ယူကရိန္းတြင္ (၈)လသမီးကုိ မေတာ္မတရားျပဳက်င့္၍ ဓာတ္ပုံရုိက္၊ ညစ္ညမ္းဝဘ္ဆုိဒ္မ်ားထံ ျပန္ေရာင္းသူ ဖခင္ကုိ ရဲတပ္ဖြဲ႔ဖမ္းဆီး | Myanmar News Agency

ယူကရိန္းတြင္ (၈)လသမီးကုိ မေတာ္မတရားျပဳက်င့္၍ ဓာတ္ပုံရုိက္၊ ညစ္ညမ္းဝဘ္ဆုိဒ္မ်ားထံ ျပန္ေရာင္းသူ ဖခင္ကုိ ရဲတပ္ဖြဲ႔ဖမ္းဆီး

ကိယက္ဗ္၊ ဇူလုိင္ (၁၄)

ယူကရိန္းႏိုင္ငံေျမာက္ပုိင္း ဘာဒီေခ်႕ဗ္ျမိဳ႕မွ အသက္ (၂၇) ႏွစ္အရြယ္ဖခင္တစ္ဦးက (၈)လအရြယ္သမီးကုိ မေတာ္မတရားျပဳက်င့္ျပီး ဓာတ္ပုံမ်ားရုိက္ကူး၍ ၾသစေတးလ် ညစ္ညမ္းဝဘ္ဆုိဒ္မ်ားကုိ ေရာင္းခ်ေနခဲ႔သည္ဟု စြပ္စြဲခ်က္ျဖင့္ အဆုိပါအမ်ဳိးသားကုိ ရဲတပ္ဖြဲ႔က ေဖာ္ထုတ္ဖမ္းဆီးခဲ႔သည္။

အစပုိင္းတြင္ ညစ္ညမ္းဝဘ္ဆုိက္မ်ားထံ ပုံမ်ားေရာင္းခ် ေပးသူ မည္သူျဖစ္သည္ကုိ မေဖာ္ထုတ္ႏိုင္ခဲ႔ေပ။

ူယူကရိန္းရဲတပ္ဖြဲ႔၏ အဆုိအရ အဆုိပါညစ္ညမ္းစြာျပဳမူခဲ႔သည့္ အမ်ဳိးသားမွာ သမီးငယ္ေလးကုိ ျပဳက်င့္ေနစဥ္ သူ၏ ဖုန္းျဖင့္ ဓာတ္ပုံမ်ား ရုိက္ယူထားသည္။ မနက္အေစာပုိင္း မိသားစုမ်ား အိပ္ေနစဥ္ ရဲတပ္ဖြဲ႔က စြပ္စြဲခံရသူေနအိမ္ကုိ ဝင္ေရာက္စီးနင္း ဖမ္းဆီးခဲ႔ျပီး သူရုိက္ယူထားေသာ ဓာတ္ပုံမ်ားကုိ အြန္လုိင္းမွတဆင့္ ရဲတပ္ဖြဲ႔ က ထုတ္ျပန္ခဲ႔သည္။

ပထမဓာတ္ပုံတြင္ ယင္းအမ်ဳ္ိးသားမွ ေအာက္ခံေဘာင္းဘ္ီသာ ဝတ္ထားသည္ကုိ ေတြ႔ရျပီး ေနာက္တစ္ပုံတြင္ အမ်ဳိးသမီးတစ္ဦးႏွင့္ ကေလးငယ္တုိ႔ပုံ ျဖစ္သည္။

ယူကရိန္း အမ်ိဳးသားဆုိက္ဘာရဲတပ္ဖြဲ႔ ဒုတိယအႀကီးအကဲ ဗီတာေလ ခ်ဳဗဲစကီးက “အမ်ဳိးသားက ကေလးမိခင္ အေဝးမွာ ရွိတဲ႔အခါ ဒါမွမဟုတ္ အလုပ္သြားတဲ႔အခါ သူ႔သမီးေလးကုိ မုဒိမ္းက်င့္ခဲ႔ပါတယ္” ဟု ေျပာၾကားသည္။

