ထိုင်းရွေးကောက်ပွဲ ဝန်ကြီးချုပ်ပရာယွတ်ထောက်ခံသည့် PPRP ပါတီ ထိပ်ဆုံးမှ ဦးဆောင်နေ

ဘန်ကောက်၊ မတ် ၂၄ ထိုင်းနိုင်ငံတွင် ၅ နှစ်အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲကို ယနေ့မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိထိုင်းတစ်နိုင်ငံလုံးတွင် ကျင်းပခဲ့ပြီး ဆန္ဒမဲများကိုရေတွက်လျက်ရှိရာ ထိုင်းစံတော်ချိန် ည ၁၀ နာရီအထိ တစ်နိုင်ငံလုံး မဲ ၉၂ ရာခိုင်နှုန်းကျော် ရေတွက်ပြီးသည်အထိ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကို ထောက်ခံသည့် PPRP ပါတီက ထိပ်ဆုံးတွင်ရှိနေပြီး ဖုဝါထိုင်းပါတီက ဒုတိယနေရာတွင် ရှိနေသည်။ တနင်္ဂနွေညပိုင်းအထိ အာဏာသိမ်းခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကို ထောက်ခံသည့် ဖလန်းပရာချားရတ် ပါတီ (PPRP – ပြည်သူ့ စွမ်းအား) ပါတီနှင့် အဝေးရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ချုပ်ကိုင်ထားသည့် လက်ရှိခေါင်းဆောင် အမျိုးသမီး ဆူဒါလပ် ကေယုဒါဖန် ၏ ဖုဝါထိုင်း…

ပထမဆုံး​မြေ​အောက်​ရထားလမ်း အင်ဒိုနီးရှား ဖွင့်​လှစ်

မတ်​ ၂၄ အင်​ဒိုနီးရှားရဲ့ ပထမဆုံး မြေ​အောက်​ရထားလမ်းဖွင့်​ပွဲအခမ်းအနားကို ဒီက​နေ့ တနင်္ဂ​နွေ​နေ့မှာ အင်​ဒိုနီးရှားနို​င်​ငံရဲ့ မြို့​တော်​ ဂျကာတာမှာ ပြုလုပ်​သွားခဲ့ပါတယ်​။ ဖွင့်​လှစ်​ပြီး မိနစ်​ပိုင်းအကြာမှာပဲ ၁၆ကီလိုမီတာ (၁၀မိုင်​) အရှည်​ရှိတဲ့ ​မြို့​တော်​ရဲ့​တောင်​ပိုင်း မှ ဂျာကာတာမြို့လယ်​ သွားရာလမ်း​ကြောင်းကို စတင်​ပြီး ​ပြေးဆွဲခဲ့ပါတယ်​။ ​နောက်​ထပ်​လမ်းပိုင်းတစ်​ခုဖြစ်​တဲ့ မြို့​တော်​ရဲ့​မြောက်​ပိုင်းသို့ ​ပြေးဆွဲမဲ့ ဒုတိယ​မြောက်​ လမ်းပိုင်းက​တော့ ၂၀၂၄ ခုနှစ်​မှာပြီးစီးနိုင်​မယ်​လို့​မျှော်​လင့်​​ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက မီဒီယာ​တွေကို​ပြောပါတယ်​။ ဒီ ရထားလမ်းစီမံကိ​န်း နှစ်​ခုအတွက်​ ​ဒေါ်လာ ၂.၆ ဘီလီယံကုန်​ကျတယ်​လို့လည်း သမ္မတက​ပြောပါတယ်​။ ” ကျွန်​​တော်​တို့အ​နေနဲ့ ​ဒီလို ပထမဆုံး​မြေ​အောက်​ရထားလမ်းဖွင့်​လှစ်​လိုက်​ခြင်းအားဖြင့်​ ဂျကာတာမြို့​တော်​အတွက်​ ​ခေတ်​မီတဲ့ လူ​နေမှုအဖွဲ့အစည်းတစ်​ခုဖြစ်​​ပေါ်လာမှာဖြစ်​ပါတယ်​” လို့ ရထားလမ်းဖွင့်​ပွဲကို တက်​​ရောက်​လာတဲ့ ဧည့်​သည်​​တော်​များ မီဒီယာများကို သမ္မတဝီဒိုဒို က​ပြောကြားသွားခဲ့ပါတယ်​။ ဒီက​နေ့ တနင်္ဂ​နွေ​နေ့မှာ…

နိုင်ငံခြားပို့ရန် အမြန်ချောပို့ဌာနရောက်ရှိနေသည့် ဂျပ်ဖာအတွင်းထည့်ထားသော မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိ

