PSY နဲ႔ BTS တို႔ရဲ႕ Youtube စံခ်ိန္‌ကို ‌Black Pink ေက်ာ္‌ျဖတ္‌ | Myanmar News Agency

PSY နဲ႔ BTS တို႔ရဲ႕ Youtube စံခ်ိန္‌ကို ‌Black Pink ေက်ာ္‌ျဖတ္‌

ဇူလိုင္‌ ၁၃

‌ေတာင္‌ကိုရီးယား အမ်ဳိးသမီး‌ေတးသံရွင္‌ (၄)ဦး ပါဝင္‌ဖြဲ႕စည္‌းထားတဲ့ Black Pink ‌ေတးဂီတအဖြဲ႕ဟာ ‌ေတာင္‌ကိုရီးယား အဆို‌ေတာ္‌မ်ား ျဖစ္‌ၾကတဲ့ PSY နဲ႔ BTS အဖြဲ႕တို႔ ‌ေတးသီခ်င္‌းမ်ားရဲ႕ Youtube စံခ်ိန္‌ကို Ddu-Du Ddu-Du ‌ေတးသီခ်င္‌းနဲ႔ ‌ေက်ာ္‌ျဖတ္‌ႏိုင္‌ခဲ့‌ေၾကာင္‌း သိရိွရပါတယ္‌။

Black Pink ရဲ႕ Ddu-Du Ddu-Du ‌ေတးဂီတဗီဒီယို‌ေလးဟာ Youtube ‌ေပၚမွာ (၂၄)နာရီအတြင္‌း ပရိသတ္‌ၾကည္‌့ရႈႏႈန္‌း (၃၆.၂) သန္‌း‌ေက်ာ္‌ ရရိွခဲ့ၿပီး ယခင္‌က Youtube ‌ေပၚမွာ (၂၄)နာရီအတြင္‌း စံခ်ိန္‌တင္‌ထားခဲ့ဖူးတဲ့ PSY ရဲ႕ Gentleman ‌ေတးဂီတဗီဒီယို (၃၆ သန္‌း)နဲ႔ BTS ရဲ႕ Fake Love ‌ေတးဂီတဗီဒီယို (၃၅.၉) တို႔ကို ျဖတ္‌‌ေက်ာ္‌ႏိုင္‌ခဲ့ပါတယ္‌။ ဒါ့အျပင္‌ ‌ေတလာဆြစ္‌ရဲ႕ Look What You Made Me Do ‌ေတးဂီတဗီဒီယို (၄၃.၂ သန္‌း)ၿပီးရင္‌ Youtube သမိုင္‌းတစ္‌‌ေလ်ွာက္‌ (၂၄)နာရီအတြင္‌း ပရိသတ္‌ၾကည္‌့ရႈႏႈန္‌း ဒုတိယအမ်ားဆုံး ‌ေတးဂီတဗီဒီယိုတစ္‌ပုဒ္‌လည္‌း ျဖစ္‌ပါတယ္‌။

အဆိုပါ‌ေတးသီခ်င္‌းဟာ အဂၤလန္‌ႏိုင္‌ငံ ဂီတဇယားမွာ နံပါတ္‌ (၁၇) အထိ ခ်ိတ္‌ႏိုင္‌ခဲ့သလို အ‌ေမရိကန္‌ႏိုင္‌ငံမွာလည္‌း တစ္‌ပတ္‌တာ အြန္‌လိုင္‌းနာဆင္‌ႏႈန္‌း (၁၂.၄) သန္‌းန႔ဲ ‌ေဒါင္‌းလုတ္‌ဆြဲ ‌ေရာင္‌းခ်ရမႈ အႀကိမ္‌‌ေရ (၇၀၀၀) ခန္‌႔ ရရိွခဲ့ၿပီး Billboard ဂီတဇယားမွာ နံပါတ္‌ ၅၅ အျဖစ္‌ ရပ္‌တည္‌‌ေနႏိုင္‌ခဲ့ပါတယ္‌။

၂၀၁၆ ခုႏွစ္‌အတြင္‌း စတင္‌ဖြဲ႕စည္‌းခဲ့တဲ့ Black Pink ‌ေတးဂီတအဖြဲ႕ဟာ အဖြဲ႕စတင္‌ဖြဲ႕စည္‌း ခဲ့တဲ့ ႏွစ္‌မွာပင္‌ အ‌ေမရိကန္‌ဂီတဇယား ျပဳစုတဲ့ Billboard မွ ၂၀၁၆ ခုႏွစ္‌ရဲ႕ အ‌ေကာင္‌းဆုံး တက္‌သစ္‌စ K-Pop အဖြဲ႕အျဖစ္‌ သတ္‌မွတ္‌ျခင္‌း ခံခဲ့ရသလို Black Pink ရဲ႕ Ddu-Du Ddu-Du ‌ေတးဂီတဗီဒီယို‌ေလးဟာလည္‌း လတ္‌တ‌ေလာအခ်ိန္‌အထိ ပရိသတ္‌ၾကည္‌့ရႈႏႈန္‌း (၁၇၈) သန္‌း‌ေက်ာ္‌ ရရိွၿပီျဖစ္‌‌ေၾကာင္‌း သိရိွရပါတယ္‌။

