လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ပါ ေကာင္းမြန္တဲ့ 2018 Subaru Crosstrek SUV … | Myanmar News Agency

လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ပါ ေကာင္းမြန္တဲ့ 2018 Subaru Crosstrek SUV …

ဇူလိုင္ ၁၄

ေမာ္ဒယ္က လမ္းၾကမ္းပိုင္းလည္း ရတယ္၊ ေတာင္တက္လမ္းလည္း အဆင္ေျပတယ္၊ ၀န္တင္ေဆာင္ႏုိင္မႈေရာ ခရီးေ၀း ေမာင္းႏွင္နုိင္မႈပါ အားေကာင္းတဲ့ ေမာ္ဒယ္ တစ္ခုပါ။ ျပည္တြင္းမွာလည္း ကားေစ်းကြက္ က်ယ္ျပန္႔လာမႈ၊ မ်က္စိပြင့္လာမႈနဲ႔ အတူ အခု ေနာက္ပိုင္း Subaru ေတြ စီးနင္းေလ့ရွိလာၿပီး ျဖစ္ၿပီး ေစ်းကြက္ထဲမွာလည္း Subaru ေတြ ျပန္ျမင္လာရၿပီ ျဖစ္ပါတယ္။

အထူးသျဖင့္ေတာ့ အခု ေမာ္ဒယ္က ဥေရာပနဲ႔ အေမရိက ေစ်းကြက္ထိေအာင္ လူႀကိဳက္မ်ားေနတာ ျဖစ္ၿပီး Subaru ရဲ႕ ထုတ္လုပ္သမွ် ေမာ္ဒယ္ေတြထဲမွာ တစ္ႏွစ္တာ အေကာင္းဆံုး ကားဆုစာရင္းမွာ ပါေနက် Impreza, Forester နဲ႔ Crosstrek ေတြ အျဖစ္ အရည္အေသြး အျမင့္ဆံုး ေမာ္ဒယ္ စာရင္း၀င္လည္း ျဖစ္ပါတယ္။

အခု ေမာ္ဒယ္က Suspension စနစ္ကို အဆင့္ျမွင့္လာမႈ အားေကာင္းျခင္းက လမ္းၾကမ္းပိုင္းမွာ လုိက္ပါ စီးနင္းမႈကိုပါ အေကာင္းဆံုး သက္ေတာင့္သက္သာ ရွိလာေစတာ ေတြ႔ရပါတယ္။ အတြင္းခန္းက က်ယ္၀န္းတယ္၊ Hatchback ကိုယ္ထည္လုိ႔ ထင္ရေလာက္ေအာင္ ေသးငယ္က်စ္လစ္တာလည္း ေတြ႔ရပါတယ္။ ၿပီးေတာ့ လံုၿခံဳစိတ္ခ်ရမႈ စနစ္ အပိုင္းမွာ တန္းတူ ၿပိဳင္ဖက္ ေမာ္ဒယ္ေတြမွာ မေတြ႔ရတဲ့ လမ္းက်ဥ္းအခ်က္ျပစနစ္နဲ႔ ကားပတ္လည္ အာရံုခံစနစ္လို စနစ္ေတြကို ထည့္ထားတာလည္း ေတြ႔ရပါတယ္။

ေနာက္ဆံုး သေဘာက်မိတဲ့ အခ်က္ကေတာ့ ေျမျပင္နဲ႔ ကင္းလြတ္ပမာက ျမင့္မားလို႔ လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ ေမာင္းႏွင္လာႏုိင္တာ ျဖစ္ပါတယ္။

အားနည္းခ်က္အေနနဲ႔ ဆိုရင္ ေျပာစရာ ႏွစ္ခုေလာက္ပဲ ရွိၿပီး တစ္ခုက လမ္းေျဖာင့္(ပံုမွန္လမ္းေကာင္း)ေတြမွာ ေမာင္းႏွင္ခ်ိန္ အရွိ္န္ရယူ ေမာင္းႏွင္ႏုိင္မႈ အားနည္းခ်င္(ေႏွးခ်င္)တယ္။ ေနာက္တခ်က္က ဆီစားႏႈန္း အေနနဲ႔က ၿပိဳင္ဖက္ ေမာ္ဒယ္ေတြထက္ ပိုေနတာ ျဖစ္ၿပီး အခုထက္ ဆီစားပိုခ်ိဳသင့္ေသးတာလည္း ျဖစ္ပါတယ္။
ေမာ္ဒယ္ခြဲ ထုတ္လုပ္မႈ အေနနဲ႔ ဆိုရင္ ၃မ်ိဳး ရႏုိင္ၿပီး 2.0i, 2.0i Premium နဲ႔ 2.0i Limited ေတြ အျဖစ္ ရႏုိ္င္ပါတယ္။

