မက္ကဆီကိုတွင် ငွေသယ်ဆောင်လာသည့်ကား လုယက်ခံရသဖြင့် ရဲ၅ဦးဘဏ်ဝန်ထမ်း၂ဦးသေဆုံး

on

 

မက္ကဆီကိုတွင် ငွေသယ်ဆောင်လာသည့်ကား လုယက်ခံရသဖြင့် ရဲ၅ဦးဘဏ်ဝန်ထမ်း၂ဦးသေဆုံး

 

၂၇ ဇူလိုင် ၂၀၁၇

မက္ကဆီကိုနိုင်ငံတောင်ပိုင်း အာကျူယိုဇင်ဂိုပြည်နယ်၌ လူမှုဖူလုံရေးလုပ်ငန်းအတွက် အသုံးပြုမည့် ရန်ပုံငွေများသယ်ဆောင်လာသည့် မော်တော်ယာဉ် ဇူလိင်၂၆ရက်နေ့က လုယက်တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်ငါးဦးနှင့်ဘဏ်ဝန်ထမ်းနှစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ဘဏ်ဝန်ထမ်းများလိုက်ပါလာသော ငွေတင်ဆောင်လာသည့်ကားသည် တောင်ကြားလမ်း၌ ဖြတ်သန်းနေစဉ် လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေနတ်သမားများက အမေရိကန်ဒေါ်လာ ၅၅ဝဝဝ ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မက္ကဆီကိုစစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့က ယင်းလုယက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

မက္ကဆီကိုအစိုးရ၏အစီအစဉ်အရ ဒေသတွင်းရှိ ဆင်းရဲနွမ်းပါး သူများအား တာဝန်ရှိသူများက ထောက်ပံ့ပေးမည့်ငွေကို လုယက်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံခဲ့ရသော ဘဏ်ဝန်ထမ်းနှစ်ဦးမှာ ဖွံ့ဖြိုးရေးဘဏ်မှဝန်ထမ်းများဖြစ်ကြပြီး အခြားဘဏ်ဝန်ထမ်းတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ သတင်းပို့တိုင်ကြားခဲ့သည်။

Ref : ဆင်ဟွာ

MUNA

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.