ကမ္ဘာ့လူနေအထူထပ်ဆုံး မြို့ကြီး ၁၀ မြို့ … | Myanmar News Agency
ကမ္ဘာ့လူနေအထူထပ်ဆုံး မြို့ကြီး ၁၀ မြို့ …
ဇူလိုင် ၁၃
By – KKS / MUNA
Ref; businessinsider
(Unicode)
ဇူလိုင် ၁၃
ကမ္ဘာမှာ လူဦးရေ ထူထပ် များပြားလာမှုနဲ့ အတူ မြို့တစ်မြို့ချင်းစီရဲ့ လူနေထိုင်မှုကလည်း နေ့စဉ်နဲ့ အမျှ ကြည့်မယ် ဆိုရင်တောင် သိသာလောက်အောင် တိုးတက်မြင့်မားလာတာ တွေ့ရပါတယ်။
ဒီလို လူနေထူထပ်လာတဲ့ မြို့တွေ အနေအထားမှာ ကမ္ဘာတလွှားက လူနေ ထူထပ်မှု အများဆုံး မြို့တွေ အကြောင်းကို ကျွန်တော်က နည်းနည်းလောက် ပြောပြချင်ပါတယ်။ အမေရိကန်က နယူးယောက်၊ တရုတ်က ဘေကျင်းနဲ့ ဂျပန်က တိုကျိုတွေကတော့ အရင်ကတည်းက လူနေမှု အရမ်းများတယ်လို့ အားလုံး သိထားတဲ့ မြို့ကြီးတွေ ဖြစ်မှာပါနော်။ တခြား ဘယ်မြို့ကြီးတွေမှာရော လူနေမှု အရမ်းများနေပါသလဲ။
(၁၀) New York-Newark – အမေရိကန်ရဲ့လူဦးရေ အထူထပ်ဆုံး နေရာ တစ်ခုပါ။ နယူးဂျာစီပြည်နယ်မှာ ရှိတယ်၊ နယူးယောက်တမြို့တည်းအဖြစ် လူသိများပေမယ့် တကယ်ကတော့ နယူးယောက်ရယ်၊ နယူးယောက်မြို့တော်ဆိုပြီး အပိုင်း(ခရိုင်)ခွဲတွေ ရှိပြီး ဒေသတွင်း လူဦးရေ ၁၈.၆သန်းလောက်ထိအောင် နေထိုင်နေတာ ဖြစ်ပါတယ်။
(၉) Al-Qahirah – ကိုင်ရို အဖြစ် လူသိများတဲ့ ဒီမြို့က အီဂျစ်အတွက်တော့ အကြီးဆုံး မြို့ကြီးပါ။ ရှေးဟောင်း မြို့တော်နုဲ့ ဆက်စပ်နေပြီး ကမ္ဘာလှည့်ခရီးသွားလည်း ဝင်ရောက်မှု များတဲ့ နေရာပါ။ Giza ပိရမစ် အများအပြား ရှိရာ အရပ်လည်း ဖြစ်ပါတယ်။ ခေတ်သစ် ဆေးရုံနဲ့ တက္ကသိုလ်တွေလည်း ရှိလို့ လူဦးရေ ထူထပ်လာတာ ဖြစ်ပြီး လက်ရှိ လူဦးရေ ၁၉.၁သန်းလောက် ရှိနေပါတယ်။
(၈) Kinki M.M.A (Osaka) – ဂျပန်နိုင်ငံရဲ့ အရေးပါတဲ့ မြို့တော်ဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၂၀.၃သန်းလောက် ထိအောင် နေထိုင်လျက် ရှိပေမယ့် လာမယ့် ၂၀၃၀ခုနှစ်မှာ လူဦးရေ လျှော့ချမှု ရှိနိုင်လို့ အဆိုပါ အချိန်မှာ လူဦးရေ ၁၉.၉သန်းလောက်ထိအောင် ရှိနေမယ့် မြို့ပါ။ အရင်နှစ်တွေကတည်းက လူဦးရေ တိုးတက်နှုန်း လျော့ချနေတာ ဖြစ်ပေမယ့် ပြည်ပကနေ အခြေချလာသူတွေကတော့ တိုးတက်နေဆဲ မြို့ဖြစ်ပါတယ်။
(၇) Ciudad de Mexico – မက္ကဆီကိုရဲ့ မြို့တော် ဖြစ်ပြီး မက္ကဆီကိုစီးတီး အဖြစ် လူသိများပါတယ်။ ရှေးခေတ် အဆောက်အဦတွေလည်း ရှိတယ်၊ ခေတ်သစ် စက်မှု မြို့တွေလည်း ရှိတယ်။ လက်တင်အမေရိက ဒေသရဲ့ အကြီးဆုံး ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေ ရှိရာမြို့လည်း ဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၂၁.၁သန်းလောက်ထိအောင် နေထိုင်နေတာပါ။