အင္ဂ်င္စနစ္ကေတာ့ ၂.၀လီတာသံုး ပံုမွန္ ေလးလံုးထိုး အင္ဂ်င္ကို တပ္ဆင္ထားတာ ေတြ႔ရၿပီး ဒီအင္ဂ်င္က ရုန္းအား ၁၆၇ေပါင္-ေပမွာ ျမင္းေကာင္ေရ ၁၅၂ေကာင္အားထိေအာင္ ထြက္ရွိတာလည္း ျဖစ္ပါတယ္။ ၆ခ်က္သံုး Manual အေနနဲ႔လည္း ရႏုိင္သလို CVT Auto နဲ႔လည္း လာပါတယ္။

အတြင္းခန္းမွာ သတင္းအခ်က္အလက္နဲ႔ ေဖ်ာ္ေျဖေရး စနစ္ အတြက္ ၆.၅လက္မ အရြယ္ Touch စနစ္နဲ႔ သံုးႏိုင္မယ့္ ျပသမ်က္ႏွာျပင္စနစ္ ထည့္ထားတယ္၊ Apple CarPlay နဲ႔ Android Auto လို ခ်ိတ္ဆက္စနစ္ေတြကိုပါ သံုးႏိုင္တယ္။ ေနာက္ဖက္ ထိုင္ခံုတန္းကို လိုအပ္ရင္ ေခါက္သိမ္းႏိ္ုင္ေအာင္ ဖန္တီးထားတယ္၊ ေနာက္ဖက္ ရိုက္ကူး ကင္မရာစနစ္ပါရွိၿပီး ျပသမ်က္ႏွာျပင္စနစ္နဲ႔ ခ်ိတ္ဆက္ထားပါတယ္။ တပ္ဆင္ ဘီးေတြက ၁၇လက္မေတြ ျဖစ္ၿပီး Alloyသားနဲ႔ ျဖစ္ပါတယ္။

ေနာက္ၾကည့္မွန္ေတြက အပူေပးစနစ္ပါရွိတယ္၊ အတြင္းခန္း အျပင္အဆင္ အားလံုးက သားေရသားဦးစားေပး အခင္းအက်င္းနဲ႔ ျဖစ္ပါတယ္။ ေရွ႕မီးႀကီးေတြက အလိုအေလ်ာက္ အတင္၊ အခ် လုပ္ေဆာင္မွာလည္း ျဖစ္ပါတယ္။ ေရွ႕ဖက္ ထို္င္ခံုတန္းက အပူေပးစနစ္လည္း ပါရွိပါတယ္။ Starlink စနစ္ကို ထည့္ထားၿပီး ဒီစနစ္က လမ္းေၾကာင္း အခ်က္ျပစနစ္ေရာ Remote နဲ႔ပါ ကားကို အေ၀းက ထိန္းခ်ဳပ္နုိ္င္မႈ လုပ္ေဆာင္ခ်က္ေတြကို သံုးႏုိင္မွာပါ။ မ်က္ကြယ္ အခ်က္ျပစနစ္ေတြနဲ႔ လမ္းဆံု ယာဥ္ေၾကာ အခ်က္ျပစနစ္ေတြကိုလည္း EyeSight စနစ္ အျဖစ္ ပူးေပါင္း ထည့္သြင္း ဖန္တီးထားတာ ေတြ႔ရပါတယ္။

