghini ရဲ့ မော်ဒယ်တွေမှာ မြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။

By – KKS / MUNA
Ref; sulekha

Comments

comments

You May Also Like