မန္တလေးရှိတည်ခိုခန်းတွင် မှတ်ပုံတင်မပေးပဲတည်းခိုသည့် အမျိုးသမီးကို သေဆုံးနေလျှက်တွေ့

ဧပြီ ၃ မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ်၊ မြို့ သစ်(၁)ရပ်ကွက် ၆၆×၆၇လမ်း၊ ငုရွှေဝါနှင့်စိန်ခြယ်လမ်းကြား အေးသုခလမ်းသွယ်ရှိ တည်းခိုးခန်းတွင် မှတ်ပုံတင်ပေးထားခြင်းမရှိပဲလာရောက်တည်းခိုးသည့် အမျိုးသမီးတစ်ဦးကို ယနေ့ နေ့လယ်ပိုင်းက သေဆုံးနေလျှက်တွေ့ရှိခဲ့ကြောင်း နယ်မြေရဲစခန်းမှသိရသည်။ ယမန်နေ့ ဧပြီ(၂)ရက် ည(၁၁)နာရီအချိန်က ၎င်းအမျိုးသမီးသည် အမည်မသိအမျိုးသားတစ်ဦးနှင့်အတူ အခန်းအမှတ် C-001တွင်လာရောက်တည်းခိုခဲ့ကြပြီး အတူတည်းခိုသူအမျိုးသားမှာ ဧပြီ(၃)ရက် နေ့လယ် ၁နာရီခွဲအချိ န်က ပြန်လည်ထွက်ခွာခဲ့ပြီးနောက် မန်နေဂျာဖြစ်သူက အခန်းအားကြည့်ရှု့စစ်ဆေးခဲ့ရာ အမျိုးသမီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည့်အတွက် နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့သို့အကြောင်းခဲ့သည့်အပေါ် အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးစိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ ဒုရဲမှူးဇော်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့ နယ်ရဲမှူးဇော်ဝင်းနိုင်၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအခန်းအတွင်းရှိ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် စောင်ခြုံပြီးမျက်နှာတွင် တဘက်အဖြူ ရောင်အုပ်လျှက်ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင်…

မန္တလေးတွင် Online မှ ကာမစိတ်ကြွဆေးဝါးရောင်းချသူအား ဖမ်းဆီးအရေးယူ

ဧပြီ ၃ မန္တလေးမြို့  ချမ်းအေးသာစံမြို့ နယ်တွင် သင်္ကြန်ကာလမှုခင်းများလျော့နည်းကျဆင်းရေးအတွက် လိုင်စင်မဲ့အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် facebook online ကိုအသုံးပြု၍ ကာမစိတ်ကြွဆေးဝါးများ ရောင်းချသူကို ဖမ်းဆီးအရေးယူထားကြောင်း နယ်မြေစခန်းမှသိရသည် ယင်းမြို့ နယ်ရှိ ၂၈လမ်း ၇၆×၇၇ လမ်းကြားတွင် ဧပြီ၂ရက်၊နေ့လည်၁နာရီအချိန်က ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်ကိုဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့ မရဲစခန်းမှ ရဲအုပ်ထင်လင်းကျော်နှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ facebook online ကို အသုံးပြု ၍ ကာမဆေးဝါးများရောင်းချသည့်ဖုန်းနံပါတ်အတိုင်း ဖုန်းဆက် ချိန်းဆိုခဲ့ကာ စောင့်ဆိုင်နေစဉ် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ သက်ထွဋ်အောင် အား သက်သေများရှေ့တွင်စစ်ဆေးခဲ့ကြသည်၊ ထိုသို့စစ်ဆေးခဲ့ရာ သက်ထွဋ်အောင်ဆိုသူထံတွင် Blue Wizard တံဆိပ်ပါအမျိုးသမီးသောက်ဆေးရည်(၃)ဘူး Play Boy တံဆိပ်ပါ အစိမ်းရောင်နှင့်အမည်းရောင်တွဲလျှက်အမျိုးသားသောက်ဆေးတောင့်(၃)တောင့်၊ အမျိုးသားအသုံးပြုသည့် ရာဘာစွပ်(၁)ခုတို့ကိုတွေ့ရှိခဲ့သဖြင့်…