By – ‌ေထာ္‌‌ေထာ္‌ / MUNA
Source – World Music Awards

(Unicode)

ဇူလိုင်‌ ၁၃

‌တောင်‌ကိုရီးယား အမျိုးသမီး‌တေးသံရှင်‌ (၄)ဦး ပါဝင်‌ဖွဲ့စည်‌းထားတဲ့ Black Pink ‌တေးဂီတအဖွဲ့ဟာ ‌တောင်‌ကိုရီးယား အဆို‌တော်‌များ ဖြစ်‌ကြတဲ့ PSY နဲ့ BTS အဖွဲ့တို့ ‌တေးသီချင်‌းများရဲ့ Youtube စံချိန်‌ကို Ddu-Du Ddu-Du ‌တေးသီချင်‌းနဲ့ ‌ကျော်‌ဖြတ်‌နိုင်‌ခဲ့‌ကြောင်‌း သိရှိရပါတယ်‌။

Black Pink ရဲ့ Ddu-Du Ddu-Du ‌တေးဂီတဗီဒီယို‌လေးဟာ Youtube ‌ပေါ်မှာ (၂၄)နာရီအတွင်‌း ပရိသတ်‌ကြည်‌့ရှုနှုန်‌း (၃၆.၂) သန်‌း‌ကျော်‌ ရရှိခဲ့ပြီး ယခင်‌က Youtube ‌ပေါ်မှာ (၂၄)နာရီအတွင်‌း စံချိန်‌တင်‌ထားခဲ့ဖူးတဲ့ PSY ရဲ့ Gentleman ‌တေးဂီတဗီဒီယို (၃၆ သန်‌း)နဲ့ BTS ရဲ့ Fake Love ‌တေးဂီတဗီဒီယို (၃၅.၉) တို့ကို ဖြတ်‌‌ကျော်‌နိုင်‌ခဲ့ပါတယ်‌။ ဒါ့အပြင်‌ ‌တေလာဆွစ်‌ရဲ့ Look What You Made Me Do ‌တေးဂီတဗီဒီယို (၄၃.၂ သန်‌း)ပြီးရင်‌ Youtube သမိုင်‌းတစ်‌‌လျှောက်‌ (၂၄)နာရီအတွင်‌း ပရိသတ်‌ကြည်‌့ရှုနှုန်‌း ဒုတိယအများဆုံး ‌တေးဂီတဗီဒီယိုတစ်‌ပုဒ်‌လည်‌း ဖြစ်‌ပါတယ်‌။

အဆိုပါ‌တေးသီချင်‌းဟာ အင်္ဂလန်‌နိုင်‌ငံ ဂီတဇယားမှာ နံပါတ်‌ (၁၇) အထိ ချိတ်‌နိုင်‌ခဲ့သလို အ‌မေရိကန်‌နိုင်‌ငံမှာလည်‌း တစ်‌ပတ်‌တာ အွန်‌လိုင်‌းနာဆင်‌နှုန်‌း (၁၂.၄) သန်‌းနဲ့ ‌ဒေါင်‌းလုတ်‌ဆွဲ ‌ရောင်‌းချရမှု အကြိမ်‌‌ရေ (၇၀၀၀) ခန်‌့ ရရှိခဲ့ပြီး Billboard ဂီတဇယားမှာ နံပါတ်‌ ၅၅ အဖြစ်‌ ရပ်‌တည်‌‌နေနိုင်‌ခဲ့ပါတယ်‌။

၂၀၁၆ ခုနှစ်‌အတွင်‌း စတင်‌ဖွဲ့စည်‌းခဲ့တဲ့ Black Pink ‌တေးဂီတအဖွဲ့ဟာ အဖွဲ့စတင်‌ဖွဲ့စည်‌း ခဲ့တဲ့ နှစ်‌မှာပင်‌ အ‌မေရိကန်‌ဂီတဇယား ပြုစုတဲ့ Billboard မှ ၂၀၁၆ ခုနှစ်‌ရဲ့ အ‌ကောင်‌းဆုံး တက်‌သစ်‌စ K-Pop အဖွဲ့အဖြစ်‌ သတ်‌မှတ်‌ခြင်‌း ခံခဲ့ရသလို Black Pink ရဲ့ Ddu-Du Ddu-Du ‌တေးဂီတဗီဒီယို‌လေးဟာလည်‌း လတ်‌တ‌လောအချိန်‌အထိ ပရိသတ်‌ကြည်‌့ရှုနှုန်‌း (၁၇၈) သန်‌း‌ကျော်‌ ရရှိပြီဖြစ်‌‌ကြောင်‌း သိရှိရပါတယ်‌။

By – ‌ထော်‌‌ထော်‌ / MUNA
Source – World Music Awards

Comments

comments

You May Also Like