crime | Myanmar News Agency

မန္တလေးတွင် (၇)နှစ်အရွယ်မိန်းကလေးကို ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက်သူအား ဖမ်းဆီးအရေးယူ

မန္တလေး မတ် ၁၈ မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်တွင် ခုနှစ်နှစ်အရွယ်မိန်းကလေးကို ဓမ္မတာနှင့် ဆန့်ကျင် ကာမစပ်ယှက်သူအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ အောင်မြေသာစံမြို့ နယ်၊ အမရဌာနီအရှေ့၊ အကွက် (၃၂)တွင် နေထိုင်သည့် ဒေါ်×××× သမီးဖြစ်သူ ခုနှစ်နှစ်အရွယ်မိန်းကလေးတစ်ဦး ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်မှု ပြု

Read more

မန္တလေးတွင် စွန်ပစ်ခံရသော မွေးကင်းစ ကလေးငယ် (၁)ဦး သေဆုံးလျှက်တွေ့

မန္တလေး မတ် ၁၇ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် စွန်ပစ်ခံရသော မွေးကင်းစ ကလေးငယ်တစ်ဦးကို သေဆုံးလျှက် တွေ့ရှိကြောင်း သတင်းရရှိသည်။ ချမ်းမြသာစည်မြို့ နယ် အောင်ပင်လယ်ရပ်ကွက် ၄၆×၄၇ လမ်းကြားရှိ စွန့်ပစ်အမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်ခံရခြင်းဖြစ်ပြီး ယနေ့ နေ့လည် ၁နာရီခွဲအချိန်တွင် အဆိုပါကလေးငယ်အား

Read more

အိန္ဒိယတွင် မုဒိမ်းကျင့်ရန်ကြိုးစားရာ ငြင်းပယ်ရုန်းထွက်သည့် အမျိုးသမီး မီးရှို့သတ်ခံရ

ကိုတာ မတ် ၆ အိန္ဒိယနိုင်ငံ ရာဂျပ်စတန်ပြည်နယ် ကိုတာမြို့တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြိုးစားခဲ့ပြီးနောက် ငြင်းပယ်ခံရသဖြင့် အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့မှ ပြောကြားသည်။ ရီနာကိုလီ ၃၅ နှစ်ကို ရမ်ဘာရန်ရာဒဗ်ဆိုသူ ၃၁နှစ်အရွယ် အမျိုးသားက သူတို့နှစ်ဦး အိမ်ငှားနေရာအဆောက်အဦးအတွင်း အတင်းအဓမ္မ မုဒိမ်းကျင့်ရန်

Read more

အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်မှ ဖုန်း(၄၂)လုံးနှင့် ဆင်းကတ်(၅၆)ကဒ် ခိုးယူသူ (၁)ဦး ဖမ်းမိ

ရန်ကုန်၊ မတ် ၆ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် ဖွင့်လှစ်ထားသော ဖုန်းအရောင်းဆိုင်မှ လက်ကိုင်ဖုန်းများနှင့် ဆင်းကတ်များခိုးယူသူ တစ်ဦးဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ကို—–သည် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော လက်ကိုင်ဖုန်းအရောင်းဆိုင်အား ၁၇.၂.၂၀၁၈ ရက်နေ့ ည

Read more

တရုတ်ပြည်တွင် အလုပ်ရမည်ဟုပြော၍ လူ(၃၂)ဦး စည်းရုံးခေါ်ဆောင်သူ (၂)ဦးအား တောင်ကုတ်တွင် ဖမ်းမိ

မတ် ၅ တရုတ်ပြည်တွင် အလုပ်ရရှိမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ခဲ့သူ(၂)ဦးအား တောင်ကုတ်မြို့တွင် ဖမ်းဆီး အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ည ၈ နာရီအချိန် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ

Read more

ပဲခူးတွင် အိမ်အကူအမျိုးသမီး(၁)ဦး အလိုမတူဘဲ ခြိမ်းခြောက် သားမယားပြုကျင့်ခံရ

မတ် ၅ ပဲခူးမြို့တွင် အသက်(၄၀)နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦး အလိုမတူဘဲ ခြိမ်းခြောက် သားမယားပြုကျင့်ခံရ သဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နေ ဒေါ်××× (၄၀)နှစ်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နေ ဦး×××နှင့် ဒေါ်×××တို့၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊

Read more

ပုသိမ်တွင် ညအချိန်ဆိုင်ကယ်နှင့် လုယက်သူများ ဖမ်းမိ

ပုသိမ် မတ် ၄ ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ညဘက်ဆိုင်ကယ်ဖြင့် လုယက်သူများကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုသိမ်မြို့ လူမူကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော ‘ပုသိမ်သူပုသိမ်သားများဆုံဆည်းရာဂရု’မှ မတ်လ ၂ရက်နေ့ ည၉း၀၀ နာရီအချိန် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်၊ ဘန့်ဘွေးကုန်းလမ်းမကြီးပေါ်တွင် အမျိုးသမီး နှစ်ဦးစီးလာသော

Read more

မန္တလေးတွင် (၆)နှစ်အရွယ် ကလေး(၁)ဦး သားမယား ပြုကျင့်ခံရ

မတ် ၃။ မန္တလေးမြို့တွင် (၆)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သားမယားပြုကျင့်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ (မတ်လ ၁ ရက်) ည ၆ နာရီအချိန် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ××××ရပ်ကွက်နေ ဒေါ်×××(၃၃)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ မ×××

Read more

တောင်ဥက္ကလာပတွင် နေအိမ်အတွင်းဝင်၍ ရွှေထည်ပစ္စည်းများ ခိုးယူသူကို အချိန်တိုအတွင်း ဖမ်မိ

ရန်ကုန်၊ မတ် ၃ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများ ခိုးယူသူကို ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂ရက်) မွန်းလွဲ ၁၂း၃၀ နာရီအချိန်တွင် တောင်ဥက္ကလာပ မြို့နယ်နေ ဒေါ်—-

Read more

နမ့်ခမ်းမြို့အဝင်မုဒ်ဦးတွင် တရားမဝင်သစ်များ တင်ဆောင်ထားသော ယာဉ်(၃)စီး ဖမ်းမိ

မတ် ၃ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့အဝင်မုဒ်ဦးတွင် တရားမဝင်သစ်များ တင်ဆောင်ထားသော ယာဉ်(၃)စီး ဖမ်းမိရခဲ့ကြောင်း သစ်တောဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (မတ်လ ၃ရက်)တွင် ရှမ်းပြည်နယ်(လားရှိုး)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ် ဦးစီးဌာနမှူး ခေါင်းဆောင်သော သစ်တောဝန်ထမ်းများ၊

Read more