ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြား (၅)ဦးေသ၊ (၃)ဦး ဒဏ္ရာရ

on

မတ္ ၂၆

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြားရာ လူ ငါးဦးေသဆံုးၿပီး သံုးဦးဒဏ္ရာရခဲ႔ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မတ္လ ၂၃ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ ေကာ့ကရိတ္ ၿမိဳ႕နယ္၊ အာရွလမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၃၉-၁၄၁)ၾကား၌ ျမဝတီမွ ေကာ့ကရိတ္ၿမိဳ႕ဘက္သို႔ ဘားအံ ၿမိဳ႕နယ္၊ ထုံးအိုင္ေက်းရြာေန မႈံႀကီး(ခ)ေငြလင္းေအာင္(၃၆)ႏွစ္ေမာင္းႏွင္သည့္ 9G/×××× Odissey ယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္ လားရာတူအေရွ႕မွ ရပ္ထားသည့္ ကုန္တင္ယာဥ္အား အရွိန္ မထိန္းနိုင္ဘဲ ဝင္ေရာက္တိုက္မိခဲ့သျဖင့္ ယာဥ္ေမာင္း ေငြလင္းေအာင္(ခ)မႈံႀကီးႏွင့္ ၎ယာဥ္ေပၚတြင္ လိုက္ပါလာသူ တစ္ရြာတည္းေန စည္သူဟိန္း(၂၁)ႏွစ္ အပါအဝင္ ေလးဦး၊ ကုန္တင္ယာဥ္ေအာက္တြင္ ဂ်မ္းတုံးခုေနသူ ဧရာဝတီတိုင္းေဒသႀကီး၊ အိမ္မဲၿမိဳ႕နယ္ေန ဆန္နီ(၃၀)ႏွစ္တို႔တြင္ ဒဏ္ရာမ်ားအသီးသီးရရွိကာ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးသြားခဲ့ၿပီး Odissey ယာဥ္ေပၚတြင္ လိုက္ပါလာသူ ေဒၚသိန္းေငြ(၆၁)ႏွစ္ အပါအဝင္ သံုးဦးတို႔တြင္ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ေငြလင္းေအာင္ (ခ)မႈံႀကီးကို ေကာ့ကရိတ္ၿမိဳ႕မရဲစခန္း ယာဥ္(ပ)၂၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈/ ၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

MUNA
ဓါတ္ပံု – ရဲတပ္ဖြဲ႕

(Unicode)

မတ် ၂၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ လူ ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ကော့ကရိတ် မြို့နယ်၊ အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၉-၁၄၁)ကြား၌ မြဝတီမှ ကော့ကရိတ်မြို့ဘက်သို့ ဘားအံ မြို့နယ်၊ ထုံးအိုင်ကျေးရွာနေ မှုံကြီး(ခ)ငွေလင်းအောင်(၃၆)နှစ်မောင်းနှင်သည့် 9G/×××× Odissey ယာဉ်သည် အခင်းဖြစ်နေရာအရောက် လားရာတူအရှေ့မှ ရပ်ထားသည့် ကုန်တင်ယာဉ်အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ငွေလင်းအောင်(ခ)မှုံကြီးနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ရွာတည်းနေ စည်သူဟိန်း(၂၁)နှစ် အပါအဝင် လေးဦး၊ ကုန်တင်ယာဉ်အောက်တွင် ဂျမ်းတုံးခုနေသူ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်နေ ဆန်နီ(၃၀)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး Odissey ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဒေါ်သိန်းငွေ(၆၁)နှစ် အပါအဝင် သုံးဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူ ငွေလင်းအောင် (ခ)မှုံကြီးကို ကော့ကရိတ်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MUNA
ဓါတ်ပုံ – ရဲတပ်ဖွဲ့

Comments

comments