ရခုိင္ျပည္နယ္သုိ႔ ကုလက်ြမ္းက်င္သူမ်ား ေစလႊတ္ရန္ျပင္ဆင္ေနဟု ကုလအရာရွိေျပာ | Myanmar News Agency

ရခုိင္ျပည္နယ္သုိ႔ ကုလက်ြမ္းက်င္သူမ်ား ေစလႊတ္ရန္ျပင္ဆင္ေနဟု ကုလအရာရွိေျပာ

ရန္ကုန္၊ ဇူလုိင္ (၁၃)

ရခုိင္ျပည္နယ္မွ ေနရပ္စြန္႔ခြာ ထြက္ေျပးသြားသူ မြတ္စလင္မ်ား ေနရပ္ျပန္ေရးအတြက္ လုပ္ငန္းမ်ားစတင္ေရး ရခုိင္ျပည္နယ္သုိ႔ က်ြမ္းက်င္သူပညာရွင္အဖြဲ႔မ်ားေစလႊတ္ရန္ ကုလသမဂၢက ျပင္ဆင္ေနေၾကာင္း ကုလသမဂၢဖြံ႔ျဖိဳးေရးေအဂ်င္စီ အႀကီးအကဲက ၾကာသပေတးေန႔က ေျပာၾကားခဲ႔သည္ဟု ရုိက္တာသတင္းတြင္ ေရးသားေဖာ္ျပသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ေနေနၾကေသာ ဒုကၡသည္မ်ား ၎တုိ႔ဆႏၵအရ လုံျခံဳေဘးကင္းစြာ ေနရပ္ျပန္ေရး ခြင့္ျပဳရန္ ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္ေသာ ျမန္မာအစုိးအရႏွင့္ ကုလေအဂ်င္စီမ်ားၾကား ေမလကုန္ပုိင္းတြင္ သေဘာတူညီထားသည္ဟု အဆုိပါသတင္းတြင္ ဆက္လက္ေရးသားသည္။

၂၀၁၇ ၾသဂုတ္လမွစ၍ ပထမဆုံးအႀကိမ္အျဖစ္ ျမန္မာ တာဝန္ရွိသူမ်ားက ကုလအရာရွိမ်ားကုိ ရခုိင္ျပည္နယ္ေျမာက္ပုိင္းသုိ႔ လြတ္လပ္စြာ သြားလာခြင့္ျပဳထားသည္ဟု UNDP အာရွပစိဖိတ္ဆုိင္ရာ ဒါရုိက္တာ Haoliang Xu က ေျပာၾကားသည္။

သုိ႔ရာတြင္ သင့္ေလ်ွာ္ေသာ အေထာက္အကူေပးမႈမ်ား မစတင္မွီ အစဦးပုိင္းလုပ္ငန္းခြင္ အစီအစဥ္မ်ား ျမန္မာအစုိးရႏွင့္ ေပါင္းစပ္ညွိႏႈိင္းရန္ လုိအပ္ေနေသးေၾကာင္း “က်ေနာ္တုိ႔ အထူးအေရးေပၚအဆင့္သတ္မွတ္ျပီး လုပ္ေဆာင္ေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ တခ်ိန္တည္းမွာပဲ က်ေနာ္တု္ိ႔ အဖြဲ႔ေတြ ေစလႊတ္ဖုိ႔ ျပင္ဆင္ေနပါတယ္” ဟု Xu က ရုိက္တာသုိ႔ ေျပာၾကားသည္။

အဆုိပါအဖ႔ြဲမ်ားက ရခုိင္ေျမာက္ပုိင္းတြင္ က်န္ေနေသးေသာ မြတ္စလင္မ်ားႏွင့္ ေဒသခံတုိင္းရင္းသား ၂၀၀၀၀၀ ေက်ာ္ခန္႔အတြက္ လုိအပ္ခ်က္မ်ား ကူညီေထာက္ပံ႔ေပးမည္ဟု Xu က ေျပာၾကားခဲ႔သည္ကုိ ရုိက္တာမွ ဆက္လက္ေရးသားထားသည္။

ျမန္မာအစုိးရေျပာခြင့္ရသူ ဦးေဇာ္ေ႒းက အထက္ပါကိစၥအတြက္ မွတ္ခ်က္ျပဳခဲ႔ျခင္း မရွိေပ။

Xu က “လက္ရွိအဲဒီေဒသမွာ က်န္ေနေသးတဲ႔ လူေတြအတြက္ အက်ဳိးျပဳမယ့္ ပေရာဂ်က္ေတြ ျမန္ျမန္လုပ္ေဆာင္ေပးျပီးေတာ့ ျပန္လာမဲ႔သူေတြအတြက္ အေျခအေနေတြ ဖန္တီးေပးဖုိ႔ စီစဥ္ထားတယ္။ ဒီေနရာမွာ အလုပ္လုပ္ဖုိ႔ ေငြေၾကးကူညီေပးတာေတြ အေသးစား အေျခခံအေဆာက္အဦးေတြ တုိးတက္လာေအာင္ လုပ္ေပးတာ ဒါမွမဟုတ္ စုိက္ပ်ဳိးေရးအစီအစဥ္ေတြမွာ ကူညီပံ႔ပုိးတာ ေတြ လုပ္ေပးမယ္” ဟု ရုိက္တာသုိ႔ ေျပာၾကားခ႔ဲသည္။

ကုလႏွင့္ျမန္မာအစုိးရၾကား သေဘာတူညီခ်က္ကုိ ထုတ္ျပန္ျခင္းမရွိေသာ္လည္း သေဘာတူညီမႈ မူၾကမ္းမွာ ယမန္လအတြင္းက အြန္လုိင္းတြင္ ေပါက္ၾကားခဲ႔ရာ ရုိက္တာသတင္း႒ာနမွလည္း ဖတ္ရႈခဲ႔ရသည္။