ပဲခူးရိုးမတွင် ပေ၂၀၀ခန့်ရှိချောက်အတွင်း ၆ဘီးယာဉ် ပြုတ်ကျတိမ်းမှောက် ၁၆ဦးသေဆုံး

အုတ်တွင်း မတ် ၃၁ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်ပြီး ချောက်အတွင်းထိုးကျသွားရာ လူ၁၆ဦးသေဆုံးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ယမန်နေ့ (မတ်လ ၃၀ရက်) ည ၇နာရီခွဲခန့်အချိန်က အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကြက်သျှာရွာအနီးရှိ မရမ်းတံတား အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင်အမှတ် ၇၁/၇အနီးတွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။ အုတ်တွင်းဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ ယာဉ်မောင်း တိုးမောင်(ခ)အောင်သူရ တောင်ငူမြို့နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်မင်းထွန်း(၃၆)နှစ် ထန်းတပင်မြို့နေသူ အပါအဝင် ယာဉ်ပေါ်ပါရှိသူ စုစုပေါင်း ၄၀ ဦးခန့် က ယာဉ်အမှတ်YGN 9H/×××× FUSOအမျိုးအစား အဖြူရောင် ခြောက်ဘီးယာဉ်သည်မောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းတွင်ရှိသော အချက်ပြရောင်ပြန်များအား တိုက်မိပြီး လမ်း၏ယာဘက်ခြမ်းရှိ ပေ(၂၀၀)ခန့်အနက်ရှိသောချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်ပါရှိသူ(၁၆)ဦးသေဆုံးခဲ့ပြီး (၁၆)ဦးမှာပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား အုတ်တွင်းပြည်သူ့ဆေးရုံသို့တင်ပို့ဆေးကုသထားရသည်။…

အမျိုးသားသောက် ကိုယ်ဝန်တားဆေးအသစ် ကနဦးစမ်းသပ်မှုများ လုပ်ဆောင်ပြီးစီးဟုဆို

လော့အိန့်ဂျလစ်၊ မတ်(၃၀) အမျိုးသားသောက် ကိုယ်ဝန်တားဆေး ဆေးလုံးအသစ်မှာ ပဏာမစမ်းသပ်မှုများ လုပ်ဆောင်ပြီးစီးခဲ့ပြီး အမျိုးသမီးများ ကိုယ်ဝန်ရခြင်းမှ တားဆီးပေးသည့် ပုံစံအသစ်တစ်မျိုး ဖြစ်လာတော့မည် ဖြစ်သည်။ အမျိုးသမီးများ ကိုယ်ဝန်တားဆေးသုံးခြင်းနှင့် အလားတူအာနိသင်ရှိသော ဆေးလုံးအသစ်မှာ ဘေးကင်းလုံခြုံမှု စမ်းသပ်ချက် ပထမအဆင့် အောင်မြင်ထားပြီး အမျိုးသား ၃၀ ဦး သောက်သုံးစမ်းသပ်ခဲ့ရာ အမျိုးသမီးများ သန္ဓေရခြင်းကို ထိန်းချုပ်ပေးသော ဟိုမုန်းတမျိုး ထုတ်လုပ်ပေးသည်ကို တွေ့ရှိခဲ့သည်ဟု လော့အိန့်ဂျလစ်မြို့ဇီဝဆေးပညာသုတေသနအင်စတီကျုနှင့် ဝါရှင်တန်တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော သုတေသနအရ သိရသည်။ မူးယစ်ဆေးများအတွက် အစောပိုင်းကာလများက အ စားအသောက်နှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) ကခွင့်ပြုချက်မတင်သွင်းရသေးသည့် အခြေအနေတွင် သုတေသနလုပ်ခဲ့သည့် ပုံစံနှင့်ဆင်တူသည်။ သို့သော် လော့အိန့်ဂျလစ် ဇီဝဆေးပညာဋ္ဌာနမှ ဦးဆောင်သူသုတေသီ ဒေါက်တာခရစ်တီးနာဝန်က ယခုသုတေသနရလဒ်များမှာ ထိရောက်သော အမျိုးသားဘက်မှ သန္ဓေတားဟော်မုန်းများ ထုတ်လုပ်ပေးသည့်…

