ၾကားျဖတ္ေရြးေကာက္ပြဲ၌ ဆိပ္ကမ္းၿမိဳ႕နယ္တြင္ အႏိုင္ရမည္ဟုယံုၾကည္ေၾကာင္း ျပည္ခိုင္ၿဖိဳးကုိယ္စားလွယ္ေျပာ | Myanmar News Agency

ၾကားျဖတ္ေရြးေကာက္ပြဲ၌ ဆိပ္ကမ္းၿမိဳ႕နယ္တြင္ အႏိုင္ရမည္ဟုယံုၾကည္ေၾကာင္း ျပည္ခိုင္ၿဖိဳးကုိယ္စားလွယ္ေျပာ

ရန္​ကုန္​ ဇူလိုင္​ ၁၃

ရန္​ကုန္​တိုင္​း​ေဒသႀကီး ၊ ဆိပ္​ကမ္​းၿမိဳ႕နယ္​ ၊ ျပည္ခိုင္ၿဖိဳးပါတီ တိုင္​း​ေဒသႀကီးလႊတ္​​ေတာ္​ကိုယ္​စားလွယ္ေလာင္​း ဦး​ေနမ်ိဳး​ေအာင္​က​ ေရြး​ေကာက္​ပြဲနဲ႔ပတ္​သက္​၍ အႏိုင္ရမည္ဟု ယံုၾကည္ေၾကာင္း ေျပာဆိုလိုက္သည္။

“ကြၽန္​​ေတာ္​က​ေတာ့ ၂၀၁၇ခုႏွစ္​မဲရလဒ္​​ေပၚ အ​ေျခခံၿပီး ႏိုင္​မယ္​လို႔ယံုၾကည္​ထားတယ္​၊ မဲအျပတ္​ႀကီး​ေတာ့​ေမွ်ာ္မထားပါဘူး၊ ၇၀/၁၀၀ၾကား​ေပါ့ ” ဟု MUNA သို႔ ေျပာသည္။

​ေရြးေကာက္​ပြဲတြင္ ႏိုင္​ရမည္​ဆိုသည့္ ယံုၾကည္​ခ်က္​ကို ဦး​ေနမ်ိဳး​ေအာင္​က

“အမ်ိဳးစစ္​မွအမ်ိဳးခ်စ္​မယ္​​ေလ၊ ကြၽန္​​ေတာ္​က ​ေဒသသားစစ္​စစ္​ပါ။ ဒါ​ေၾကာင္​့ျမိဳ႕နယ္သားစစ္မွ ျမိဳ႕နယ္ကိုခ်စ္လိမ့္မယ္​၊ ကြၽန္​​ေတာ္​တို႔ၿမိဳ႕နယ္​ကဝန္​ထမ္​း​ေတြမ်ားတယ္​၊ ဝန္​ထမ္​း​ေတြအတြက္​လည္​း အရင္ထက္ ပိုေကာင္းေစရမယ္/ပိုသာေစရမယ္” ဟု ဆက္လက္ေျပာသည္။

ဆိပ္​ကမ္​းၿမိဳ႕နယ္​တြင္ မဲ​ေပးႏိုင္​သူဦး​ေရမွာ မဲစာရင္​းအရ ဦး​ေရ (၁၄၂၃)ဦးျဖစ္​ၿပီး မဲရံု(၂)ရံုျဖစ္​​ေၾကာင္​း သိရသည္​။

