ထိုင္းတြင္ အေရးေပၚလူနာတင္ယာဥ္(၂)စီးေပၚမွ မူးယစ္ေဆးမ်ား ဖမ္းမိ | Myanmar News Agency

ထိုင္းတြင္ အေရးေပၚလူနာတင္ယာဥ္(၂)စီးေပၚမွ မူးယစ္ေဆးမ်ား ဖမ္းမိ

စက္တင္ဘာ ၁၀

တနဂၤေႏြေန႔ (စက္တင္ဘာ ၁၀) ညက ထိုင္းႏိုင္ငံ၊ ဖာ့ေယာင္း(Phayao) ခ႐ိုင္ ေျမာက္ပိုင္းတြင္  ပထုံဌာနီခ႐ိုင္မွ ေမာင္းႏွင္လာေသာ အေရးေပၚ ဌားရမ္းသည့္ လူနာတင္ယာဥ္ႏွစ္စီးေပၚ၌ အိုက္စ္(Ice) အျဖဴေရာင္စိတ္ႂကြေဆး နဲ႔ ကီတာမင္း (Ketamine) မူးယစ္ေဆးမႈန္႔ ၄၀၀ ကီလိုဂရမ္ သယ္ေဆာင္လာသူ  လူ သံုးဦး ကို ထိုင္းရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ထိုင္းရဲတပ္ဖြဲ႔အေနနဲ႔  အဆိုပါ လူနာတင္ယာဥ္ႏွစ္စီးကို သတင္းအရ ဖမ္းဆီးဖို႔ ခ်င္း႐ိုင္ခ႐ိုင္ ေျမာက္ဘက္ပိုင္းအထိ ေနာက္ေယာင္ခံ လိုက္သြားခဲ့ၿပီး ဖာ့ေယာင္းခ႐ိုင္ထဲမွာမွ ဖမ္းဖို႔ႀကိဳးစားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ည ၈ နာရီခြဲခန္႔မွာေတာ့ ဖာ့ေယာင္းခ႐ိုင္ ႐ွိ တမ္ဘြန္းေဒါ့ခမ္းတိုင္း(Tam Bon Dot Kham Tai) ေဒသ ၊ ဆိြိဳင္းဆီးဆမ္မရန္း(Soi Sri Samaran) အေရာက္မွာ လူနာတင္ယာဥ္ႏွစ္စီးကို ရပ္ဖို႔တားျမစ္တဲ့ ရဲတပ္ဖြဲ႔ဝင္ေတြကို တရားခံေတြက ေသနတ္နဲ႔ စတင္ပစ္ခတ္ခဲ့ပါတယ္။

အဲဒီေနာက္ ရဲတပ္ဖြဲ႔ ကလည္း လူနာတင္ယာဥ္တစ္စီး ရဲ႕ ေ႐ွ႕ဘီးတာယာကို ေသနတ္နဲ႔ ပစ္ခတ္လိုက္ရၿပီး ျပန္လည္ခုခံ ကာကြယ္ခဲ့ရပါတယ္။ ေ႐ွ႕ဘီးတာယာေပါက္ကြဲမႈေၾကာင့္ပဲ အဲဒီကားဟာ အထိန္းအကြပ္မ႐ွိ ျဖစ္ၿပီး အျခားတာယာေတြပါ ေပါက္ထြက္သြားခဲ့ပါတယ္။

အဲ့အခ်ိန္မွာေတာ့ ေနာက္ထပ္လူနာတင္ယာဥ္တစ္စီးဟာ ေမာင္းထြက္ေျပးသြားေပမယ့္လည္း ေမာင္းဖာ့ေယာင္းခ႐ိုင္ စစ္ေဆးေရး ဂိတ္မွာ အဖမ္းဆီးခံလိုက္ရပါတယ္။

ရဲတပ္ဖြဲ႔ အေနနဲ႔ ဖမ္းဆီးရမိတဲ့ လူနာတင္ယာဥ္ႏွစ္စီးေပၚ တက္ေရာက္႐ွာေဖြရာမွာေတာ့ အိုက္စ္ လို႔ ေခၚတဲ့ အခဲပုံစံ မတ္သာဖတ္တမင္း(crystal methamphetamine) ၃၀၀ ကီလိုဂရမ္ နဲ႔ ပလစ္စတစ္နဲ႔ ထုတ္ပိုးထားတဲ့ ကီတာမင္း အမႈန္႔ ၁၀၀ ကီလိုဂရမ္ သိမ္းဆည္းရမိခဲ့ပါတယ္။