ဂမ်ဘီယာသမ္မတဟောင်းယဟ်ယာ နိုင်ငံပိုင်ငွေကြေး ဒေါ်လာ ၃၆၂ သန်း ခိုးယူထားကြောင်း စစ်ဆေးတွေ့ရှိ

မတ် ၃၀ ဂမ်ဘီယာသမ္မတဟောင်း ယဟ်ယာဂျမီးဟ်က သူ၏ ၂၂နှစ်တာ အုပ်စိုးမှုကာလအတွင်း နိုင်ငံတော်ပိုင် ငွေကြေး ၃၆၂ သန်းထက်မနည်း ခိုးယူခဲ့သည်ဟု အနောက်အာဖရိကဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးက နှစ်နှစ်တာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ပြောကြားသည်။ ၁၉၉၄ ခုနှစ် အာဏာသိမ်းမှုဖြင့် အာဏာရခဲ့သူ ယဟ်ယာဂျမီးဟ်က ၂၀၁၇ ခုနှစ်တွင် သမ္မတအဒမာဘာရိုကို ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရာ အာဏာလွှဲပေးရန် အာဖရိကတပ်များ ဂမ်ဘီယာမြို့တော်အနီးထိ ရောက်ရှိလာ၍ အီကွေတာဂီနီသို့ ထွက်ပြေးသွားခဲ့သည်။ ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘက္ကရ်က စုံစမ်းရေးကော်မရှင် ပြုစုခဲ့သည့်အစီရင်ခံစာ အကျဉ်းချုပ်ကို သောကြာနေ့က သတင်းထောက်များအား ပြောကြားသည်။ အများပြည်သူသို့ လူသိရှင်ကြားမထုတ်ပြန်ရသေးသည့် အစီရင်ခံစာတွင် မျက်မြင်သက်သေ ၂၅၃ ဦးနှင့် အင်တာဗျူးများအပေါ် အခြေခံထားသည်။ “သူ ခိုးထားတယ်ဆိုတဲ့ ငွေကြေးပမာဏဟာ ဒီနိုင်ငံရဲ့ သာမန်ပြည်သူလူများရဲ့…

စစ်ကိုင်း-မန္တလေးလမ်းတွင် လူတစ်ဦးသတ်ခံရ၊ ကျူးလွန်သူ ၅ဦးအနက် ၃ဦးဖမ်းမိ

မတ် ၃၀ မန္တလေးမြို့  ချမ်းမြသာစည်မြို့ နယ် စစ်ကိုင်း-မန္တလေးကားလမ်း(၈၆)လမ်း၊ ရွှေတချောင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသား(မိန်းမလျာ)တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ငါးဦးအနက် သုံးဦးဖမ်းမိထားကြောင်း အမှတ် ၁၀မြို့ မရဲစခန်းမှသိရသည်။ မတ်လ၂၃ရက်၊ ည(၉)နာရီခွဲအချိန်က အမှတ်(၁၀)မြို့ မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း-မန္တလေးကားလမ်းတွင် scoopyi ဆိုင်ကယ်နှင့်အတူ အသက် ၃၀အရွယ်အမျိုးသား(မိန်းမလျာ)တစ်ဦး ဒဏ်ရာများနှင့်အတူ လဲကျနေကြောင်း သတင်းရရှိသဖြင့်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ယင်းနေရာတွင်ချွန်ထက်သောဒဏ်ရာများနှင့် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါဒဏ်ရာဖြင့် လဲကျနေသူကို ညာဘက်ရင်အုံချွန်ထက်သောအရာဖြင့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ညာဘက်လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်လက်လက်မောင်းထိုးသွင်းဒဏ်ရာ လေးချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာတစ်ချက်တို့နှင့်အတူ တွေ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည် ” ကျွန်မတို့နဲ့အကယ်ဒမီပေးပွဲကြည့်ရင်းနဲ့ ဖုန်းလာလို့ထွက်သွားတယ်။ ညကျခုလိုမျိုးကြားရတာဘဲ။ ကျွန်မတို့ကအနေနဲ့ကအမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ်။ ပြစ်မှုကျူးလွန်သူကို…

