လန္ဒန္တြင္ ေဒၚနယ္ထရမ့္ကို လူေပါင္းေသာင္းခ်ီ ဆႏၵျပ | Myanmar News Agency

လန္ဒန္တြင္ ေဒၚနယ္ထရမ့္ကို လူေပါင္းေသာင္းခ်ီ ဆႏၵျပ

ဇူလိုင္ ၁၃

ၿဗိတိသ်ွ ဝန္ႀကီးခ်ဳပ္ ထရီစာေမ ရဲ႕ ဥေရာပသမဂၢမွ ၿဗိတိန္ ႏႈတ္ထြက္လိုက္တဲ့ ဆုံးျဖတ္ခ်က္အေပၚ ၿဗိတိန္ ႏိုင္ငံေရးသမားေတြနဲ႔ ျပည္သူလူထုအခ်ိဳ႕ၾကား ေဝဖန္ျပစ္တင္မႈေတြကို ခံေနရစဥ္မွာပဲ ေသာၾကာေန႔(ဇူလိုင္ ၁၃) မွာ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ကို ၄ ရက္ၾကာ ႏိုင္ငံေတာ္အဆင့္ခရီးစဥ္အျဖစ္ လာေရာက္တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို လန္ဒန္ၿမိဳ႕ခံ ေသာင္းနဲ႔ခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပၾကသူေတြဟာ လန္ဒန္ၿမိဳ႕႐ွိ ေအာက္စ္ဖို႔ဒ္ လမ္းကေန ထရာဖယ္လ္ဂါ ရင္ျပင္အထိ ခ်ီတက္ခဲ့ၾကၿပီး “အမိႈက္ထုတ္ ထရမ့္ အလိုမ႐ွိ” ၊ “ဖက္ဆစ္အေမရိကန္ အလိုမ႐ွိ” အစ႐ွိတဲ့ စာတမ္းေတြ ကိုင္ေဆာင္ဆႏၵျပခဲ့ၾကတယ္။

ဒါ့အျပင္ ကေလးငယ္ပုံစံ လိေမၼာ္ေရာင္ ထရမ့္ ေလပူေဖာင္း အ႐ုပ္ႀကီးကိုလည္း လန္ဒန္ၿမိဳ႕က ပါလီမန္ရင္ျပင္လို႔ေခၚတဲ့ ထရာဖယ္လ္ဂါ ရင္ျပင္မွာ သေရာ္ေလွာင္ေျပာင္တဲ့အေနနဲ႔ ထား႐ွိခဲ့ပါတယ္။

ဆႏၵျပ ပြဲမွာ ပါဝင္ခဲ့သူ အသက္ ၄၂ ႏွစ္အရြယ္ ေဂော္ဂ်ီယမ္နာ႐ို႕စ္ က “ေဒၚနယ္ထရမ့္ က မိန္းမမုန္းတယ္၊ လိင္တူခ်စ္သူေတြမုန္းတယ္၊ ႏိုင္ငံျခားသားေတြကိုမုန္းတယ္…ေနာက္ၿပီး တယူသန္သမား ၊ မ်က္ကန္းမ်ိဳးခ်စ္” ဟု မီဒီယာေတြကို ေျပာဆိုခဲ႔တယ္။

ေနာက္ၿပီး အသက္ ၃၂ ႏွစ္အရြယ္ ဂရန္႔ဝိႈက္ ဆိုသူကလည္း “ငါက ၿဗိတိန္ ဥေရာပသမဂၢက ထြက္မွာကို ဆန္႔က်င္တယ္ ၊ ထရမ့္ကိုလည္းဆန္႔က်င္တယ္ ။ ၿဗိတိန္မွာ ေခါင္းေထာင္လာေနတဲ့ ဖက္ဆစ္ဝါဒလိႈင္းကို အျမစ္ျဖဴတ္ရမယ္”လို႔ ေျပာဆိုခဲ႔ပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

ဇူလိုင် ၁၃

ဗြိတိသျှ ဝန်ကြီးချုပ် ထရီစာမေ ရဲ့ ဥရောပသမဂ္ဂမှ ဗြိတိန် နှုတ်ထွက်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုအချို့ကြား ဝေဖန်ပြစ်တင်မှုတွေကို ခံနေရစဉ်မှာပဲ သောကြာနေ့(ဇူလိုင် ၁၃) မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ၄ ရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လာရောက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို လန်ဒန်မြို့ခံ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြကြသူတွေဟာ လန်ဒန်မြို့ရှိ အောက်စ်ဖို့ဒ် လမ်းကနေ ထရာဖယ်လ်ဂါ ရင်ပြင်အထိ ချီတက်ခဲ့ကြပြီး “အမှိုက်ထုတ် ထရမ့် အလိုမရှိ” ၊ “ဖက်ဆစ်အမေရိကန် အလိုမရှိ” အစရှိတဲ့ စာတမ်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတယ်။

ဒါ့အပြင် ကလေးငယ်ပုံစံ လိမ္မော်ရောင် ထရမ့် လေပူဖောင်း အရုပ်ကြီးကိုလည်း လန်ဒန်မြို့က ပါလီမန်ရင်ပြင်လို့ခေါ်တဲ့ ထရာဖယ်လ်ဂါ ရင်ပြင်မှာ သရော်လှောင်ပြောင်တဲ့အနေနဲ့ ထားရှိခဲ့ပါတယ်။

ဆန္ဒပြ ပွဲမှာ ပါဝင်ခဲ့သူ အသက် ၄၂ နှစ်အရွယ် ဂေော်ဂျီယမ်နာရို့စ် က “ဒေါ်နယ်ထရမ့် က မိန်းမမုန်းတယ်၊ လိင်တူချစ်သူတွေမုန်းတယ်၊ နိုင်ငံခြားသားတွေကိုမုန်းတယ်…နောက်ပြီး တယူသန်သမား ၊ မျက်ကန်းမျိုးချစ်” ဟု မီဒီယာတွေကို ပြောဆိုခဲ့တယ်။

နောက်ပြီး အသက် ၃၂ နှစ်အရွယ် ဂရန့်ဝှိုက် ဆိုသူကလည်း “ငါက ဗြိတိန် ဥရောပသမဂ္ဂက ထွက်မှာကို ဆန့်ကျင်တယ် ၊ ထရမ့်ကိုလည်းဆန့်ကျင်တယ် ။ ဗြိတိန်မှာ ခေါင်းထောင်လာနေတဲ့ ဖက်ဆစ်ဝါဒလှိုင်းကို အမြစ်ဖြူတ်ရမယ်”လို့ ပြောဆိုခဲ့ပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like