ဒါဆိုရင္ေတာ့ လာမယ့္ႏွစ္ အတြက္ အေကာင္းဆံုး တန္ဖိုးနည္း ေမာ္ဒယ္ တစ္ခု ေစ်းကြက္ ၀င္လာျခင္း ျဖစ္ၿပီး ဇိမ္ခံ မဟုတ္ေပမယ့္ ဇိမ္ခံ ေမာ္ဒယ္ အေနနဲ႔ေရာ လမ္းၾကမ္းေမာင္း ၀န္တင္ ေမာ္ဒယ္ အျဖစ္ပါ အေကာင္းဆံုး သံုးႏုိ္င္မယ့္ ေမာ္ဒယ္လို႔ မွတ္ခ်က္ေပးခ်င္ၿပီး ႏုိင္ငံတကာ ေစ်းကြက္မွာေတာ့ ေမာ္ဒယ္ကို ေဒၚလာ ၂၃၀၀၀ကေန ၂၇၀၀၀အၾကား ေမာ္ဒယ္ခြဲ အေပၚ မူတည္ၿပီး ေစ်းႏႈန္း ကြာျခားခ်က္နဲ႔ ေရာင္းခ်ေနတာ ေတြ႔ရပါတယ္။

By – KKS / MUNA
Ref; edmunds.com

(Unicode)

ဇူလိုင် ၁၄

မော်ဒယ်က လမ်းကြမ်းပိုင်းလည်း ရတယ်၊ တောင်တက်လမ်းလည်း အဆင်ပြေတယ်၊ ဝန်တင်ဆောင်နိုင်မှုရော ခရီးဝေး မောင်းနှင်နိုင်မှုပါ အားကောင်းတဲ့ မော်ဒယ် တစ်ခုပါ။ ပြည်တွင်းမှာလည်း ကားဈေးကွက် ကျယ်ပြန့်လာမှု၊ မျက်စိပွင့်လာမှုနဲ့ အတူ အခု နောက်ပိုင်း Subaru တွေ စီးနင်းလေ့ရှိလာပြီး ဖြစ်ပြီး ဈေးကွက်ထဲမှာလည်း Subaru တွေ ပြန်မြင်လာရပြီ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ အခု မော်ဒယ်က ဥရောပနဲ့ အမေရိက ဈေးကွက်ထိအောင် လူကြိုက်များနေတာ ဖြစ်ပြီး Subaru ရဲ့ ထုတ်လုပ်သမျှ မော်ဒယ်တွေထဲမှာ တစ်နှစ်တာ အကောင်းဆုံး ကားဆုစာရင်းမှာ ပါနေကျ Impreza, Forester နဲ့ Crosstrek တွေ အဖြစ် အရည်အသွေး အမြင့်ဆုံး မော်ဒယ် စာရင်းဝင်လည်း ဖြစ်ပါတယ်။

အခု မော်ဒယ်က Suspension စနစ်ကို အဆင့်မြှင့်လာမှု အားကောင်းခြင်းက လမ်းကြမ်းပိုင်းမှာ လိုက်ပါ စီးနင်းမှုကိုပါ အကောင်းဆုံး သက်တောင့်သက်သာ ရှိလာစေတာ တွေ့ရပါတယ်။ အတွင်းခန်းက ကျယ်ဝန်းတယ်၊ Hatchback ကိုယ်ထည်လို့ ထင်ရလောက်အောင် သေးငယ်ကျစ်လစ်တာလည်း တွေ့ရပါတယ်။ ပြီးတော့ လုံခြုံစိတ်ချရမှု စနစ် အပိုင်းမှာ တန်းတူ ပြိုင်ဖက် မော်ဒယ်တွေမှာ မတွေ့ရတဲ့ လမ်းကျဉ်းအချက်ပြစနစ်နဲ့ ကားပတ်လည် အာရုံခံစနစ်လို စနစ်တွေကို ထည့်ထားတာလည်း တွေ့ရပါတယ်။

