ျမန္မာစိန္တလုံးသရက္သီးမ်ားႏွင့္ အျခားမ်ဳိးကြဲမ်ားေရာပါေန၍ စကၤာပူ NTUC စတုိးဆုိင္မွ ဖယ္ရွားခဲ႔ | Myanmar News Agency

ျမန္မာစိန္တလုံးသရက္သီးမ်ားႏွင့္ အျခားမ်ဳိးကြဲမ်ားေရာပါေန၍ စကၤာပူ NTUC စတုိးဆုိင္မွ ဖယ္ရွားခဲ႔

စကၤာပူ ဇြန္ (၁၄)

စကၤာပူတြင္ NTUC အပါအဝင္ စတုိးဆုိင္မ်ားကုိ ကုန္ပစၥည္းျဖန္႔ခ်ီေနေသာ EGM ကုမၸဏီက အျခားအမ်ဳိးအစား ေရာေႏွာပါဝင္ေနေသာ ျမန္မာစိန္တလုံးသရက္သီးမ်ားကုိ ျဖန္႔ခ်ီခဲ႔ရာ NTUC စတုိးမွ ဆက္လက္မေရာင္းခ်ပဲ ဖယ္ရွားလုိက္ေသာ္လည္း အဆုိပါသရက္သီးမ်ားမွာ အရည္အေသြးျမင့္မားၿပီး စားသုံးရန္ေဘးကင္းမႈရွိေၾကာင္း ဆုိင္တာဝန္ခံက ေျပာၾကားသည္။


တခါတရံတြင္ တန္ဖုိးေပးေခ်လုိက္သည့္ ကုန္ပစၥည္းမွာ ထုတ္ပုိးထားေသာပစၥည္းႏွင့္ မကုိက္ညီသည့္ ျဖစ္စဥ္တစ္ခု ျဖစ္ခဲ႔သည္။ စိန္တစ္လုံး သရက္သီးတင္သြင္းေသာ စကၤာပူမွ Myanmar Golden Produce Pte Ltd (MGP) သစ္သီးကုမၸဏီက အဆင့္နိမ္႔ေသာသရက္သီးမ်ား တင္သြင္း ေရာင္းခ်ခဲ႔သည္ဟု စြပ္စြဲမႈမ်ား ႀကံဳေတြ႔ခဲ႔ရသည္။

MGP က အျခားအမ်ဳိးအစား သရက္သီးမ်ားကုိ ျဖန္႔ခ်ီသူ EGM ကုမၸဏီက မိမိတုိ႔ MGP ကုမၸဏီတံဆိပ္ျဖင့္ ထုတ္ပုိးထားသည္ကုိ ေတြ႔ခဲ႔ေၾကာင္း ေျပာၾကားခဲ႔သည္။ စိန္တလုံးသရက္သီးမွာ အလြန္ခ်ဳိျပီး အရည္အေသြး ေကာင္းမြန္သည့္အတြက္ ျပည္ပသုိ႔ တင္ပု္ိ႔ရာတြင္ အလြန္လူႀကိဳက္မ်ားသည္။

NTU ဝဘ္ဆုိက္၏ အဆုိအရ နွစ္လုံးပါ စိန္တလုံးသရက္သီးတစ္ထုတ္လ်င္ စကၤာပူေဒၚလာ ၅.၅၅ ျဖစ္ျပီး အျခားသရက္သီးတစ္ထုတ္မွာ ၂.၂၉ ေဒၚလာသာရွိသည္။

ျဖန္႔ခ်ီသူ EGM ကုမၸဏီက မိမိတုိ႔မွားယြင္းထုတ္ပုိး၍ ျဖန္႔ခ်ီခဲ႔ေၾကာင္း ဝန္ခံခဲ႔ျပီး အေျခအေနအရပ္ရပ္အတြက္ MGP သုိ႔ စာပုိ႔ရွင္းျပခဲ႔သည္။