ျမန္မာျပည္တြင္ ရခုိင္ျပည္နယ္မွ မြတ္စလင္မ်ားကုုိ ခုိးဝင္လာသူမ်ားဟု ရႈျမင္ထားၾကရာ Xi က အဆုိပါျပသနာမ်ားအတြက္ အဆင့္ဆင့္ ေျခလွမ္းမ်ား လုပ္ေဆာင္ရန္လုိအပ္ေၾကာင္း ႏိုင္ငံသားျဖစ္မႈဆုိင္ရာ ကိစၥရပ္မ်ားအတြက္ ျမန္မာအစုိးရက ကုိင္တြယ္ေျဖရွင္းရန္ အားထုတ္လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ႔သည္ဟု ရုိက္တာသတင္းတြင္ ေရးသားေဖာ္ျပသည္။

Translated By – KSM / MUNA
Ref ; Reuters
U.N. readies to send experts to Myanmar’s Rakhine after Rohingya return deal – official
မူရင္း Link >>>
https://uk.mobile.reuters.com/article/amp/idUKKBN1K22QW

(Unicode)

ရန်ကုန်၊ ဇူလိုင် (၁၃)

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူ မွတ်စလင်များ နေရပ်ပြန်ရေးအတွက် လုပ်ငန်းများစတင်ရေး ရခိုင်ပြည်နယ်သို့ ကျွမ်းကျင်သူပညာရှင်အဖွဲ့များစေလွှတ်ရန် ကုလသမဂ္ဂက ပြင်ဆင်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ အကြီးအကဲက ကြာသပတေးနေ့က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ရေးသားဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေနေကြသော ဒုက္ခသည်များ ၎င်းတို့ဆန္ဒအရ လုံခြုံဘေးကင်းစွာ နေရပ်ပြန်ရေး ခွင့်ပြုရန် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော မြန်မာအစိုးအရနှင့် ကုလအေဂျင်စီများကြား မေလကုန်ပိုင်းတွင် သဘောတူညီထားသည်ဟု အဆိုပါသတင်းတွင် ဆက်လက်ရေးသားသည်။

၂၀၁၇ သြဂုတ်လမှစ၍ ပထမဆုံးအကြိမ်အဖြစ် မြန်မာ တာဝန်ရှိသူများက ကုလအရာရှိများကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လွတ်လပ်စွာ သွားလာခွင့်ပြုထားသည်ဟု UNDP အာရှပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ Haoliang Xu က ပြောကြားသည်။

သို့ရာတွင် သင့်လျှော်သော အထောက်အကူပေးမှုများ မစတင်မှီ အစဦးပိုင်းလုပ်ငန်းခွင် အစီအစဉ်များ မြန်မာအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း “ကျနော်တို့ အထူးအရေးပေါ်အဆင့်သတ်မှတ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အဖွဲ့တွေ စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်” ဟု Xu က ရိုက်တာသို့ ပြောကြားသည်။

အဆိုပါအဖ့ွဲများက ရခိုင်မြောက်ပိုင်းတွင် ကျန်နေသေးသော မွတ်စလင်များနှင့် ဒေသခံတိုင်းရင်းသား ၂၀၀၀၀၀ ကျော်ခန့်အတွက် လိုအပ်ချက်များ ကူညီထောက်ပံ့ပေးမည်ဟု Xu က ပြောကြားခဲ့သည်ကို ရိုက်တာမှ ဆက်လက်ရေးသားထားသည်။

မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ေဋ္ဌးက အထက်ပါကိစ္စအတွက် မှတ်ချက်ပြုခဲ့ခြင်း မရှိပေ။

Xu က “လက်ရှိအဲဒီဒေသမှာ ကျန်နေသေးတဲ့ လူတွေအတွက် အကျိုးပြုမယ့် ပရောဂျက်တွေ မြန်မြန်လုပ်ဆောင်ပေးပြီးတော့ ပြန်လာမဲ့သူတွေအတွက် အခြေအနေတွေ ဖန်တီးပေးဖို့ စီစဉ်ထားတယ်။ ဒီနေရာမှာ အလုပ်လုပ်ဖို့ ငွေကြေးကူညီပေးတာတွေ အသေးစား အခြေခံအဆောက်အဦးတွေ တိုးတက်လာအောင် လုပ်ပေးတာ ဒါမှမဟုတ် စိုက်ပျိုးရေးအစီအစဉ်တွေမှာ ကူညီပံ့ပိုးတာ တွေ လုပ်ပေးမယ်” ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။

ကုလနှင့်မြန်မာအစိုးရကြား သဘောတူညီချက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း သဘောတူညီမှု မူကြမ်းမှာ ယမန်လအတွင်းက အွန်လိုင်းတွင် ပေါက်ကြားခဲ့ရာ ရိုက်တာသတင်းဋ္ဌာနမှလည်း ဖတ်ရှုခဲ့ရသည်။

မြန်မာပြည်တွင် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို ခိုးဝင်လာသူများဟု ရှုမြင်ထားကြရာ Xi က အဆိုပါပြသနာများအတွက် အဆင့်ဆင့် ခြေလှမ်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းရန် အားထုတ်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ရေးသားဖော်ပြသည်။

Translated By – KSM / MUNA
Ref ; Reuters
U.N. readies to send experts to Myanmar’s Rakhine after Rohingya return deal – official
မူရင်း Link >>>
https://uk.mobile.reuters.com/article/amp/idUKKBN1K22QW

Comments

comments

You May Also Like