မတ် ၂၄ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်၊ ၇၃လမ်းရှိဟိုတယ်တစ်ခုတွင်ဖွင့်လှစ်ထားသည့် DHL အမြန်ချောပို့ (ပြည်ပသီးသန့်ဌာန) ပါဆယ်ပစ္စည်းပို့လုပ်ငန်းတွင် နိုင်ငံခြားသို့ တင်ပို့ရန်အပ်နှံထားသည့် အညိုရောင်ဂျပ်ဖာအတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရှိသဖြင့် လူ(၃)ဦးကိုဖမ်းဆီးထားသည်ဟု အမှတ်(၉)မြို့ မရဲစခန်းမှ သိရသည်။ ပြည်ပအမြန်ချောပို့ကုန်လုပ်ငန်းတွင် မတ်လ ၂၂ ရက် ညနေ(၃)နာရီက မောင်ကျွန်းစင်နှင့် အမည်မသိအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့က နယူးဇီလန်နိုင်ငံသို့ပို့ရန် ဝိုင်ဖန်ခွက်များဟု ပြောဆိုပြီး မသင်္ကာဖွယ်အညို ရောင်၊ စက္ကူ ဂျပ်ဖာတစ်ဖာလာပို့ဆောင်ထားကြောင်း မတ်(၂၃) ရက်၊ နံနက်(၉)နာရီခွဲက မြို့ မရဲစခန်းကိုအကြောင်းကြားသဖြင့် မူးယစ်တပ်ဖွဲ့(၁၈)မှတပ်ဖွဲ့စုဝင်များ၊ မြို့ နယ်ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် အနီရောင် SECTURITY CHECCKED ကပ်ထားသောအညိုရောင်ဂျပ်ဖာ စက္ကူပုံးအား ဖွင့်ဖောက်ရှာဖွေရာ အဝါရောင်ဂျပ်ဖာဘူးအတွင်းဝိုင်ဖန်ခွက်(၂)ခွက်၏ အောက်ရှိအံ့ဝှက်အတွင်းထည့်ထားသော ငွေရောင်ပလပ်စတစ်အိတ်အတွင်းမှ အိုက်(စ်)(မက်သာအက်ဖီတမင်း)ဟု…

အတွင်းခန်းကျယ်ကျယ်နဲ့ Ford Fiesta ST

ပြည်တွင်းမှာလည်း အရောင်းပြခန်း ရှိနေတဲ့ အမေရိကန် အခြေစိုက် Fordရဲ့ မော်ဒယ်ပါ။ အများစုကတော့ Fordလို့ ပြောလိုက်တာနဲ့ ကားကတော့ မာမယ်၊ အင်ဂျင်ကြီးလို့ ဆီစားများမယ် ထင်ကြပေမယ့် အခု နောက်ပိုင်း Fordရဲ့ မော်ဒယ်တွေက ဆီစား သိသာလောက်အောင် ချိုလာပါတယ်။ အခု မော်ဒယ် ဆိုရင်လည်း စွမ်းဆောင်ရည်ပိုင်း ဦးစားပေး ထုတ်လုပ်ထားတဲ့ မော်ဒယ် မဟုတ်ပေမယ့် ဆီစားနှုန်းကတော့ အရမ်းချိုပါတယ်။ အခုနှစ် ဈေးကွက်ထဲက လူကြိုက်များ မော်ဒယ်တွေထဲမှာ ဆီစား အချိုဆုံး စာရင်းဝင်ပါလိမ့်မယ်။ ဆီတစ်ဂါလံကို မြို့တွင်းလို လမ်းကျပ်ကျပ်မှာတောင် တစ်ဂါလံ ၂၆မိုင်ထိအောင် စီးနိုင်ပြီး လမ်းကြောင်း ရှင်းတဲ့ အဝေးပြေး လမ်းတွေမှာတော့ ၃၃မိုင်လောက်ထိအောင် ရမှာပါ။ ဈေးနှုန်း ဒေါ်လာ ၂၂၁၆၀ပဲ ရှိပါတယ်။…

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်(၆)ခုတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့