EGM ဝန္ထမ္းမ်ားက ေမလ ၁၈ ထုတ္ပုိးမႈမ်ားတြင္ ျမန္မာျပည္မွလာေသာ အျခားအမ််ိဳးအစား သရက္သီး ၁၁ မ်ိဳးႏွင့္ ေရာေႏွာခဲ႔မိေၾကာင္း အက်ဳ္ိးဆက္အားျဖင့္ အဆုိပါ သရက္သီးအားလုံးကုိ MGP တံဆိပ္ကပ္ခဲ႔ၾကေၾကာင္း ျပန္လည္ရွင္းျပခဲ႔သည္။

EGM မွ အဆုိပါအမွားအယြင္း ျဖစ္မႈကိစၥ ေမးျမန္းခ်က္မ်ားကုိေျဖၾကားရာတြင္ “နားလည္မႈလြဲမွား၍ အမွားအယြင္း ျဖစ္ခဲ႔သည့္အတြက္ ဝမ္းနည္းရပါသည္။ မွားယြင္းတံဆိပ္ကပ္ထားေသာ သရက္သီးမ်ားကုိ ျပန္လည္စုေဆာင္း၍ ေနာက္တႀကိမ္ ယခုကဲ့သုိ႔မျဖစ္ေစရန္ အေသအခ်ာ တာဝန္ယူပါသည္”ဟု ေျပာၾကားခဲ႔သည္။

NTU စတုိးဆုိင္ဘက္မွ ထုတ္ျပန္ခ်က္တြင္ “Myanmar Golden Produce (MGP) တံဆိပ္ ျမန္မာစိန္တလုံးသရက္သီးမ်ားကုိ ေဒသခံျဖန္႔ခ်ီသူက ထုတ္ပုိးတင္သြင္းရာတြင္ အမွားအယြင္း ျဖစ္ခဲ႔မႈကုိ NTUC ကသတိျပဳမိပါသည္။ က်ြန္ုပ္တုိ႔၏ မိတ္ဖက္ကုန္ပစၥည္းတင္သြင္းသူ ေနာက္ထပ္ရွင္းလင္းခ်က္ကုိ ေတာင္းခံေန၍ စတုိးဆုိင္မ်ားက အဆုိပါသရက္သီးမ်ားကုိ ရုပ္သိမ္းထားျပီး ျဖစ္ပါသည္။ NTUC အေနျဖင့္ MGP ကုမၸဏီႏွင့္လည္း အနီးကပ္ဆက္သြယ္ေဆာင္ရြက္ေနျပီး စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနပါသည္” ဟု ေဖာ္ျပထားသည္။

By – KSM / MUNA
Ref; Mothership.sg

(Unicode)

စင်္ကာပူ ဇွန် (၁၄)

စင်္ကာပူတွင် NTUC အပါအဝင် စတိုးဆိုင်များကို ကုန်ပစ္စည်းဖြန့်ချီနေသော EGM ကုမ္ပဏီက အခြားအမျိုးအစား ရောနှောပါဝင်နေသော မြန်မာစိန်တလုံးသရက်သီးများကို ဖြန့်ချီခဲ့ရာ NTUC စတိုးမှ ဆက်လက်မရောင်းချပဲ ဖယ်ရှားလိုက်သော်လည်း အဆိုပါသရက်သီးများမှာ အရည်အသွေးမြင့်မားပြီး စားသုံးရန်ဘေးကင်းမှုရှိကြောင်း ဆိုင်တာဝန်ခံက ပြောကြားသည်။

တခါတရံတွင် တန်ဖိုးပေးချေလိုက်သည့် ကုန်ပစ္စည်းမှာ ထုတ်ပိုးထားသောပစ္စည်းနှင့် မကိုက်ညီသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။ စိန်တစ်လုံး သရက်သီးတင်သွင်းသော စင်္ကာပူမှ Myanmar Golden Produce Pte Ltd (MGP) သစ်သီးကုမ္ပဏီက အဆင့်နိမ့်သောသရက်သီးများ တင်သွင်း ရောင်းချခဲ့သည်ဟု စွပ်စွဲမှုများ ကြုံတွေ့ခဲ့ရသည်။

