ထမ့္လြန္ဂူအတြင္း ပိတ္မိပံုႏွင့္ နည္းျပကူညီခဲ႔မႈအျဖစ္အပ်က္မ်ား အငယ္ဆံုးကေလးကိုေမးျမန္း၍ ဖခင္ျဖစ္သူျပန္ေျပာျပခဲ႔ | Myanmar News Agency

ထမ့္လြန္ဂူအတြင္း ပိတ္မိပံုႏွင့္ နည္းျပကူညီခဲ႔မႈအျဖစ္အပ်က္မ်ား အငယ္ဆံုးကေလးကိုေမးျမန္း၍ ဖခင္ျဖစ္သူျပန္ေျပာျပခဲ႔

မယ္ဆုိင္ ဇူလုိင္ (၁၄)

ၿပီးခဲ႔သည့္ ဇြန္လ ၂၃ရက္ေန႔က ထမ့္လြန္ဂူအတြင္း တစ္နာရီသာေနမည္ဟု ရည္ရြယ္၍ ကေလး ၁၂ ေယာက္ႏွင့္ နည္းျပတုိ႔ ဂူထဲသုိ႔ ဝင္ေရာက္ခဲ႔ၾကသည္ဟု ကယ္ဆယ္ခဲ႔သည့္ ကေလးမ်ားက မိသားစုမ်ားကုိ ေျပာၾကားခဲ႔သည္။ သုိ႔ရာတြင္ လ်င္ျမန္စြာ ေရမ်ားတဟုန္ထုိး စီးဆင္းလာမႈေၾကာင့္ ဂူအတြင္းပုိင္းအထိ ေရွာင္ေျပးခဲ႔ရသည္ဟု ကေလးမ်ားက ေျပာျပခဲ႔သည္။

CBS သတင္း႒ာနက အငယ္ဆုံးကေလး၏ ဖခင္ကုိ ေတြ႔ဆုံေမးျမန္းခဲ႔ရာ ကေလးမ်ားႏွင့္အတူလုိက္ပါခဲ႔ေသာ လက္ေထာက္နည္းျပေအ့က္က ကေလးမ်ားအတြက္ ထြက္ေပါက္လမ္းရွာေဖြရန္ ေရကူး၍ ႀကိဳးစားရွာေဖြခဲ႔ေသာ္လည္း ေရမွာအလြန္နက္ျပီး ေရစီးသန္ေန၍ လြတ္ေျမာက္မည့္ ဘက္ကုိသာ ေရွာင္ေျပးခဲ႕ရာ ဂူအတြင္းပုိင္းသုိ႔ ေရာက္သြားသည္ဟု ေျပာၾကားခဲ႔သည္။

ဂူထဲပိတ္မိေနသူမ်ားအနက္ အငယ္ဆုံးကေလး တုိင္တန္၏ ဖခင္ တာနာဝတ္ေျပာျပခ်က္အရ ကေလးမ်ား၏ ဂူအတြင္း ပထမဆုံးသုံးရက္မွာ အခက္ခဲဆုံး ျဖစ္ခဲ႔သည္ဟု ဆုိသည္။ ကေလးမ်ားအဖြဲ႔မွာ ဆာေလာင္၍ အေအးဒဏ္ေၾကာင့္ ခ်မ္းေနခဲ႔ျပီး ကေလးမ်ားအိပ္မေပ်ာ္ၾကပဲ တုိင္တန္မွာမူ မိခင္ဖခင္တုိ႔ကုိ လြမ္းဆြတ္၍ ငုိေနခဲ႔သည္။

“နည္းျပေလးရဲ႕ လုပ္ေဆာင္ခ်က္ေတြက ထိထိမိမိရွိတယ္။ သူသာ ပါမသြားရင္ ကေလးေတြ ဘယ္လုိရွင္သန္လြတ္ေျမာက္လာနုိင္ပါ့မလဲမသိဘူး။ နည္းျပေအ့က္က ကေလးေတြကုိဖက္ျပီး ေခ်ာ့တယ္။ စိတ္ဓာတ္ခုိင္မာေအာင္ အားေပးတယ္။ သားေလးတုိင္တန္ဂူအျပင္ေရာက္လာေတာ့ ေကာင္းေကာင္းမြန္မြန္ပါပဲ။ နည္းျပဘယ္မွာလဲ။ ဘာလုပ္ေနတာလဲလုိ႔ ေမးပါတယ္” ဟု တာနာဝတ္က ေျပာၾကားခဲ႔သည္။

ထုိင္းက်န္းမာေရးအရာရွိမ်ားက ကေလးမ်ားအားလုံး
စိတ္ပုိင္းဆုိင္ရာ ရုပ္ပုိင္းဆုိင္ရာ က်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း ေျပာၾကားသည္။

လန္ဒန္သုိ႔ ျပန္လည္ေရာက္ရွိလာသည့္ ထမ့္လြန္ဂူ ကယ္ဆယ္ေရးမစ္ရွင္တြင္ ပါဝင္ခဲ႔သည့္ ေရငုပ္သမားမ်ားက သူတုိ႔တသက္တာ ယခုကဲ႔သုိ႔ အေျခအေနကုိ တစ္ခါမွ မႀကံဳေတြ႔ဖူးေၾကာင္း ”အဲဒီမွာ ပရမ္းပတာေတြ အမ်ားႀကီးျဖစ္ခဲ႔ရတယ္။ ဟာကြက္မရွိေအာင္ အလုပ္ေတြ အဆင့္ဆင့္လုပ္ခဲ႔ရတယ္။ ေအာင္ျမင္သည္အထိ လက္ ေတြ႔က်က် လုပ္ခဲ႔ရတာ” ဟု ေျပာၾကားသည္။