နောက်ဆုံး သဘောကျမိတဲ့ အချက်ကတော့ မြေပြင်နဲ့ ကင်းလွတ်ပမာက မြင့်မားလို့ လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်လာနိုင်တာ ဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ ဆိုရင် ပြောစရာ နှစ်ခုလောက်ပဲ ရှိပြီး တစ်ခုက လမ်းဖြောင့်(ပုံမှန်လမ်းကောင်း)တွေမှာ မောင်းနှင်ချိန် အရှိန်ရယူ မောင်းနှင်နိုင်မှု အားနည်းချင်(နှေးချင်)တယ်။ နောက်တချက်က ဆီစားနှုန်း အနေနဲ့က ပြိုင်ဖက် မော်ဒယ်တွေထက် ပိုနေတာ ဖြစ်ပြီး အခုထက် ဆီစားပိုချိုသင့်သေးတာလည်း ဖြစ်ပါတယ်။
မော်ဒယ်ခွဲ ထုတ်လုပ်မှု အနေနဲ့ ဆိုရင် ၃မျိုး ရနိုင်ပြီး 2.0i, 2.0i Premium နဲ့ 2.0i Limited တွေ အဖြစ် ရနိုင်ပါတယ်။

အင်ဂျင်စနစ်ကတော့ ၂.ဝလီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က ရုန်းအား ၁၆၇ပေါင်-ပေမှာ မြင်းကောင်ရေ ၁၅၂ကောင်အားထိအောင် ထွက်ရှိတာလည်း ဖြစ်ပါတယ်။ ၆ချက်သုံး Manual အနေနဲ့လည်း ရနိုင်သလို CVT Auto နဲ့လည်း လာပါတယ်။

အတွင်းခန်းမှာ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး စနစ် အတွက် ၆.၅လက်မ အရွယ် Touch စနစ်နဲ့ သုံးနိုင်မယ့် ပြသမျက်နှာပြင်စနစ် ထည့်ထားတယ်၊ Apple CarPlay နဲ့ Android Auto လို ချိတ်ဆက်စနစ်တွေကိုပါ သုံးနိုင်တယ်။ နောက်ဖက် ထိုင်ခုံတန်းကို လိုအပ်ရင် ခေါက်သိမ်းနိုင်အောင် ဖန်တီးထားတယ်၊ နောက်ဖက် ရိုက်ကူး ကင်မရာစနစ်ပါရှိပြီး ပြသမျက်နှာပြင်စနစ်နဲ့ ချိတ်ဆက်ထားပါတယ်။ တပ်ဆင် ဘီးတွေက ၁၇လက်မတွေ ဖြစ်ပြီး Alloyသားနဲ့ ဖြစ်ပါတယ်။

နောက်ကြည့်မှန်တွေက အပူပေးစနစ်ပါရှိတယ်၊ အတွင်းခန်း အပြင်အဆင် အားလုံးက သားရေသားဦးစားပေး အခင်းအကျင်းနဲ့ ဖြစ်ပါတယ်။ ရှေ့မီးကြီးတွေက အလိုအလျောက် အတင်၊ အချ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ ရှေ့ဖက် ထိုင်ခုံတန်းက အပူပေးစနစ်လည်း ပါရှိပါတယ်။ Starlink စနစ်ကို ထည့်ထားပြီး ဒီစနစ်က လမ်းကြောင်း အချက်ပြစနစ်ရော Remote နဲ့ပါ ကားကို အဝေးက ထိန်းချုပ်နိုင်မှု လုပ်ဆောင်ချက်တွေကို သုံးနိုင်မှာပါ။ မျက်ကွယ် အချက်ပြစနစ်တွေနဲ့ လမ်းဆုံ ယာဉ်ကြော အချက်ပြစနစ်တွေကိုလည်း EyeSight စနစ် အဖြစ် ပူးပေါင်း ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ လာမယ့်နှစ် အတွက် အကောင်းဆုံး တန်ဖိုးနည်း မော်ဒယ် တစ်ခု ဈေးကွက် ဝင်လာခြင်း ဖြစ်ပြီး ဇိမ်ခံ မဟုတ်ပေမယ့် ဇိမ်ခံ မော်ဒယ် အနေနဲ့ရော လမ်းကြမ်းမောင်း ဝန်တင် မော်ဒယ် အဖြစ်ပါ အကောင်းဆုံး သုံးနိုင်မယ့် မော်ဒယ်လို့ မှတ်ချက်ပေးချင်ပြီး နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဒေါ်လာ ၂၃၀၀၀ကနေ ၂၇၀၀၀အကြား မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

By – KKS / MUNA
Ref; edmunds.com

Comments

comments

You May Also Like