အမ်ိဳးသမီး ၆၀၀၀ ေက်ာ္နဲ႔အိပ္ခဲ့တဲ့ နာမည္ေက်ာ္ အီတလီအျပာသ႐ုပ္ေဆာင္ အမ်ိဳးသမီး(၁)ဦးနဲ႔လိင္ဆက္ဆံေနစဥ္ ေသဆုံး | Myanmar News Agency

အမ်ိဳးသမီး ၆၀၀၀ ေက်ာ္နဲ႔အိပ္ခဲ့တဲ့ နာမည္ေက်ာ္ အီတလီအျပာသ႐ုပ္ေဆာင္ အမ်ိဳးသမီး(၁)ဦးနဲ႔လိင္ဆက္ဆံေနစဥ္ ေသဆုံး

စက္တင္ဘာ ၂၈

အီတလီရဲ႕ နာမည္အႀကီးဆုံး အမ်ိဳးသား အျပာသ႐ုပ္ေဆာင္ ေမာ္ရီဇီယို ဇန္ဖန္တီ ဟာ အသက္ ၂၃ ႏွစ္အရြယ္  ကမၻာလွည့္ ခရီးသည္အမ်ိဳးသမီးတစ္ဦးနဲ႔ လိင္ဆက္ဆံေနစဥ္အတြင္း ေသဆုံးသြားခဲ့ေၾကာင္း ၿဗိတိန္ ေဒးလီးေမးလ္ သတင္းတစ္ရပ္မွာ ေရးသားေဖာ္ျပပါတယ္။

ေသဆုံးခ်ိန္အထိ အမ်ိဳးသမီး ၆၀၀၀ ေက်ာ္နဲ႔ အိပ္ခဲ့ဖူးၿပီး “ရင္မင္နီ (အီတလီၿမိဳ႕တစ္ၿမိဳ႕)ရဲ႕ ႐ိုမီယို” လို႔ တင္စားေခၚေဝၚခံရတဲ့ ေမာ္ရီဇီယို ဇန္ဖန္တီ ဟာ အီတလီ ဆိပ္ကမ္းၿမိဳ႕ေလးျဖစ္တဲ့ ရင္မင္နီမွာ ၁၉၇၀ ခုႏွစ္ေတြအတြင္းက ညကလပ္ေတြမွာ လိင္ဝန္ေဆာင္မႈေပးတဲ့ အလုပ္နဲ႔ နာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။

သူဟာ အဂၤါေန႔ က ဥေရာပအေ႐ွ႕ပိုင္းမွလာတဲ့ ကမၻာလွည့္ခရီးသည္အမ်ိဳးသမီးငယ္တစ္ဦးကို လိင္ေဖ်ာ္ေျဖမႈေပးေနစဥ္ ႐ုတ္တရတ္ ႏွလုံးအေမာေဖာက္ခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရီဇီယို ဇန္ဖန္တီ ႏွလုံးအေမာေဖာက္ေနတာကို ျမင္ၿပီး ေ႐ွာ့ခ္ရသြားတဲ့ လိင္ဝန္ေဆာင္မႈခံယူေနသူ အမ်ိဳးသမီးကလည္း သူ႔အတြက္ ေဆးဝါးအကူအညီ လွမ္းေခၚေပးခဲ့ေပမယ့္ ေဆးအကူအညီ ေရာက္႐ွိခ်ိန္မွာ ေမာ္ရီဇီယိုအေနနဲ႔ အသက္မမီေတာ့ေၾကာင္းလည္း သိရပါတယ္။

ေမာ္ရီဇီယို ဇန္ဖန္တီ ဟာ အသက္ ၁၇ ႏွစ္အရြယ္ မွာ Blow Up လို႔ ေခၚတဲ့ ညကလပ္မွာ အလုပ္စတင္လုပ္ခဲ့ေၾကာင္း သိရပါတယ္။