ပထုံဌာနီခ႐ိုင္ သန္ရာ့ဘူရီ  ၿမိဳ႕ေတာ္ဝန္ ရန္ဆန္ နာတာကာေဝါင္ ကေတာ့ ဖမ္းဆီးရမိတဲ့ လူနာတင္ယာဥ္ေတြဟာ ပထုံဌာနီ ခ႐ိုင္က ပုဂၢလိကကုမၸဏီပိုင္ အငွါးယာဥ္ေတြျဖစ္ေၾကာင္း တနလၤာေန႔ မွာ အတည္ျပဳ ေျပာၾကားပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

စက်တင်ဘာ ၁၀

တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၀) ညက ထိုင်းနိုင်ငံ၊ ဖာ့ယောင်း(Phayao) ခရိုင် မြောက်ပိုင်းတွင်  ပထုံဌာနီခရိုင်မှ မောင်းနှင်လာသော အရေးပေါ် ဌားရမ်းသည့် လူနာတင်ယာဉ်နှစ်စီးပေါ်၌ အိုက်စ်(Ice) အဖြူရောင်စိတ်ကြွဆေး နဲ့ ကီတာမင်း (Ketamine) မူးယစ်ဆေးမှုန့် ၄၀၀ ကီလိုဂရမ် သယ်ဆောင်လာသူ  လူ သုံးဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့  အဆိုပါ လူနာတင်ယာဉ်နှစ်စီးကို သတင်းအရ ဖမ်းဆီးဖို့ ချင်းရိုင်ခရိုင် မြောက်ဘက်ပိုင်းအထိ နောက်ယောင်ခံ လိုက်သွားခဲ့ပြီး ဖာ့ယောင်းခရိုင်ထဲမှာမှ ဖမ်းဖို့ကြိုးစားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ည ၈ နာရီခွဲခန့်မှာတော့ ဖာ့ယောင်းခရိုင် ရှိ တမ်ဘွန်းဒေါ့ခမ်းတိုင်း(Tam Bon Dot Kham Tai) ဒေသ ၊ ဆွိုင်းဆီးဆမ်မရန်း(Soi Sri Samaran) အရောက်မှာ လူနာတင်ယာဉ်နှစ်စီးကို ရပ်ဖို့တားမြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တရားခံတွေက သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ ကလည်း လူနာတင်ယာဉ်တစ်စီး ရဲ့ ရှေ့ဘီးတာယာကို သေနတ်နဲ့ ပစ်ခတ်လိုက်ရပြီး ပြန်လည်ခုခံ ကာကွယ်ခဲ့ရပါတယ်။ ရှေ့ဘီးတာယာပေါက်ကွဲမှုကြောင့်ပဲ အဲဒီကားဟာ အထိန်းအကွပ်မရှိ ဖြစ်ပြီး အခြားတာယာတွေပါ ပေါက်ထွက်သွားခဲ့ပါတယ်။

အဲ့အချိန်မှာတော့ နောက်ထပ်လူနာတင်ယာဉ်တစ်စီးဟာ မောင်းထွက်ပြေးသွားပေမယ့်လည်း မောင်းဖာ့ယောင်းခရိုင် စစ်ဆေးရေး ဂိတ်မှာ အဖမ်းဆီးခံလိုက်ရပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ဖမ်းဆီးရမိတဲ့ လူနာတင်ယာဉ်နှစ်စီးပေါ် တက်ရောက်ရှာဖွေရာမှာတော့ အိုက်စ် လို့ ခေါ်တဲ့ အခဲပုံစံ မတ်သာဖတ်တမင်း(crystal methamphetamine) ၃၀၀ ကီလိုဂရမ် နဲ့ ပလစ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ ကီတာမင်း အမှုန့် ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။

ပထုံဌာနီခရိုင် သန်ရာ့ဘူရီ  မြို့တော်ဝန် ရန်ဆန် နာတာကာဝေါင် ကတော့ ဖမ်းဆီးရမိတဲ့ လူနာတင်ယာဉ်တွေဟာ ပထုံဌာနီ ခရိုင်က ပုဂ္ဂလိကကုမ္ပဏီပိုင် အငှါးယာဉ်တွေဖြစ်ကြောင်း တနင်္လာနေ့ မှာ အတည်ပြု ပြောကြားပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like