MGP က အခြားအမျိုးအစား သရက်သီးများကို ဖြန့်ချီသူ EGM ကုမ္ပဏီက မိမိတို့ MGP ကုမ္ပဏီတံဆိပ်ဖြင့် ထုတ်ပိုးထားသည်ကို တွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။ စိန်တလုံးသရက်သီးမှာ အလွန်ချိုပြီး အရည်အသွေး ကောင်းမွန်သည့်အတွက် ပြည်ပသို့ တင်ပို့ရာတွင် အလွန်လူကြိုက်များသည်။

NTU ဝဘ်ဆိုက်၏ အဆိုအရ နှစ်လုံးပါ စိန်တလုံးသရက်သီးတစ်ထုတ်လျင် စင်္ကာပူဒေါ်လာ ၅.၅၅ ဖြစ်ပြီး အခြားသရက်သီးတစ်ထုတ်မှာ ၂.၂၉ ဒေါ်လာသာရှိသည်။

ဖြန့်ချီသူ EGM ကုမ္ပဏီက မိမိတို့မှားယွင်းထုတ်ပိုး၍ ဖြန့်ချီခဲ့ကြောင်း ဝန်ခံခဲ့ပြီး အခြေအနေအရပ်ရပ်အတွက် MGP သို့ စာပို့ရှင်းပြခဲ့သည်။

EGM ဝန်ထမ်းများက မေလ ၁၈ ထုတ်ပိုးမှုများတွင် မြန်မာပြည်မှလာသော အခြားအမျျိုးအစား သရက်သီး ၁၁ မျိုးနှင့် ရောနှောခဲ့မိကြောင်း အကျိုးဆက်အားဖြင့် အဆိုပါ သရက်သီးအားလုံးကို MGP တံဆိပ်ကပ်ခဲ့ကြကြောင်း ပြန်လည်ရှင်းပြခဲ့သည်။

EGM မှ အဆိုပါအမှားအယွင်း ဖြစ်မှုကိစ္စ မေးမြန်းချက်များကိုဖြေကြားရာတွင် “နားလည်မှုလွဲမှား၍ အမှားအယွင်း ဖြစ်ခဲ့သည့်အတွက် ဝမ်းနည်းရပါသည်။ မှားယွင်းတံဆိပ်ကပ်ထားသော သရက်သီးများကို ပြန်လည်စုဆောင်း၍ နောက်တကြိမ် ယခုကဲ့သို့မဖြစ်စေရန် အသေအချာ တာဝန်ယူပါသည်”ဟု ပြောကြားခဲ့သည်။

NTU စတိုးဆိုင်ဘက်မှ ထုတ်ပြန်ချက်တွင် “Myanmar Golden Produce (MGP) တံဆိပ် မြန်မာစိန်တလုံးသရက်သီးများကို ဒေသခံဖြန့်ချီသူက ထုတ်ပိုးတင်သွင်းရာတွင် အမှားအယွင်း ဖြစ်ခဲ့မှုကို NTUC ကသတိပြုမိပါသည်။ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်ပစ္စည်းတင်သွင်းသူ နောက်ထပ်ရှင်းလင်းချက်ကို တောင်းခံနေ၍ စတိုးဆိုင်များက အဆိုပါသရက်သီးများကို ရုပ်သိမ်းထားပြီး ဖြစ်ပါသည်။ NTUC အနေဖြင့် MGP ကုမ္ပဏီနှင့်လည်း အနီးကပ်ဆက်သွယ်ဆောင်ရွက်နေပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပါသည်” ဟု ဖော်ပြထားသည်။

By – KSM / MUNA
Ref; Mothership.sg

Comments

comments

You May Also Like