မိခင္ျဖစ္သူမွာ သမီးငယ္ႏွင့္ဖခင္ မည္သုိ႔ျဖစ္ပ်က္ခဲ႔သည္ကုိ ရဲတပ္ဖြဲ႔ဖမ္းဆီးသည့္အခါမွသာ သိရွိခဲ႔ျပီး သူ႔ခင္ပြန္းျပဳမူခဲ႔သည္မ်ားကုိ ထိတ္လန္႔တုန္လႈပ္ေနသည္။ အဆုိပါအမႈအတြက္ ကေလးမိခင္ကုိ အေရးအႀကီးဆုံးသက္ေသအျဖစ္ သတ္မွတ္ထားသည္။

အဆုိပါအမ်ဳိးသားမွာ စစ္သားေဟာင္းတစ္ဦးျဖစ္ျပီး ၂၀
၁၄ ခုႏွစ္က အေရွ႕ယူကရိန္းတြင္ ရခဲ႔ေသာ ဒဏ္ရာေၾကာင့္ အလုပ္ေကာင္းစြာ မလုပ္ႏုိင္သူျဖစ္သည္။ ရဲတပ္ဖြဲ႔ေျပာခြင့္ရသူက “ဒီအမ်ဳိးသားရဲ႕ ဖုန္းထဲမွာ သက္ေသ ေတြ အျပည့္အစုံရွိတယ္။ ဒိီဖုန္းကုိ ကေလးရဲ႕အခန္းထဲက အရုပ္ေတြၾကား ဖြက္ထားတာကုိ ရွာေတြ႔ခဲ႔ပါတယ္” ဟု ေျပာၾကားသည္။

ၾသစေတးလ်နွင့္ ရုရွားညစ္ညမ္းဝဘ္ဆုိက္မ်ားတြင္ ေဖာ္ျပပါဓာတ္ပုံမ်ား ပ်ံ႕နွံ႔ေနသည္ကုိ ၾသစေတးလ်ဆုိက္ဘာရဲတပ္ဖြဲ႔က သတိျပဳမိခဲ႔ျပီးေနာက္ ယူကရိန္းရဲတပ္ဖြဲ႔သုိ႔ ဆက္သြယ္အေၾကာင္းၾကားခဲ႔ရာမွ သက္ဆုိင္သူကုိ ယခုကဲ႔သုိ႔ ဖမ္းမိခဲ႔ျခင္းျဖစ္သည္။

ယူကရိန္းရဲတပ္ဖြဲ႔က အဆုိပါအမႈတြင္ စြပ္စြဲခံရသူ၏ ဖုန္းႏွင့္အတူ ကြန္ျပဴတာကုိ သိမ္းဆည္းခဲ႔ျပီး စစ္ေဆးေဖာ္ထုတ္ရန္ သက္ဆုိင္ရာ႒ာနသုိ႔ ပုိ႔ေဆာင္ခဲ႔သည္။ အြန္လုိင္းမွတ္ခ်က္ေပးသူမ်ားက ယင္းျဖစ္ရပ္အေပၚ အျပင္းအထန္ ေဝဖန္တုံ႔ျပန္ထားသည္။

ရဲတပ္ဖြဲ႔မွ ဖမ္းဆီးထားသူ ဖခင္မွာ သမီးကုိ မုဒိမ္းက်င့္သည္ဟု ျပစ္မႈထင္ရွားပါက ယူကရိန္းဥပေဒအရ ေထာင္ဒဏ္ (၁၅)ႏွစ္အထိ က်ခံရႏိုင္သည္။

By – KSM / MUNA
Ref ; Britishan UK

(Unicode)

ကိယက်ဗ်၊ ဇူလိုင် (၁၄)

ယူကရိန်းနိုင်ငံမြောက်ပိုင်း ဘာဒီချေ့ဗ်မြို့မှ အသက် (၂၇) နှစ်အရွယ်ဖခင်တစ်ဦးက (၈)လအရွယ်သမီးကို မတော်မတရားပြုကျင့်ပြီး ဓာတ်ပုံများရိုက်ကူး၍ သြစတေးလျ ညစ်ညမ်းဝဘ်ဆိုဒ်များကို ရောင်းချနေခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

အစပိုင်းတွင် ညစ်ညမ်းဝဘ်ဆိုက်များထံ ပုံများရောင်းချ ပေးသူ မည်သူဖြစ်သည်ကို မဖော်ထုတ်နိုင်ခဲ့ပေ။