သူ႔အလုပ္ကေတာ့ လမ္းေပၚမွာ သြားလာေနတဲ့ အမ်ိဳးသမီးေတြကို စည္း႐ုံးသိမ္းသြင္းၿပီး ညကလပ္ထဲကို ဆြဲေခၚေပးရတာျဖစ္ပါတယ္။

သူ႔အေနနဲ႔ အလုပ္ စလုပ္ခဲ့တဲ့ ေႏြရာသီတစ္ခုအတြင္းမွာပဲ အမ်ိဳးသမီး ၂၀၀ ေက်ာ္နဲ႔ အိက္ခဲ့ဖူးသည္အထိ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေမာ္ရီဇီယို ဇန္ဖန္တီ ဟာ သူ႔ရဲ႕ ေဆာင္းရာသီကိုေတာ့ ေျမထဲပင္လယ္ဘက္မွာ ကမၻာလွည့္ခရီးသြား ေအဂ်င္စီေတြအတြက္ လိင္ဝန္ေဆာင္မႈနဲ႔ အလုပ္လုပ္ အခ်ိန္ျဖဳန္းေပးရေလ့႐ွိပါတယ္။

ေမာ္ရီဇီယို ဇန္ဖန္တီနဲ႔ လိင္ဆက္ဆံဖူးသူေတြက သူ႔ကို အရမ္းသေဘာက် ႏွစ္သက္ၾကတယ္လို႔သိရၿပီး အဲ့အတြက္လည္း ဆြီဒင္ႏိုင္ငံက ၿမိဳ႕တစ္ၿမိဳ႕မွာ သူ႔ရဲ႕ပုံတူဖေယာင္း႐ုပ္တုကို ခ်စ္ခင္သူအမ်ိဳးသမီးေတြက စုေပါင္းစိုက္ထူခဲ့ၾကပါတယ္။

၁၉၈၆ ခုႏွစ္မွာေတာ့ အီတလီသတင္းစာ L’Espresso က “အီတလီရဲ႕ အေအာင္ျမင္ဆုံး အခ်စ္ေတာ္” ဟု ေမာ္ရီဇီယို ဇန္ဖန္တီ ကို တင္စားခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္က ဂ်ာမဏီ သတင္းစာ BILD နဲ႔ အင္တာဗ်ဴးမွာေတာ့ ေမာ္ရီဇီယို ဇန္ဖန္တီ က သူ အနားယူမႈအေၾကာင္း ေၾကညာခဲ့ၿပီး “အသက္ ၅၉ ဆိုေတာ့ ဒါေတြလုပ္ဖို႔ အတြက္ အသက္က ေထာက္လာၿပီေလ” ဟု ေျပာၾကားခဲ့ပါတယ္။

ဒီစကားအရဆိုရင္ေတာ့ ေမာ္ရီဇီယို ဇန္ဖန္တီ အေနနဲ႔ သူ႔စကား မတည္ခဲ့ဘူးလို႔ပဲ ယူဆရမွာျဖစ္ပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

စက်တင်ဘာ ၂၈

အီတလီရဲ့ နာမည်အကြီးဆုံး အမျိုးသား အပြာသရုပ်ဆောင် မော်ရီဇီယို ဇန်ဖန်တီ ဟာ အသက် ၂၃ နှစ်အရွယ်  ကမ္ဘာလှည့် ခရီးသည်အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံနေစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်း ဗြိတိန် ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ရေးသားဖော်ပြပါတယ်။

သေဆုံးချိန်အထိ အမျိုးသမီး ၆၀၀၀ ကျော်နဲ့ အိပ်ခဲ့ဖူးပြီး “ရင်မင်နီ (အီတလီမြို့တစ်မြို့)ရဲ့ ရိုမီယို” လို့ တင်စားခေါ်ဝေါ်ခံရတဲ့ မော်ရီဇီယို ဇန်ဖန်တီ ဟာ အီတလီ ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ ရင်မင်နီမှာ ၁၉၇၀ ခုနှစ်တွေအတွင်းက ညကလပ်တွေမှာ လိင်ဝန်ဆောင်မှုပေးတဲ့ အလုပ်နဲ့ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

