ေဖ့ဘုတ္တြင္ သတင္းအတုျဖန္႔ေဝမႈမ်ားႏွင့္ ပတ္သက္၍ ျပည္​ခိုင္​ၿဖိဳးပါတီမွ အမႈဖြင့္တိုင္တန္း | Myanmar News Agency

ေဖ့ဘုတ္တြင္ သတင္းအတုျဖန္႔ေဝမႈမ်ားႏွင့္ ပတ္သက္၍ ျပည္​ခိုင္​ၿဖိဳးပါတီမွ အမႈဖြင့္တိုင္တန္း

​ေနျပည္​​ေတာ္​ ဇူလိုင္​ ၂၀

လူမႈကြန္ရက္ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ပတ္သက္ၿပီး သတင္းအမွား သတင္းအတုျဖန္႔ေဝ ေဖာ္ျပခဲ႔ေသာ Zar Zar Win အ​ေကာင့္​ပိုင္​႐ွင္​အား အမႈဖြင့္တိုင္တန္းလိုက္​​ေၾကာင္​း ပါတီ​ေျပာ​ေရးဆိုခြင္​့႐ွိသူ ​ေဒါက္​တာနႏၵာလွျမင္​့ က MUNA သို႔ ေျပာသည္​။

ယင္​းကဲ့သို႔တရားစြဲဆိုလိုက္​ျခင္​းအ​ေပၚ ​ေဒါက္​တာနႏၵာလွျမင္​့က

“အရင္​ကာလက​ေတာ့ ႏိုင္ငံေရးပါတီတစ္ရပ္သည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏ အက်ိဳးကိုေဆာင္ရြက္ရန္ ဖြဲ႕စည္းထားျခင္း ျဖစ္​တဲ့အတြက္​ လက္တစ္ဆုပ္စာ လူတစ္စုရဲ႕တိုက္ခိုက္မႈမ်ားကို ျပန္လည္တုံ႔ျပန္ခဲ့ျခင္းမရွိပါဘူး၊
အခုက်​ေတာ့ ၾကားျဖတ္ေရြးေကာက္ပြဲနဲ႔အခ်ိန္​ကိုက္​
ျဖစ္​​ေနတယ္​​ေလ။
ႏိုင္ငံေရးအရ မဲဆႏၵရွင္ျပည္သူမ်ားရဲ႕ ပကတိဆႏၵမ်ားကို ယံုမွားသံသယျဖစ္ေစလိုတဲ့အျပဳအမူျဖစ္​လို႔ ၊ မဟုတ္မမွန္လုပ္ၾကံသတင္းမ်ား ဖန္တီးၿပီး ဆိုးရြားျပင္းထန္စြာ အခ်ိန္ကိုက္ တိုက္ခိုက္လာတယ္​လို႔ျမင္​တယ္​။ ဒါ့​ေၾကာင္​့ဒီ​ေန႔မနက္ကပဲ ၊ တရားစြဲလိုက္​ပါၿပီ ” ဟု ေျပာသည္​။

အြန္​လိုင္​းတြင္​ပ်ံ့ႏွံ႔လ်က္​႐ွိ​ေသာ Zar Zar Win ​ေဖ့ဘုတ္​အ​ေကာင့္ပိုင္​႐ွင္​က လြန္​ခဲ့သည္​့ရက္​ပိုင္​းက သူ၏လူမႈကြန္​ရက္​စာမ်က္​ႏွာတြင္
“အားနည္​းသူဘက္​က USDP ဝန္​းရံမည္​”​
ေခါင္​းစဥ္​ႏွင္​့ အဓမၼျပဳက်င္​့ခံရသူ​ေဒၚဇင္​မာျမင္​့ဘက္​က
အျပည္​့အဝ ဝန္​းရံ​ေပးသြားမည္​ဟု​ ေဒါက္​တာနႏၵာလွျမင္​့က​ေျပာတယ္​ဆိုၿပီး မဟုတ္​မမွန္​​ေရးသားေဖာ္ျပခဲ့ျခင္​းအ​ေပၚ ျပည္​ခိုင္​ၿဖိဳးပါတီအ​ေနျဖင္​့ ယ​ေန႔(ဇူလိုင္​၂၀ရက္)​ တြင္​​ ေနျပည္​​ေတာ္​ ဒကၡိဏသီရိရဲတပ္​ဖြဲ႔စခန္​း၌ တရားစြဲဆိုလိုက္​ျခင္​းျဖစ္​သည္​။

ယင္​းကိစၥႏွင္​့ပတ္​သက္​၍ ဒကၡိဏသီရိရဲတပ္​ဖြဲ႔စခန္​းသို႔ ဆက္​သြယ္​​ေမးျမန္​းရာ ရဲအုပ္​စိုးလြင္​ဦးက

” တိုင္​စာလာပို႔ထားပါတယ္​။ အမႈဖြင့္ဖို႔က စခန္​းမွဴ းက​ေန
တစ္​ဆင့္ၿမိဳ႕နယ္​မွဴ းထံတင္​ျပၿပီး​ ေဆာင္​ရြက္​မွာပါ ” ဟု ဆိုသည္​။

အဆိုပါကိစၥႏွင္​့စပ္​လ်င္​း၍ ​ေဒါက္​တာနႏၵာလွျမင္​့က
လာမည့္ ႏို၀င္ဘာလတြင္ က်င္းပျပဳလုပ္မည့္ ၾကားျဖတ္ေရြးေကာက္ပြဲ ႏွင္​့ပတ္​သက္​ၿပီးမဲဆႏၵ႐ွင္​မ်ားအား သူ၏လူမႈကြန္​ရက္​စာမ်က္​ႏွာတြင္​