ူယူကရိန်းရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါညစ်ညမ်းစွာပြုမူခဲ့သည့် အမျိုးသားမှာ သမီးငယ်လေးကို ပြုကျင့်နေစဉ် သူ၏ ဖုန်းဖြင့် ဓာတ်ပုံများ ရိုက်ယူထားသည်။ မနက်အစောပိုင်း မိသားစုများ အိပ်နေစဉ် ရဲတပ်ဖွဲ့က စွပ်စွဲခံရသူနေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး သူရိုက်ယူထားသော ဓာတ်ပုံများကို အွန်လိုင်းမှတဆင့် ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ပထမဓာတ်ပုံတွင် ယင်းအမျိုးသားမှ အောက်ခံဘောင်းဘ်ီသာ ဝတ်ထားသည်ကို တွေ့ရပြီး နောက်တစ်ပုံတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တို့ပုံ ဖြစ်သည်။

ယူကရိန်း အမျိုးသားဆိုက်ဘာရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဗီတာလေ ချုဗဲစကီးက “အမျိုးသားက ကလေးမိခင် အဝေးမှာ ရှိတဲ့အခါ ဒါမှမဟုတ် အလုပ်သွားတဲ့အခါ သူ့သမီးလေးကို မုဒိမ်းကျင့်ခဲ့ပါတယ်” ဟု ပြောကြားသည်။

မိခင်ဖြစ်သူမှာ သမီးငယ်နှင့်ဖခင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ရဲတပ်ဖွဲ့ဖမ်းဆီးသည့်အခါမှသာ သိရှိခဲ့ပြီး သူ့ခင်ပွန်းပြုမူခဲ့သည်များကို ထိတ်လန့်တုန်လှုပ်နေသည်။ အဆိုပါအမှုအတွက် ကလေးမိခင်ကို အရေးအကြီးဆုံးသက်သေအဖြစ် သတ်မှတ်ထားသည်။

အဆိုပါအမျိုးသားမှာ စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ၂၀
၁၄ ခုနှစ်က အရှေ့ယူကရိန်းတွင် ရခဲ့သော ဒဏ်ရာကြောင့် အလုပ်ကောင်းစွာ မလုပ်နိုင်သူဖြစ်သည်။ ရဲတပ်ဖွဲ့ပြောခွင့်ရသူက “ဒီအမျိုးသားရဲ့ ဖုန်းထဲမှာ သက်သေ တွေ အပြည့်အစုံရှိတယ်။ ဒီဖုန်းကို ကလေးရဲ့အခန်းထဲက အရုပ်တွေကြား ဖွက်ထားတာကို ရှာတွေ့ခဲ့ပါတယ်” ဟု ပြောကြားသည်။

သြစတေးလျနှင့် ရုရှားညစ်ညမ်းဝဘ်ဆိုက်များတွင် ဖော်ပြပါဓာတ်ပုံများ ပျံ့နှံ့နေသည်ကို သြစတေးလျဆိုက်ဘာရဲတပ်ဖွဲ့က သတိပြုမိခဲ့ပြီးနောက် ယူကရိန်းရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ရာမှ သက်ဆိုင်သူကို ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယူကရိန်းရဲတပ်ဖွဲ့က အဆိုပါအမှုတွင် စွပ်စွဲခံရသူ၏ ဖုန်းနှင့်အတူ ကွန်ပြူတာကို သိမ်းဆည်းခဲ့ပြီး စစ်ဆေးဖော်ထုတ်ရန် သက်ဆိုင်ရာဋ္ဌာနသို့ ပို့ဆောင်ခဲ့သည်။ အွန်လိုင်းမှတ်ချက်ပေးသူများက ယင်းဖြစ်ရပ်အပေါ် အပြင်းအထန် ဝေဖန်တုံ့ပြန်ထားသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူ ဖခင်မှာ သမီးကို မုဒိမ်းကျင့်သည်ဟု ပြစ်မှုထင်ရှားပါက ယူကရိန်းဥပဒေအရ ထောင်ဒဏ် (၁၅)နှစ်အထိ ကျခံရနိုင်သည်။

By – KSM / MUNA
Ref ; Britishan UK

Comments

comments

You May Also Like