စမ်းချောင်းမြို့ နယ်တွင် စည်ပင်ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးအား ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်

ရန်ကုန်။ မတ် ၃၀ ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့ နယ်တွင် စည်ပင်သာယာရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်း တစ်ဦးအား ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး၊ စည်ပင်သာယာကော်မရှင်မှ ဥပဒေနှင့် ညီညွတ်သည့်အတွက် ယှဉ်ပြိုင်ခွင့်ပြုလိုက်ခြင်းအပေါ်ကျေနပ်မှုမရှိသဖြင့် မြို့နယ်စည်ပင်သာယာကော်မတီ အဖွဲ့ ဝင်(၂)နေရာဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဦးကြည်အောင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယမန်နေ့ (မတ်လ၂၉ ရက်) နံနက်(၁၀)နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်မုန့် လက်ဆောင်းကုန်း(မြောက်)ရပ်ကွက်ရှိ ကျွန်းတောလမ်းနှင့်ရတနာပုံလမ်းဒေါင့်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကန့် ကွက်ခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်က “ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ကော်မရှင်ကို၊ ဒီလိုမျိုးကျွန်တော့ဘက်က အထောက်အထားဒေတာအချက် အလက်စုံလင်စွာဖြင့် ကန့် ကွက်တာတောင်မှ ပါလာတယ်ဆိုတော့ ဒီကော်မရှင်ကို ကျွန်တော်သံသယဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ လည်း မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ဗျာ“ ဟုပြောသည်။ ဦးကြည်အောင်က ၎င်း၏ပြိုင်ဖက်ဖြစ်သည့် NLD ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်ဒေါ်တိုးတိုးခိုင်အား ကိုယ်စားလှယ်လောင်း၏အရည်အချင်းများအရ ကိုက်ညီမှုမရှိဟုဆိုကာ ကန့် ကွက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြောသည်။ ဒေါ်တိုးတိုးခိုင်သည်…

လိင်တူဆက်ဆံမှု၊ အိမ်ထောင်ရေးဖောက်ပြန်သူများ သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်မှုအဖြစ် ဘရူနိုင်းဟိုတယ်များကို သပိတ်မှောက်ရန် ဂျော့ကလူနီတောင်းဆို

နယူးယောက်၊ မတ်(၃၀) အမေရိကန်ရုပ်ရှင်မင်းသား ဂျော့ကလူနီ George Clooney က လိင်တူချစ်သူများ လိင်ဆက်ဆံခြင်းနှင့် အိမ်ထောင်သည်များ အိမ်ထောင်ရေးဖောက်ပြန်မှုများအတွက် သေဒဏ်ချမှတ်မည့် ဘရူနိုင်းဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် ဘရူနိုင်းပိုင်ဟိုတယ်များကို သပိတ်မှောက်ကြရန် တောင်းဆိုခဲ့သည်။ ” ဘရူနိုင်းပိုင်ဟိုတယ်ကိုးခုထဲက ဘယ်ဟိုတယ်မှာပဲဖြစ်ဖြစ် ကျနော်တို့ တည်းခိုတာ ဒါမှမဟုတ် အစည်းအဝေး တွေလုပ်တာ ညစာ စားသောက်တာတွေလုပ်တဲ့ အချိန်တိုင်းမှာ ကျနော်တို့ငွေကြေးတွေ သူတို့အိပ်ကပ်ထဲ တိုက်ရိုက်ရောက်သွားတယ်။ သူတို့က သူတို့နိုင်ငံသား တွေ လိင်တူဆက်ဆံတာ သို့မဟုတ် အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲခံရသူတွေကို ကျောက်ခဲနဲ့ပေါက်သတ်တာ၊ ကြိမ်ဒဏ်ပေးတာတွေ လုပ်ဖို့ ရွေးချယ်ထားသူတွေ ဖြစ်တယ်။ ခင်ဗျားတို့ မရှက်တာက အဲဒီသတ်ဖြတ်နေတဲ့ အာဏာရှင်တွေနဲ့ပတ်သက်လို့ ကျနော်နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတို့လုပ်နေတာက သူတို့နဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာ ရေးနဲ့…

