Xiaomi ကုမ္ပဏီက Redmi 5 စမတ်ဖုန်း၏ အသေးစိတ် အချက်အလက်များ ထုတ်ပြန်

on

Xiaomi ကုမ္ပဏီက Redmi 5 စမတ်ဖုန်း၏ အသေးစိတ် အချက်အလက်များ ထုတ်ပြန်

ဇူလိုင် ၁၆ ၂၀၁၇

စမတ်ဖုန်းဈေးကွက်တွင် နေရာပိုမိုရရှိ လာသည့် Xiaomi ကုမ္ပဏီသည် ၎င်းတို့၏ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်သည့် Redmi 5 ၏ အသေးစိတ် အချက်အလက်များ ပါဝင်သော ဓာတ်ပုံများကို ဝေဘို လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ဖော် ပြသလိုက်ပြီဖြစ်သည်။

အဆိုပါ စမတ်ဖုန်းသည် စွမ်းဆောင်ရည် နှစ်မျိုးဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး ပထမ တစ်မျိုးမှာ napdragon 625 chipset၊ 2GHz CPU နှင့် 3GB RAM တို့ဖြစ်ကာ ဒုတိယတစ်မျိုးမှာ Snapdragon 630 chipset၊ 2.2GHz CPU နှင့် 4GB RAM တို့ဖြင့် ဖွဲ့စည်းထားသည်။

အချက်အလက်သိုလှောင်မှုပမာဏမှာ 3GB RAM အတွက် 16GB/32GB ဖြစ်ပြီး 4GB RAM အတွက် 64GB ဖြစ်သည့် အပြင် နှစ်မျိုး စလုံးသည် MicroSD ထပ်စိုက်နိုင်သည့်အပြင် ဆင်းကတ် နှစ်ကတ်သုံး ဖုန်းများဖြစ်သည်။

မျက်နှာပြင်အရွယ်အစား ၅ လက်မရှိပြီး 1920 x 1080 x IPS LCD ကို တပ်ဆင် ပေးထားသည့်အပြင် ရှေ့ကင်မရာ အရည်အသွေး 16MP နှင့် နောက်ကင်မရာ အရည်အသွေး 5MP ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

ဈေးနှုန်း အနေဖြင့် အမေရိကန်ဒေါ်လာ ၁၂၆ ဒေါ်လာ၊ ၁၅၃ ဒေါ်လာ နှင့် ၁၆၂ ဒေါ်လာ အသီးသီး ရှိမည်ဖြစ် ကြောင်း သိရသည်။

Ref: GSMArena

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.