NCA လက္မွတ္ထုိးႏုိင္ေရးကိစၥ KNPP ႏွင့္ တပ္မေတာ္ေဆြးေႏြး | Myanmar News Agency

NCA လက္မွတ္ထုိးႏုိင္ေရးကိစၥ KNPP ႏွင့္ တပ္မေတာ္ေဆြးေႏြး

ဇူလိုင္ ၁၃

(Nationwide Ceasefire Agreement – NCA) လက္မွတ္မေရးထုိးရေသးေသာ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)ႏွင့္ တပ္မေတာ္ကိုယ္ စားလွယ္ တို႔ ယေန႔ (ဇူလိုင္လ ၁၃ ရက္) ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည္။

ထုိေတြ႕ဆုံပြဲတြင္   တႏုိင္ငံလုံး ပစ္ခတ္တုိက္ခတ္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရး ထိုးႏုိင္ေရးကိစၥႏွင့္တပ္ပုိင္းဆုိင္ရာ ကိစၥမ်ားအား ေဆြးေႏြးခဲ႔ၾက သည္ဟု KNPP ၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးေကာ္မတီ ေျပာခြင့္ရသူ ေစာန႔ဲနယ္ပလုိးက ေျပာသည္။

မူလက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႔ဆုံေဆြးေႏြးခြင့္ရရန္ေတာင္းခံထားခဲ႔ေသာ္လည္း ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ မအားသည္႔အတြက္ တပ္မေတာ္ ကုိယ္စားလွယ္ႏွင့္သာေတြ႕ဆုံေဆြးေႏြးခဲ႔ရသည္ဟု ဆုိသည္။

ကရင္နီအမ်ိဳးသားတိုးတက္​​ေရးပါတီ (KNPP) ဒုဥကၠ႒ ခူးဦးရယ္ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔သည္ အစုိးရ၏ဖိတ္ၾကားမႈျဖင္႔ ျပည္ေထာင္စုၿငိမ္းခ်မ္း ေရး ညီလာခံ ၂၁ ရာစုပင္လုံ တတိယအႀကိမ္အစည္းအေဝးဖြင့္ပြဲအခမ္းအနားသုိ႔ တက္ေရာလာေသာအဖြဲ႔ျဖစ္သည္။

ကရင္နီအမ်ိဳးသားတိုးတက္​​ေရးပါတီ (KNPP) ဒုဥကၠ႒ ခူးဦးရယ္ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔တုိ႔သည္ ဇူလုိင္လ ၁၂ ရက္ေန႔ကလည္း ေနျပည္ေတာ္ ရွိ ျမန္မာအျပည္ျပည္ဆုိင္ရာ ကြန္ဗန္းရွင္းဗဟုိဌာနတြင္ အစုိးရၿငိမ္းခ်မ္းေရးေကာ္မရွင္ (PC) ဥကၠ႒ ေဒါက္တာတင္မ်ဳိးဝင္းဦးေဆာင္ေသာအဖြဲ႔ႏွင့္  NCA လက္မွတ္ေရးထုိးႏုိင္ေရးကိစၥမ်ားကုိ အလြတ္သေဘာေတြ႔ဆုံေဆြးေႏြးခဲ႔ၾကေသးသည္။

ကရင္နီအမ်ိဳးသားတိုးတက္​​ေရးပါတီ (KNPP) သည္ ညီညြတ္ေသာတုိင္းရင္းသားလူမ်ဳိးမ်ားဖက္ဒရယ္ေကာင္စီ (UNFC) အဖြဲ႔ဝင္ျဖစ္ၿပီး အစုိးရအဖြဲ႔ႏွင့္ အပစ္ခတ္ရပ္စဲေရးလက္မွတ္မထုိး ရေသးေသာအဖြဲ႔လည္းျဖစ္သည္။

By – ေရႊေက်ာင္းသား
MUNA

(Unicode)

ဇူလိုင် ၁၃

(Nationwide Ceasefire Agreement – NCA) လက်မှတ်မရေးထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် တပ်မတော်ကိုယ် စားလှယ် တို့ ယနေ့ (ဇူလိုင်လ ၁၃ ရက်) နေပြည်တော် တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင်   တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးနိုင်ရေးကိစ္စနှင့်တပ်ပိုင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ကြ သည်ဟု KNPP ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောခွင့်ရသူ စောနဲ့နယ်ပလိုးက ပြောသည်။

မူလက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန်တောင်းခံထားခဲ့သော်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မအားသည့်အတွက် တပ်မတော် ကိုယ်စားလှယ်နှင့်သာတွေ့ဆုံဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ၏ဖိတ်ကြားမှုဖြင့် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောလာသောအဖွဲ့ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်သောအဖွဲ့နှင့်  NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများကို အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရအဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်မထိုး ရသေးသောအဖွဲ့လည်းဖြစ်သည်။

By – ရွှေကျောင်းသား
MUNA

Comments

comments

You May Also Like