ကော့သောင်းမြို့နယ်တွင် ကျပ် ဘီလျံ ၄၃၀ ကျော် တန်ဖိုးရှိ Ice များဖမ်းမိ

မတ် ၃၀ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄၃၄၂၅ဝ သိန်းတန်ဖိုးရှိ Ice မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၂၄ ရက် နေ့လယ် ၁၂း၂ဝ အချိန်တွင် တပ်မတော်(ရေ)မှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မြောက် တော်ဝင်ကျွန်းအနောက်ဖက် ရေမိုင်(၂ဝ)မိုင်ခန့်အကွာတွင်တွေ့ရှိသော စက်လှေအားစစ်ဆေးရှာဖွေရာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းစက် လှေပေါ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နေသူများဖြစ်သည့် မင်းသိန်း ၄၈ နှစ်၊ ချစ်လွင် ၆ဝ နှစ်၊ မင်းဇော် ၄၇ နှစ်၊ အောင်စိုး ၆ဝ နှစ်၊ ဧရာဝတီတိုင်း၊ ငပုတောမြို့နေ ဇော်ဝင်း ၃၈ နှစ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နေသူများ ဖြစ်သည့် စိန်ဝင်းမောင် ၄၅ နှစ်နှင့် ကျော်သူဇင်…

အ‌ဖော်‌အချွတ်‌အကမယ်‌ဘဝမှာ အမျိုးသားတချို့ဆီက ‌ငွေအလစ်‌သုတ်‌ခဲ့ဖူး‌ကြောင်း Cardi B ဝန်‌ခံ

မတ်‌ ၃၀ ကမ္ဘာ‌ကျော်‌ရပ်‌ပါအဆို‌တော်‌ Cardi B ဟာ သူမ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ လုပ်‌ကိုင်‌ခဲ့စဉ်‌က သူမနဲ့ အိပ်‌စက်‌ခဲ့ဖူးတဲ့ အမျိုးသားတချို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့ဖူး ‌ကြောင်း ဝန်‌ခံ‌ပြောကြားခဲ့ပါတယ်‌။ Cardi B အ‌နေနဲ့ အခုလို ဝန်‌ခံလိုက်‌ရတာဟာ လွန်‌ခဲ့တဲ့ (၃) နှစ်‌ခန့်‌က သူမရဲ့ လူမှုကွန်‌ရက်‌စာမျက်‌နှာမှာ Live လွှင့်‌‌ ‌ပြောကြားထားချက်‌အ‌ပေါ် လူတချို့က ‌ဝေဖန်‌တိုက်‌ခိုက်‌လာကြတာ‌‌တွေ‌ကြောင့်‌ ဖြစ်‌ပါတယ်‌။ အဆိုပါ Live ထဲမှာ‌တော့ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ သူမ အသက်‌‌မွေးဝမ်း‌ကြောင်းခဲ့စဉ်‌က သူမနဲ့ လိင်‌ဆက်‌ဆံလိုသူ အမျိုးသားတချို့ကို ‌ဖြား‌ယောင်း‌သွေး‌ဆောင်‌ပြီး အတူတူ ဟိုတယ်‌တက်‌ခဲ့ကြပါတယ်‌။ အဲဒီ‌နောက်‌မှာ‌တော့ သူမဟာ သူတို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့‌ကြောင်း Live လွှင့်‌ပြီး ဂုဏ်‌ယူ‌ပြောကြားခဲ့ဖူးပါတယ်‌။ အဆိုပါ Live လွှင့်‌ခဲ့မှုနဲ့ပတ်‌သက်‌ပြီး…