အငယ္ဆုံးကေလး တုိင္တန္၏ ဖခင္ တာနာဝတ္က
“က်ေနာ္ နည္းျပကုိ အရမ္းေက်းဇူးတင္ပါတယ္။ ျပီးေတာ့ ထုိင္းျပည္သူေတြ အားလုံးနဲ႔တကြ ခ်စ္ခင္မႈျဖင့္ ေထာက္ပံ႔ကူညီေပးသူတုိင္းကုိ ေက်းဇူးတင္ပါတယ္” ဟု ေျပာၾကားခဲ႔သည္။

By – KSM / MUNA
Ref ; CBS News

(Unicode)

မယ်ဆိုင် ဇူလိုင် (၁၄)

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ထမ့်လွန်ဂူအတွင်း တစ်နာရီသာနေမည်ဟု ရည်ရွယ်၍ ကလေး ၁၂ ယောက်နှင့် နည်းပြတို့ ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်ဟု ကယ်ဆယ်ခဲ့သည့် ကလေးများက မိသားစုများကို ပြောကြားခဲ့သည်။ သို့ရာတွင် လျင်မြန်စွာ ရေများတဟုန်ထိုး စီးဆင်းလာမှုကြောင့် ဂူအတွင်းပိုင်းအထိ ရှောင်ပြေးခဲ့ရသည်ဟု ကလေးများက ပြောပြခဲ့သည်။

CBS သတင်းဋ္ဌာနက အငယ်ဆုံးကလေး၏ ဖခင်ကို တွေ့ဆုံမေးမြန်းခဲ့ရာ ကလေးများနှင့်အတူလိုက်ပါခဲ့သော လက်ထောက်နည်းပြအေ့က်က ကလေးများအတွက် ထွက်ပေါက်လမ်းရှာဖွေရန် ရေကူး၍ ကြိုးစားရှာဖွေခဲ့သော်လည်း ရေမှာအလွန်နက်ပြီး ရေစီးသန်နေ၍ လွတ်မြောက်မည့် ဘက်ကိုသာ ရှောင်ပြေးခဲ့ရာ ဂူအတွင်းပိုင်းသို့ ရောက်သွားသည်ဟု ပြောကြားခဲ့သည်။

ဂူထဲပိတ်မိနေသူများအနက် အငယ်ဆုံးကလေး တိုင်တန်၏ ဖခင် တာနာဝတ်ပြောပြချက်အရ ကလေးများ၏ ဂူအတွင်း ပထမဆုံးသုံးရက်မှာ အခက်ခဲဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။ ကလေးများအဖွဲ့မှာ ဆာလောင်၍ အအေးဒဏ်ကြောင့် ချမ်းနေခဲ့ပြီး ကလေးများအိပ်မပျော်ကြပဲ တိုင်တန်မှာမူ မိခင်ဖခင်တို့ကို လွမ်းဆွတ်၍ ငိုနေခဲ့သည်။

“နည်းပြလေးရဲ့ လုပ်ဆောင်ချက်တွေက ထိထိမိမိရှိတယ်။ သူသာ ပါမသွားရင် ကလေးတွေ ဘယ်လိုရှင်သန်လွတ်မြောက်လာနိုင်ပါ့မလဲမသိဘူး။ နည်းပြအေ့က်က ကလေးတွေကိုဖက်ပြီး ချော့တယ်။ စိတ်ဓာတ်ခိုင်မာအောင် အားပေးတယ်။ သားလေးတိုင်တန်ဂူအပြင်ရောက်လာတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ နည်းပြဘယ်မှာလဲ။ ဘာလုပ်နေတာလဲလို့ မေးပါတယ်” ဟု တာနာဝတ်က ပြောကြားခဲ့သည်။

ထိုင်းကျန်းမာရေးအရာရှိများက ကလေးများအားလုံး
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပြောကြားသည်။

လန်ဒန်သို့ ပြန်လည်ရောက်ရှိလာသည့် ထမ့်လွန်ဂူ ကယ်ဆယ်ရေးမစ်ရှင်တွင် ပါဝင်ခဲ့သည့် ရေငုပ်သမားများက သူတို့တသက်တာ ယခုကဲ့သို့ အခြေအနေကို တစ်ခါမှ မကြုံတွေ့ဖူးကြောင်း ”အဲဒီမှာ ပရမ်းပတာတွေ အများကြီးဖြစ်ခဲ့ရတယ်။ ဟာကွက်မရှိအောင် အလုပ်တွေ အဆင့်ဆင့်လုပ်ခဲ့ရတယ်။ အောင်မြင်သည်အထိ လက် တွေ့ကျကျ လုပ်ခဲ့ရတာ” ဟု ပြောကြားသည်။

အငယ်ဆုံးကလေး တိုင်တန်၏ ဖခင် တာနာဝတ်က
“ကျနော် နည်းပြကို အရမ်းကျေးဇူးတင်ပါတယ်။ ပြီးတော့ ထိုင်းပြည်သူတွေ အားလုံးနဲ့တကွ ချစ်ခင်မှုဖြင့် ထောက်ပံ့ကူညီပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

By – KSM / MUNA
Ref ; CBS News

Comments

comments

You May Also Like