ကားလမ်းပိတ်တာတွေကို Google Map Traffic နဲ့ ကြည့်နိုင်ပြီ

တကယ်လို့ သင့်မှာ Android ဖုန်း(သို့) iPhone တစ်လုံးရှိနေပြီး၊ ဖုန်းထဲမှာ Google Map ကိုလည်း Install လုပ်ထားမယ်၊ Location Service ကိုလည်း Enabled လုပ်ထားမယ်ဆိုရင် …

အဲ့ဒီ Application ဟာ အမည်ဖေါ်ပြခြင်းမရှိပဲ Real Time Data တွေကို Google ဆီကို ပို့ပေးပါလိမ့်မယ်။

အဲ့ဒီ Information တွေကို အသုံးပြုပြီး မည်မျှသော ကားတွေဟာ လမ်းပေါ်မှာ ရှိနေလဲဆိုတာကို တွက်ချက်ပါလိမ့်မယ်။

တဆက်တည်း ဘယ်လောက်မြန်မြန် ရွှေ့လျားနေလဲဆိုတဲ့ အချက်အလက်ကိုပါ ယူပါလိမ့်မယ်။

Google Map ကို အသုံးပြုခြင်း များလာသည်နှင့်အမျှ ပိုပြီးမှန်ကန်တိကျတဲ့ Traffic Information တွေကို ကျနော်တို့ ရနိုင်ပါလိမ့်မယ်။

Google ဟာ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၁.၃ ဘီလီယံ နဲ့ သူတို့ဝယ်ယူခဲ့တဲ့ …

Waze ဆိုတဲ့ Application ဆီက Traffic Data တွေနဲ့လည်း ပေါင်းစပ်ထားပါသေးတယ်။ Waze ဟာ ဒေသတွင်းမှာရှိတဲ့ Department of Transportation က ပေးပို့တဲ့ Traffic Data တွေကို စောင့်ကြည့်တဲ့ အလွန်ကောင်းမွန်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook နဲ့ အခြားသော ကုမ္ပဏီတွေက ဝယ်ယူဖို့ကြိုးစားခဲ့ကြပေမယ့် အချို့သော အချက်အလက်အချို့မှာ သဘောတူညီမှူ မရရှိတာကြောင့် Google လက်ထဲကို ရောက်ရှိသွားရပါတယ်။

သတ်မှတ်ထားတဲ့ လမ်းတွေပေါ်က Traffic Pattern History တွေကို Google ဟာ သိမ်းဆည်းထားပါတယ်။ အဲ့ဒီကနေပဲ ဘယ် Traffic ဟာ ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာကို ဖေါ်ပြပေးတာဖြစ်ပါတယ်။ အဲ့လိုသိခြင်းအားဖြင့် ကျနော်တို့ဟာ ဘယ်လမ်းကို အကောင်းဆုံး ရွေးချယ်ရမယ်ဆိုတာ သိရှိနိုင်ပါလိမ့်မယ်။

အချို့သော သူတွေကတော့ Google ဟာ သူတို့ရဲ့ လှုပ်ရှားမှူတွေကို အချိန်တိုင်း စောင့်ကြည့်နေတယ်ဆိုပြီး Location Service ကို ပိတ်ထားလိုက်ကြပါတယ်။ သူတို့ဟာ ယာဉ်ကြောကျပ်ကျပ်တွေမှာပဲ နေ့တဓူဝ သွားလာနေကြတုန်းပါပဲ။

Author Zox.

 

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.