ဘန်ကောက်၊ မတ်လ (၂၄) စနေနေ့ညနေပိုင်းက အိန္ဒိယသမုဒ္ဒရာအတွင်း ငလျင်နှစ်ခုလှုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဋ္ဌာနက ထိုင်းနိုင်ငံ ရနောင်း၊ ဖူးခက်၊ ဖန်ငါ၊ ကရာဘီ၊ ထရန်နှင့် ဆာတန် အပါအဝင် ခရိုင်ခြောက်ခုတွင် စနေနေ့ညပိုင်းက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ စနေနေ့ ညနေ ၆ နာရီ ၂၉ မိနစ်တွင် အိန္ဒိယ ကပ္ပလီကျွန်းများပတ်လည်ဧရိယာတွင် ပြင်းအား ၅.၀ ရှိ ငလျင်လှုပ်ခဲ့ပြီး စနေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၄ မိနစ်တွင် ထိုင်းနိုင်ငံဖူးခက်ခရိုင် ကမ်းခြေမှ ၆၃၀ ကီလိုမီ တာ ကွာဝေးသောနေရာကို ပြင်းအား ၅.၂ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခဲ့ပြီးနောက် အဆိုပါသတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းအရာရှိများက…

ISIS အုပ်စုကို ဆီးရီးယားမှ အပြီးသတ်ချေမှုန်းရှင်းလင်းခဲ့ဟု အမေရိကန်ကျောထောက်နောက်ခံပြု ညွန့်ပေါင်းတပ်ဖွဲ့ကြေညာ

ဝါရှင်တန်၊ မတ်(၂၃) ဆီးရီးယားအရှေ့ဘက်ပိုင်းရှိ အမေရိကန်ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားများက ဆီးရီးယား နှင့်အီရတ်နယ်မြေသုံးပုံတစ်ပုံကို ခြေကုပ်ယူထားသော ISIL အုပ်စုကို လေးရက်ကြာတိုက်ပွဲများ ဆင်နွဲ၍ ချေမှုန်းခဲ့ပြီးနောက် နောက်ဆုံးအောင်ပွဲကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ၏ တာဝန်ရှိသူတစ်ဦးက အစ္စလာမ့်နိုင်ငံတော်အုပ်စု (ISIL/ISIS) ကို အောင်မြင်စွာ တိုက်ထုတ်ချေမှုန်းလိုက်ကြောင်း စနေနေ့တွင် တွစ်တာမှတဆင့် ကြေညာခဲ့သည်။ သောကြာနေ့တွင် SDF မီဒီယာရုံးအဖွဲ့ ခေါင်းဆောင် မုစ်သဖာဘာလီက ISIS အဖွဲ့ဝင် အကြွင်းအကျန်များကို Baghouz ဝန်းကျင်တွင် ဆက်လက်တိုက်ခိုက်နေကြောင်း Twitter တွင် ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ISIL အဖွဲ့ ဆီးရီးယားတွင် နောက်ထပ်ရှိတော့မည်မဟုတ်ကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ ဖလော်ရီဒါသို့ ခရီးသွားတော့မည့် သမ္မတထရမ့်ကို Air…

မောင်တောမြို့နယ်တွင် ကျပ်သိန်း ၃၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မတ် ၂၃ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်း ၃၄,၉၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၇၄၅,၂၅၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်သည်။ သတင်းအရ မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အမှတ်(၄၆)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ အငူမော်မှ မောင်တောသို့ အေးမင်းအောင်(၂၇)နှစ်၊ မောင်းနှင်လာသည့် ၇ဂ/—– Toyota Gaia ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်ပါလက်ဆွဲအိတ် ၉ အိတ်အတွင်းမှ WY/R စာတန်းပါစိတ်ကြွဆေးပြား ၁,၇၄၅,၂၅၀ ပြား(၁ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၃၄,၉၀၅ သိန်း)ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းဒင်နယ်မြေရဲစခန်းမူးယစ်(ပ)၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။…

ဆိုင်ကလုန်းမုန်တိုင်းကြီး(၂)ခု သြစတေးလျသို့ တပြိုင်နက်ဝင်ရောက်၊ မြေပြိုမှုနှင့် မိုးကြီးလေထန်မှုများကြောင့် ဒေသခံများဘေးလွတ်ရာ တိမ်းရှောင်