“လြတ္လပ္၍တရားမွ်တေသာ ေရြးေကာက္ပြဲမ်ားတြင္ ျပည္သူလူထု သံသယကင္းစြာ မဲေပးႏိုင္ေရး အတြက္ေသာ္လည္းေကာင္း၊ အနာဂတ္ျပည္ေထာင္စုသားေကာင္းမ်ားသည္ သန္႕ရွင္းစင္ၾကယ္သည့္ ႏိုင္ငံေရးကိုသာ လက္ခံယံုၾကည္ေရးအတြက္ေသာ္လည္းေကာင္း၊ ယခုကဲ့သို႔ မဟုတ္မမွန္ လုပ္ၾကံသည့္ ကိစၥမ်ားႏွင့္ပတ္သက္၍ နစ္နာမႈမ်ားအား တည္ဆဲဥပေဒမ်ားအရ အေရးယူႏိုင္ရန္ အမႈဖြင့္ေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္း မဲဆႏၵရွင္ ျပည္သူမ်ားႏွင့္တကြ ျပည္ခိုင္ၿဖိဳးပါတီအား ေထာက္ခံအားေပးသူမ်ားအား ေလးစားစြာျဖင့္ အသိေပး ရွင္းလင္းတင္ျပအပ္ပါသည္။” ဟု ေရးသား​ေဖၚျပထားသည္​။

By- ျမတ္​ဟိန္​း​ေက်ာ္​(​ေကာ့မွဴ း)
MUNA

(Unicode)

နေပြည်တော် ဇူလိုင် ၂၀

လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ပြည်ခိုင်ဖြိုးပါတီနှင့်ပတ်သက်ပြီး သတင်းအမှား သတင်းအတုဖြန့်ဝေ ဖော်ပြခဲ့သော Zar Zar Win အကောင့်ပိုင်ရှင်အား အမှုဖွင့်တိုင်တန်းလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က MUNA သို့ ပြောသည်။

ယင်းကဲ့သို့တရားစွဲဆိုလိုက်ခြင်းအပေါ် ဒေါက်တာနန္ဒာလှမြင့်က

“အရင်ကာလကတော့ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်တဲ့အတွက် လက်တစ်ဆုပ်စာ လူတစ်စုရဲ့တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး၊
အခုကျတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့အချိန်ကိုက်
ဖြစ်နေတယ်လေ။
နိုင်ငံရေးအရ မဲဆန္ဒရှင်ပြည်သူများရဲ့ ပကတိဆန္ဒများကို ယုံမှားသံသယဖြစ်စေလိုတဲ့အပြုအမူဖြစ်လို့ ၊ မဟုတ်မမှန်လုပ်ကြံသတင်းများ ဖန်တီးပြီး ဆိုးရွားပြင်းထန်စွာ အချိန်ကိုက် တိုက်ခိုက်လာတယ်လို့မြင်တယ်။ ဒါ့ကြောင့်ဒီနေ့မနက်ကပဲ ၊ တရားစွဲလိုက်ပါပြီ ” ဟု ပြောသည်။

အွန်လိုင်းတွင်ပျံ့နှံ့လျက်ရှိသော Zar Zar Win ဖေ့ဘုတ်အကောင့်ပိုင်ရှင်က လွန်ခဲ့သည့်ရက်ပိုင်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင်
“အားနည်းသူဘက်က USDP ဝန်းရံမည်”
ခေါင်းစဉ်နှင့် အဓမ္မပြုကျင့်ခံရသူဒေါ်ဇင်မာမြင့်ဘက်က
အပြည့်အဝ ဝန်းရံပေးသွားမည်ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောတယ်ဆိုပြီး မဟုတ်မမှန်ရေးသားဖော်ပြခဲ့ခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယနေ့(ဇူလိုင်၂၀ရက်) တွင် နေပြည်တော် ဒက္ခိဏသီရိရဲတပ်ဖွဲ့စခန်း၌ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒက္ခိဏသီရိရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ ရဲအုပ်စိုးလွင်ဦးက

” တိုင်စာလာပို့ထားပါတယ်။ အမှုဖွင့်ဖို့က စခန်းမှူ းကနေ
တစ်ဆင့်မြို့နယ်မှူ းထံတင်ပြပြီး ဆောင်ရွက်မှာပါ ” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျင်း၍ ဒေါက်တာနန္ဒာလှမြင့်က
လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီးမဲဆန္ဒရှင်များအား သူ၏လူမှုကွန်ရက်စာမျက်နှာတွင်

“လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများတွင် ပြည်သူလူထု သံသယကင်းစွာ မဲပေးနိုင်ရေး အတွက်သော်လည်းကောင်း၊ အနာဂတ်ပြည်ထောင်စုသားကောင်းများသည် သန့်ရှင်းစင်ကြယ်သည့် နိုင်ငံရေးကိုသာ လက်ခံယုံကြည်ရေးအတွက်သော်လည်းကောင်း၊ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံသည့် ကိစ္စများနှင့်ပတ်သက်၍ နစ်နာမှုများအား တည်ဆဲဥပဒေများအရ အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မဲဆန္ဒရှင် ပြည်သူများနှင့်တကွ ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံအားပေးသူများအား လေးစားစွာဖြင့် အသိပေး ရှင်းလင်းတင်ပြအပ်ပါသည်။” ဟု ရေးသားဖေါ်ပြထားသည်။

By- မြတ်ဟိန်းကျော်(ကော့မှူ း)
MUNA

 

Comments

comments

You May Also Like