‌မင်းသားကြီး ရောဘတ်‌ဒင်‌နီရိုရဲ့ ဆဲဆိုမှု ဒေါ်နယ်ထရမ့်တုံ့ပြန် | Myanmar News Agency

‌မင်းသားကြီး ရောဘတ်‌ဒင်‌နီရိုရဲ့ ဆဲဆိုမှု ဒေါ်နယ်ထရမ့်တုံ့ပြန်

ဇွန်‌ ၁၄

အ‌မေရိကန်‌သမ္မတ ‌ဒေါ်နယ်‌ထရမ့်‌ဟာ ပြီးခဲ့တဲ့ ရက်‌ပိုင်းက Tony Awards ဆု‌ပေးပွဲစင်‌မြင့်‌ ထက်‌မှာ သူ့အ‌ပေါ် ဆဲ‌ရေးတိုင်းထွာသွားခဲ့တဲ့ မင်းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုကို ‘ဥာဏ်‌ရည်‌ နိမ့်‌ပါးသူတစ်‌ဦး’ ဆိုပြီး ပြန်‌လည်‌တုံ့ပြန်‌ လိုက်‌‌ပါတယ်‌။




By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

(Unicode)

ဇွန်‌ ၁၄

အ‌မေရိကန်‌သမ္မတ ‌ဒေါ်နယ်‌ထရမ်‌့ဟာ ပြီးခဲ့တဲ့ ရက်‌ပိုင်‌းက Tony Awards ဆု‌ပေးပွဲစင်‌မြင်‌့ ထက်‌မှာ သူ့အ‌ပေါ် ဆဲ‌ရေးတိုင်‌းထွာသွားခဲ့တဲ့ မင်‌းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုကို ‘ဉာဏ်‌ရည်‌ နိမ်‌့ပါးသူတစ်‌ဦး’ ဆိုပြီး ပြန်‌လည်‌တုံ့ပြန်‌ လိုက်‌‌ပါတယ်‌။

‌ဒေါ်နယ်‌ထရမ့်မှ အသက်‌ ၇၄ နှစ်‌အရွယ်‌ ရှိပြီဖြစ်‌တဲ့ မင်‌းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုဟာ လက်‌‌ဝှေ့သမား ဇာတ်‌ကား‌တွေ အရိုက်‌များမှု‌ကြောင်‌့ မူးရူးသွားခဲ့ပြီး ယခုလို အ‌ပြောမျိုး ‌ပြောထွက်‌တာ ဖြစ်‌‌ကြောင်‌း၊ သူ့အ‌နေနဲ့ သမ္မတတာဝန်‌ ထမ်‌း‌ဆောင်‌ခွင်‌့ ရကတည်‌းက အလုပ်‌အကိုင်‌မဲ့သူ ဦး‌ရေ သိသိသာသာ ‌လျှော့ပါးလာ‌‌အောင်‌ စွမ်‌း‌ဆောင်‌လာနိုင်‌ခဲ့‌ကြောင်‌း၊ ဒါ့အပြင်‌ နိုင်‌ငံတွင်‌းသို့လည်‌း နိုင်‌ငံခြား ကုမ္ပဏီများရဲ့ ရင်‌းနှီးမြှပ်‌နှံမှုများ အဆမတန်‌ ဝင်‌လာ‌‌နိုင်‌‌စေ‌အောင်‌ ကြိုးပမ်‌း‌ဆောင်‌ရွက်‌ခဲ့‌ကြောင်‌း တုန်‌့ပြန်‌‌ပြောကြားသွားခဲ့ပါတယ်‌။

သမ္မတ ‌ဒေါ်နယ်‌ထရမ်‌့နဲ့ ‌အော်‌စကာနှစ်‌ဆုရှင်‌ မင်‌းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုးတို့ဟာ တစ်‌ဦးအ‌ပေါ်တစ်‌ဦး သိပ်‌ပြီး အ‌စေးမကပ်‌ကြသူများ ဖြစ်‌လာကြပြီး မင်‌းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုဟာ ‌ဒေါ်နယ်‌ထရမ့်ကို စင်‌မြင်‌့ထက်‌မှာ ထဆဲသွားခဲ့ရုံသာမက က‌နေဒါသမ္မတရဲ့ လုပ်‌ရည်‌ကိုင်‌ရည်‌ကို ‌ဝေဖန်‌တတ်‌တဲ့ အ‌မေရိကန်‌သမ္မတ ‌ဒေါ်နယ်‌ထရမ့်ရဲ့ ရူး‌ပေါ‌ပေါလုပ်‌ရပ်‌‌ကြောင်‌့ က‌နေ‌ဒါ ပြည်‌သူလူထုများအားလုံးကို ‌တောင်‌းပန်‌ပါ‌ကြောင်‌း ဆိုပြီး‌တော့လည်း မင်‌းသားကြီးက ပြက်‌လုံးထုတ်‌သွားခဲ့ပါတယ်‌။

မင်‌းသားကြီး ‌ရောဘတ်‌ဒင်‌နီရိုဟာ ပြီးခဲ့တဲ့ ဇွန်‌လ ၁၀ ရက်‌‌နေ့က ကျင်‌းပပြီးစီးသွားခဲ့တဲ့ Tony Awards ဆု‌ပေးပွဲမှာ ‌ဒေါ်နယ်‌ထရန်‌့ကို ‘f*** Trump’ ဆိုပြီး နှစ်‌ကြိမ်‌တိုင်‌တိုင်‌ ဆဲဆိုသွာခဲ့ရာမှ ဘဝတူ အနုပညာလောကသားများရဲ့ ‌သောင်‌း‌သောင်‌းဖျဖျ လက်‌ခုပ်‌သြဘာသံများကို ဇာတ်‌ရုံတစ်‌ခုလုံး ဟီးထသွား‌စေ‌လောက်‌‌အောင်‌ လက်‌ခံရရှိသွား‌စေခဲ့ပါတယ်‌။ ဒါတင်‌မက ဒေါ်နယ်‌ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်‌၊ ‌ရွှေကမ္ဘာလုံးဆု‌ပေးပွဲ စင်‌မြင်‌့ထက်‌မှာလည်‌း ‌အော်‌စကာသုံးဆုရှင်‌ မင်‌းသမီကြီး Meryl Steep ရဲ့ ‌‌‌ဝေဖန်‌‌ပြောဆိုမှုကို ခံခဲ့ရဖူးပြီး အ‌မေရိကန်‌သမ္မတ ‌ဒေါ်နယ်‌ထရမ့်အ‌နေနဲ့ အနုပညာအများအပြားရဲ့ ‌ဝေဖန်‌‌ပြောဆိုမှုကို ယခုအချိန်‌အထိ ခံ‌နေရဆဲဖြစ်‌‌ကြောင်‌း သိရှိရပါတယ်‌။

By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

Comments

comments

You May Also Like