ဆစ်ဒနီ၊ မတ်(၂၃) သြစတေးလျမြောက်ပိုင်း ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်းကြီး ထရေဗာဦးတည်တိုက်ခတ်နေ၍ ဒေသခံထောင်ပေါင်းများစွာတို့ သောကြာနေ့ကတည်းက ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။ ဆိုင်ကလုန်းမုန်တိုင်းကြီးထရေဗာဝင်ရောက်လာ၍ စနေနေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် ကွင်းစ်လန်းမြောက်ပိုင်းနှင့် မက်စ်အာသာဆိပ်ကမ်းတို့တွင် မြေပြိုမှုများစတင်ဖြစ်ပွားခဲ့သည်ဟု မိုးလေဝသဗျူရိုမှ ပြောကြားသည်။ အဆိုပါ အဆင့် ၄ ဆိုင်ကလုန်းမုန်တိုင်းထရေဗာမှာ စနေနေ့တွင် ဘော်ရိုလုလာကျွန်းအနီး ကမ်းရိုးတန်းကို ဗဟိုပြု၍ တစ်နာရီ ၉၅ ကီလိုမီတာနှုန်းမှ ၁၁၅ ကီလိုအထိ လေပြင်းများတိုက်ခတ်လျက်ရှိသည်။်ဝန်ကြီးမိုက်ကယ်ဂန်းနားက အဓိကဦးစားပေးမှာ အများပြည်သူ ဘေးကင်းလုံခြုံရေးဖြစ်ကြောင်း “ကျနော်တို့က ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံရေး အသေချာကြိုးစားလုပ်ဆောင်နေတယ်။ ကျနော်တို့ တတ်နိုင်သမျှ ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို လုပ်နေတယ် ” ဟု ပြောကြားခဲ့သည်။ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က သောကြာနေ့မှ စ၍ လူထောင်ပေါင်းများစွာတို့ကို ရွှေ့ပြောင်းပေးခဲ့ပြီး…

မန္တ​လေးတွင်​ နိုင်ငံတကာအဆင့်မီ မော်တော်ကား အရောင်းပြပွဲကြီး ကျင်းပမည်

မတ် ၂၂ မန္တ​လေးမြို့တွင်​ နိုင်ငံတကာ အဆင့်မီ မော်တော်ကား အရောင်းပြပွဲကြီး ကျင်းပမည်ဖြစ် ကြောင်း CarsDB မှ သိရသည်။ ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့် ပတ်သက်သူများ အားလုံးအတွက် CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်အရောင်းပြပွဲကြီးကို မတ်လ ၃၀ ၊ ၃၁ ရက် နှင့် ဧပြီလ ၁ ရက်တွင် Mandalay Convention Centerမှာ ကျင်းပမည်ဖြစ်သည်။ “တန်ဖိုးနည်း ၊ တန်ဖိုးသင့် ၊ တန်ဖိုးကြီးကားတွေကို တနေရာထည်းမှာ ဝယ်ယူလို့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ ကုမ္ပဏီ တွေလည်းပါဝင်ပါတယ်” ဟု CarsDB မှ Chief Operating…

တရုတ်သတို့သမီးအဖြစ် မြန်မာမိန်းကလေးများ လူကုန်ကူးရောင်းစားခံရမှု HRW အစီရင်ခံစာထုတ်ပြန်

ဘန်ကောက်၊ မတ် ၂၂ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်အတွင်း ဆယ်ကျော်သက်အမျိုးသမီးများ ရက်စက်ကြမ်းကြုတ်စွာ လူကုန်ကူးမှုခံရပြီး လိင်ပိုင်းဆိုင်ရာကျွန်ပြုမှုဖြစ်ရပ်များကို တရုတ်နှင့်မြန်မာအာဏာပိုင်များ ရပ်တန့်နိုင်ခြင်းမရှိဟု HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး၏ ယမန်နေ့က အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကြာသပတေးနေ့က ထုတ်ပြန်သည့်အဆိုပါအစီရင်ခံစာတွင် အမျိုးသမီးများ မကြာခဏဆိုသလို အလုပ်ရှာ ဖွေရန် တရုတ်ပြည်သို့ခရီးသွားစဉ် သူမတို့သဘောဆန္ဒမပါပဲ တရုတ်အမျိုးသားများအတွက် သတို့သမီးအဖြစ် ရောင်းချခံရသည်။ ရောင်းစားခံရသူအများစုကို တရုတ်မိသားစုများက ဖမ်းဆီးလှောင်ပိတ် အပြင်ထွက်ခွင့်မပေးပဲ အဓမ္မပြုကျင့်ခံရသည်ဟု အစီရင်ခံစာတွင် ရေးသားသည်။ ထွက်ပြေးလွတ်မြောက်လာသူများမှာ တရုတ်အမျိုးသားနှင့် ရထားသောကလေးကို ထားရစ်ခဲ့မှသာ ဖြစ်နိုင်ချေရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။ လူကုန်ကူးမှုများ၏ အန္တရာယ်များအကြောင်း သိရှိနားလည်လာစေရေး ပိုမိုအားထုတ်လုပ်ဆောင်ရန် လိုအပ် ကြောင်း လူကုန်ကူးခံရပြီး ပြန်ရောက်လာသည့် ဒုက္ခသည်များကို ထောက်ပံ့မှုများ ပိုမိုပေးအပ်ရန်နှင့် ဖော်ပြပါကိစ္စတွင် ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုရန် အစီရင်ခံစာတွင်…