(၆) Beijing – တရုတ်ရဲ့ မြို့တော် ဘေကျင်းက လက်ရှိ လူဦးရေ ၂၁.၆သန်းလောက်ထိအောင် ရှိနေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း လူဦးရေ အထူထပ်ဆုံးနဲ့ တိုးပွားနှုန်း အများဆုံး မြို့ကြီး ၄ခုထဲက တစ်ခုပါ။ ၂၀၃၀ခုနှစ်မှာ ဆိုရင် လူဦးရေ ၂၇.၇သန်းလောက်ထိအောင် နေထိုင်လာဖို့ ရှိနေတာပါ။
(၅) Sao Paulo – ဘရာဇီးရဲ့ မြို့တော်က ကမ္ဘာလှည်တွေရော နယ်ခံတွေပါ ပေါင်းရင် လူဦးရေ ၂၂သန်းနီးပါးလောက်ထိအောင် ရှိနေပြီး နိုင်ငံရဲ့ တောင်ပိုင်းဒေသအတွက်တော့ လူဦးရေ အများဆုံး မြို့လည်း ဖြစ်ပါတယ်။ ခေတ်သစ် လုပ်သားအများအပြား ခြေချလာမှုနဲ့ အတူ ဆာအိုပေါ်လိုမြို့က လူဦးရေ တိုးတက်နှုန်းများလာသလို နိုင်ငံခြား ခရီးသွားတွေပါ ဝင်နှုန်း များလာတာ ဖြစ်ပါတယ်။
(၄) Mumbai – အိနိ္ဒယနိုင်ငံက မွမ်ဘိုင်းမှာ လူဦးရေ ၂၁.၃သန်းလောက်ထိအောင် နေထိုင်လျက်ရှိတယ်လို့ စာရင်းတွေ အရ သိရပါတယ်။ မြို့ရဲ့ သယ်ယူပို့ဆောင်ရေး ဓါတ်ပုံတွေကို မြင်ရုံနဲ့ မြို့ရဲ့ လူဦးရေ များပြားမှုကို တွေ့နိုင်ပါတယ်။ ထူးခြားချက်က မွမ်ဘိုင်း အနေနဲ့ အိနိ္ဒယမှာ အချမ်းသာဆုံး မြို့ကြီး ဖြစ်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၂၈၀ဖိုးလောက် တန်ဖိုးရှိတဲ့ မြို့ဖြစ်ပါတယ်။
(၃) Shanghai – တရုတ်နိုင်ငံမှာတော့ လူဦးရေ အများဆုံး နေထိုင်နေတဲ့ မြို့ပါ။ လူဦးရေ ၂၄.၄သန်းကျော်လောက်ထိအောင် နေထိုင်နေပါတယ်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ အတူ နိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့ကြီး ဖြစ်လာသလို ကမ္ဘာမှာအကြီးဆုံး ဆိပ်ကမ်းမြို့တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
(၂) Delhi – အိနိ္ဒယရဲ့ မြို့တော် ဒေလီက နိုင်ငံရဲ့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ လူဦးရေ ၂၆.၄သန်းလောက်ထိအောင် နေထိုင်လျက်ရှိပါတယ်။ ကမ္ဘာမှာတော့ မြို့နေ လူဦးရေ ဒုတိယမြောက် အထူထပ်ဆုံး မြို့လည်း ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း လူဦးရေက ထိန်းချုပ်မှု မရှိလို့ ထပ်များလာဖိ့ု ရှိနေတာပါ။ ၂၀၃၀မှာတော့ နောက်ထပ် လူဦးရေ ၁၀သန်းလောက် ထပ်တိုးလာဖို့တောင် ရှိနေတာပါ။
(၁) Tokyo – ဂျပန်ရဲ့ မြို့တော် တိုကျိုက လက်ရှိ ကမ္ဘာမှာ လူဦးရေ အများဆုံး ရှိရာ မြို့ကြီးပါ။ လူဦးရေ ၃၈.၁သန်းလောက်ထိအောင် နေထိုင်လျက် ရှိပါတယ်။ လူဦးရေ တိုးပွားနှုန်းတွေ အရ လာမယ့် ၂၀၃၀ထိအောင်လည်း ကမ္ဘာမှာ လူဦးရေ အများဆုံး ရှိရာ မြို့အဖြစ် ဆက်လက်ရပ်တည်နေမယ်လို့ UNက ခန့်မှန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်မှာတော့ လူဦးရေ အနည်းငယ် လျော့လာနိုင်ပြီး ၃၇.၁ငသန်းလောက် နေထိုင်လာမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
By – KKS / MUNA
Ref; businessinsider
Comments
comments
You May Also Like