ျမန္မာပိုင္ ဟယ္လီေကာ္ပတာ တစ္စင္း ဘဂၤလားေဒ့႐ွ္ ေလပိုင္နက္ထဲသို႔ ဝင္ေရာက္ခဲ့ဟုဆို | Myanmar News Agency

ျမန္မာပိုင္ ဟယ္လီေကာ္ပတာ တစ္စင္း ဘဂၤလားေဒ့႐ွ္ ေလပိုင္နက္ထဲသို႔ ဝင္ေရာက္ခဲ့ဟုဆို

ဇူလိုင္ ၁၃

ဘဂၤလားေဒ့႐ွ္ ႏိုင္ငံ ေလပိုင္နက္ ထဲကို ျမန္မာဘက္က ဟယ္လီေကာ္ပတာ တစ္စင္း ဝင္ေရာက္ပ်ံသန္းသြားခဲ့တယ္ဟု ဘဂၤလားေဒ့႐ွ္ နယ္ျခားေစာင့္တပ္က ေျပာေၾကာင္း ဘဂၤလားေဒ့႐ွ္ သတင္းစာ ဒါကာထရီဗ်ဴမ္း သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါ ျမန္မာပိုင္ ဟယ္လီေကာ္ပတာ ဟာ ဒီကေန႔(ေသာၾကာေန႔) မနက္ ဆယ္နာရီခန္႔က ဘဂၤလားေဒ့႐ွ္ႏိုင္ငံ ဘန္ဘာဒန္ၿမိဳ႕နယ္ ႐ွိ အလီကာဒမ္ အူပါဇီလာ နယ္စပ္ၿမိဳ႕ ေကာင္းကင္ယံမွ ျဖတ္ပ်ံသန္းသြားခဲ့တာျဖစ္ေၾကာင္း ၊ ဘဂၤလားေဒ့႐ွ္ ႏိုင္ငံ ေလပိုင္နက္ ထဲသို႔ ၁.၅ ကီလိုမီတာ ခန္႔အထိ ဝင္ေရာက္သြားခဲ့တာျဖစ္ေၾကာင္း ဘဂၤလားေဒ့႐ွ္ ေလေၾကာင္းေစာင့္ၾကည့္ထိန္းခ်ဳပ္ေရး ဌာနက သတင္းထုတ္ျပန္ပါတယ္။

ဘယ္လို ယာဥ္အမ်ိဳးအစား ျဖစ္တယ္ဆိုတာကိုေတာ့ ဘဂၤလားေဒ့႐ွ္ အာဏာပိုင္ေတြဘက္က အေသးစိတ္ ထုတ္ျပန္ထားျခင္း မ႐ွိပါဘူး။

ဘန္ဘာဒန္႐ွိ ဘဂၤလားေဒ့႐ွ္ နယ္ျခားေစာင့္တပ္မွ ဗိုလ္မႉးႀကီး အစ္ဘဲလ္ဟူစိန္ကေတာ့ “ဒီကိစၥကို တရားဝင္ ကန္႔ကြက္ ဆႏၵျပရမယ္” ဟု ေျပာၾကားေၾကာင္း အဆိုပါသတင္းမွာ ဆက္လက္ေဖာ္ျပထားပါတယ္။

By – Shine Htet Aung
MUNA

 

မူရင္း Link >>> https://www.dhakatribune.com/bangladesh/military-affairs/2018/07/13/myanmar-helicopter-violates-bangladesh-s-airspace

(Unicode)

ဇူလိုင် ၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေပိုင်နက် ထဲကို မြန်မာဘက်က ဟယ်လီကော်ပတာ တစ်စင်း ဝင်ရောက်ပျံသန်းသွားခဲ့တယ်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာ ဒါကာထရီဗျူမ်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ မြန်မာပိုင် ဟယ်လီကော်ပတာ ဟာ ဒီကနေ့(သောကြာနေ့) မနက် ဆယ်နာရီခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဘာဒန်မြို့နယ် ရှိ အလီကာဒမ် အူပါဇီလာ နယ်စပ်မြို့ ကောင်းကင်ယံမှ ဖြတ်ပျံသန်းသွားခဲ့တာဖြစ်ကြောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေပိုင်နက် ထဲသို့ ၁.၅ ကီလိုမီတာ ခန့်အထိ ဝင်ရောက်သွားခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လေကြောင်းစောင့်ကြည့်ထိန်းချုပ်ရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘယ်လို ယာဉ်အမျိုးအစား ဖြစ်တယ်ဆိုတာကိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါဘူး။

ဘန်ဘာဒန်ရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး အစ်ဘဲလ်ဟူစိန်ကတော့ “ဒီကိစ္စကို တရားဝင် ကန့်ကွက် ဆန္ဒပြရမယ်” ဟု ပြောကြားကြောင်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

By – Shine Htet Aung
MUNA

 

Link >>> https://www.dhakatribune.com/bangladesh/military-affairs/2018/07/13/myanmar-helicopter-violates-bangladesh-s-airspace

Comments

comments

You May Also Like