သူဟာ အင်္ဂါနေ့ က ဥရောပအရှေ့ပိုင်းမှလာတဲ့ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးငယ်တစ်ဦးကို လိင်ဖျော်ဖြေမှုပေးနေစဉ် ရုတ်တရတ် နှလုံးအမောဖောက်ခဲ့တာ ဖြစ်ပါတယ်။

မော်ရီဇီယို ဇန်ဖန်တီ နှလုံးအမောဖောက်နေတာကို မြင်ပြီး ရှော့ခ်ရသွားတဲ့ လိင်ဝန်ဆောင်မှုခံယူနေသူ အမျိုးသမီးကလည်း သူ့အတွက် ဆေးဝါးအကူအညီ လှမ်းခေါ်ပေးခဲ့ပေမယ့် ဆေးအကူအညီ ရောက်ရှိချိန်မှာ မော်ရီဇီယိုအနေနဲ့ အသက်မမီတော့ကြောင်းလည်း သိရပါတယ်။

မော်ရီဇီယို ဇန်ဖန်တီ ဟာ အသက် ၁၇ နှစ်အရွယ် မှာ Blow Up လို့ ခေါ်တဲ့ ညကလပ်မှာ အလုပ်စတင်လုပ်ခဲ့ကြောင်း သိရပါတယ်။

သူ့အလုပ်ကတော့ လမ်းပေါ်မှာ သွားလာနေတဲ့ အမျိုးသမီးတွေကို စည်းရုံးသိမ်းသွင်းပြီး ညကလပ်ထဲကို ဆွဲခေါ်ပေးရတာဖြစ်ပါတယ်။

သူ့အနေနဲ့ အလုပ် စလုပ်ခဲ့တဲ့ နွေရာသီတစ်ခုအတွင်းမှာပဲ အမျိုးသမီး ၂၀၀ ကျော်နဲ့ အိက်ခဲ့ဖူးသည်အထိ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

မော်ရီဇီယို ဇန်ဖန်တီ ဟာ သူ့ရဲ့ ဆောင်းရာသီကိုတော့ မြေထဲပင်လယ်ဘက်မှာ ကမ္ဘာလှည့်ခရီးသွား အေဂျင်စီတွေအတွက် လိင်ဝန်ဆောင်မှုနဲ့ အလုပ်လုပ် အချိန်ဖြုန်းပေးရလေ့ရှိပါတယ်။

မော်ရီဇီယို ဇန်ဖန်တီနဲ့ လိင်ဆက်ဆံဖူးသူတွေက သူ့ကို အရမ်းသဘောကျ နှစ်သက်ကြတယ်လို့သိရပြီး အဲ့အတွက်လည်း ဆွီဒင်နိုင်ငံက မြို့တစ်မြို့မှာ သူ့ရဲ့ပုံတူဖယောင်းရုပ်တုကို ချစ်ခင်သူအမျိုးသမီးတွေက စုပေါင်းစိုက်ထူခဲ့ကြပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ အီတလီသတင်းစာ L’Espresso က “အီတလီရဲ့ အအောင်မြင်ဆုံး အချစ်တော်” ဟု မော်ရီဇီယို ဇန်ဖန်တီ ကို တင်စားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ဂျာမဏီ သတင်းစာ BILD နဲ့ အင်တာဗျူးမှာတော့ မော်ရီဇီယို ဇန်ဖန်တီ က သူ အနားယူမှုအကြောင်း ကြေညာခဲ့ပြီး “အသက် ၅၉ ဆိုတော့ ဒါတွေလုပ်ဖို့ အတွက် အသက်က ထောက်လာပြီလေ” ဟု ပြောကြားခဲ့ပါတယ်။

ဒီစကားအရဆိုရင်တော့ မော်ရီဇီယို ဇန်ဖန်တီ အနေနဲ့ သူ့စကား မတည်ခဲ့ဘူးလို့ပဲ ယူဆရမှာဖြစ်ပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like