ျပည္​​ေထာင္​စုၾကံခိုင္​​ေရးႏွင္​့ဖြံၿဖိဳး​ေရးပါတီအ​ေနျဖင္​့၂၀၁၈ၾကားျဖတ္​​ေရြး​ေကာက္​ပြဲတြင္​ ျပည္​သူ႔လႊတ္​​ေတာ္​(၄)​ေနရာ၊ အမ်ိဳးသားလႊတ္​​ေတာ္​တစ္​​ေနရာ၊ တိုင္​း​ေဒသႀကီးလႊတ္​​ေတာ္​ (၅)​ေနရာ ဝင္​​ေရာက္​ယွဥ္​ၿပိဳင္​သြားမည္​ျဖစ္​ၿပီး၊
ဆိပ္​ကမ္​းၿမိဳ႕နယ္​တြင္ ဦး​ေနမ်ိဳး​ေအာင္​(ျပည္​ခိုင္​ၿဖိဳးပါတီ)၊
ဦးဦးသန္​းထိုက္​​ေအာင္​(အမ်ိဳးသားဒီမိုက​ေရစီအဖြဲ႔ခ်ဳပ္​ပါတီ) ၊ ဦးခင္​လိႈင္​(တစ္​သီးပုဂၢလ) ၊ ​ေဒၚခင္​မာလာ(အမ်ိဳးသားဒီမိုက​ေရစီအင္​အားစုပါတီ) ၊ ဦးဇီဝ(ျမန္​မာျပည္​ဒီမိုကရက္​တစ္​ပါတီ) ၊ ဦးသက္​ထြန္​း(အမ်ိဳးသားတိုးတက္​​ေရးပါတီ၊ ဦးရန္​​ေနာင္​စိုးျမင္​့(ျပည္​သူ႔အလုပ္​သမားပါတီ၊ ​ေဒၚအယ္​​ေဘာက္​ဆိုင္​(ျပည္​​ေထာင္​စုတိုင္​းရင္​းသားမ်ားဖက္​ဒရယ္​ဒီမိုက​ေရစီပါတီ) ၊ ဦး​ေမာင္​လွ​ေက်ာ္​(ရခိုင္​ဒီမိုက​ေရစီအဖြဲ႔ခ်ဳပ္​ပါတီတို႔မွဝင္​​ေရာက္​ယွဥ္​ၿပိဳင္​ၾကမည္​ျဖစ္​​သည္။

ၾကားျဖတ္ေရြးေကာက္ပြဲကို ၂၀၁၈ ခုနွစ္ နိုဝင္ဘာလ ၃ ရက္တြင္ က်င္းပသြားမည္ျဖစ္​ၿပီး တစ္နိုင္လံုးတြင္ လစ္လပ္​ေနရာ(၁၃)​ေနရာျပဳလုပ္​က်င္​းပသြားမည္​ျဖစ္​သည္။

By – ျမတ္​ဟိန္​း​ေက်ာ္​(​ေကာ့မွဴ း)
MUNA

(Unicode)

ရန်ကုန် ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ ဆိပ်ကမ်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ရွေးကောက်ပွဲနဲ့ပတ်သက်၍ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

“ကျွန်တော်ကတော့ ၂၀၁၇ခုနှစ်မဲရလဒ်ပေါ် အခြေခံပြီး နိုင်မယ်လို့ယုံကြည်ထားတယ်၊ မဲအပြတ်ကြီးတော့မျှော်မထားပါဘူး၊ ၇၀/၁၀၀ကြားပေါ့ ” ဟု MUNA သို့ ပြောသည်။

ရွေးကောက်ပွဲတွင် နိုင်ရမည်ဆိုသည့် ယုံကြည်ချက်ကို ဦးနေမျိုးအောင်က

“အမျိုးစစ်မှအမျိုးချစ်မယ်လေ၊ ကျွန်တော်က ဒေသသားစစ်စစ်ပါ။ ဒါကြောင့်မြို့နယ်သားစစ်မှ မြို့နယ်ကိုချစ်လိမ့်မယ်၊ ကျွန်တော်တို့မြို့နယ်ကဝန်ထမ်းတွေများတယ်၊ ဝန်ထမ်းတွေအတွက်လည်း အရင်ထက် ပိုကောင်းစေရမယ်/ပိုသာစေရမယ်” ဟု ဆက်လက်ပြောသည်။

ဆိပ်ကမ်းမြို့နယ်တွင် မဲပေးနိုင်သူဦးရေမှာ မဲစာရင်းအရ ဦးရေ (၁၄၂၃)ဦးဖြစ်ပြီး မဲရုံ(၂)ရုံဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေဖြင့်၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်(၄)နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် (၅)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊
ဆိပ်ကမ်းမြို့နယ်တွင် ဦးနေမျိုးအောင်(ပြည်ခိုင်ဖြိုးပါတီ)၊
ဦးဦးသန်းထိုက်အောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ၊ ဦးခင်လှိုင်(တစ်သီးပုဂ္ဂလ) ၊ ဒေါ်ခင်မာလာ(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) ၊ ဦးဇီဝ(မြန်မာပြည်ဒီမိုကရက်တစ်ပါတီ) ၊ ဦးသက်ထွန်း(အမျိုးသားတိုးတက်ရေးပါတီ၊ ဦးရန်နောင်စိုးမြင့်(ပြည်သူ့အလုပ်သမားပါတီ၊ ဒေါ်အယ်ဘောက်ဆိုင်(ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီပါတီ) ၊ ဦးမောင်လှကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်လုံးတွင် လစ်လပ်နေရာ(၁၃)နေရာပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

By – မြတ်ဟိန်းကျော်(ကော့မှူ း)
MUNA

Comments

comments

You May Also Like