ရခုိင္ျပည္နယ္တြင္ ခြာနာလွ်ာနာေရာဂါ ကပ္အသြင္ျဖစ္ပြား

on

ေမ (၂၆)

ရခုိင္ျပည္နယ္တြင္ ခြာနာလွ်ာနာေရာဂါကပ္အသြင္ျဖစ္ပြားေနေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲထြန္းဝင္းကေျပာၾကားလုိက္သည္ဟု The Cattle Site သတင္းဌာနက ေဖာ္ျပထားသည္။

ကမာၻ႔တိရစၧာန္က်န္းမာေရးအဖြဲ႔ (OIE) က ေမလ ၂၈ ရက္ေန႔မွာ အေရးေပၚအသိေပးခ်က္ရရွိခဲ့ၿပီး ခြာနာလွ်ာနာေရာဂါကို ေမ ၁၃ ရက္က ပထမဆံုးစေတြ႔ခဲ့ေၾကာင္းႏွင့္ ေမ ၁၇ ရက္တြင္အတည္ျပဳႏုိင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ေမ ၂၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ခြာနာလွ်ာနာဓာတ္ခြဲခန္းတြင္ ELISA နည္းပညာျဖင့္ စစ္ေဆးခဲ့သည္။

အစီရင္ခံစာအရ ႏြားမ်ားတြင္ ခြာနာလွ်ာနာျဖစ္ပြားမႈ ငါးႀကိမ္ထက္မနည္းေတြ႔ခဲ့ရသည္ဟုဆိုသည္။ အေကာင္ေရေပါင္း ၁၅၀၀ မွာ ေရာဂါကူးစက္ခံထားရသည္ဟု သံသယရွိရၿပီး ေရာဂါျဖစ္မႈ ၉၇ ႀကိမ္ကိုေတာ့ အတည္ျပဳၿပီးျဖစ္သည္။ လက္ရွိအခ်ိန္ထိ ေသဆံုးသည့္အေကာင္မရွိေသးသလို သတ္ျဖတ္ရျခင္းလည္း မရွိေသးေပ။

ယခုလိုေရာဂါစတင္ျဖစ္ပြားရသည့္ ရင္းျမစ္ကိုမူမသိရေသးေသာ္လည္း ေရာဂါရွိသည့္ တိရစၧာန္(မ်ား)ႏွင့္ က်က္စားစဥ္ သုိ႔မဟုတ္ ေရေသာက္ဆင္းခ်ိန္တြင္ ထိေတြ႔ရာမွ ကူးစက္ခံခဲ့ရဖြယ္ရွိသည္ဟုသိရသည္။ ဓာတ္ခြဲခန္းေဆးစစ္မႈအရ ယခုျဖစ္ပြားသည့္ ခြာနာလွ်ာနာသည္ “O” Serotype အမ်ိဳးအစားျဖစ္သည္ဟုလည္း သိရသည္။ ၿမိဳ႕နယ္ေမြးျမဴေရးအရာရွိႏွင့္ ဝန္ထမ္းမ်ား၊ တိရစၧာန္က်န္းမာေရးေစာင့္ေရွာက္မႈလုပ္သားမ်ားက ေရာဂါထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ျဖစ္ပြားရာရြာမ်ားသို႔သြားေရာက္ကာ ကာကြယ္ေဆးထိုးျခင္း၊ စံုစမ္းစစ္ေဆးျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္ဟု သတင္းတြင္ေဖာ္ျပထားသည္။

ေရာဂါထိန္းခ်ဳပ္ႏုိင္ေရးအတြက္ လက္တေလာေဆာင္ရြက္ခ်က္မ်ားတြင္ –

– ႏုိင္ငံအတြင္း တိရစၧာန္ေနရာေရႊ႕ေျပာင္းမႈထိန္းခ်ဳပ္ေရး
– ကပ္အသြင္ျဖစ္ပြားျခင္းကို ကာကြယ္ေဆးထိုး၍ တံု႔ျပန္ျခင္း
– အခင္းျဖစ္ပြားရာေနရာႏွင့္ ကန္႔သတ္ဇုန္အတြင္း ေစာင့္ၾကည့္ျခင္း
– သီးျခားခြဲထားျခင္း (ေရာဂါေျခခ်ဳပ္ျဖင့္ထားျခင္း)
– ပိုးသတ္ျခင္း မ်ားပါဝင္သည္။

လက္တေလာတြင္ ေရာဂါျဖစ္ပြားေနသည့္ အေကာင္မ်ားသည္ ကုသမႈမခံရေသးဟု သိရသည္။ ေရာဂါျဖစ္ပြားမႈ ဇုန္သတ္မွတ္ျခင္းကို ေရာဂါကိုထိန္းခ်ဳပ္ႏုိင္ရန္နည္းလမ္းအျဖစ္ ဆက္လက္သတ္မွတ္သြားမည္ဟု ကမာၻ႔တိရစၧာန္က်န္းမာေရးအဖြဲ႔က ဆိုသည္။

By – ႏိုင္သူရ / MUNA

(Unicode)

မေ (၂၆)

ရခိုင်ပြည်နယ်တွင် ခွာနာလျှာနာရောဂါကပ်အသွင်ဖြစ်ပွားနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းကပြောကြားလိုက်သည်ဟု The Cattle Site သတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) က မေလ ၂၈ ရက်နေ့မှာ အရေးပေါ်အသိပေးချက်ရရှိခဲ့ပြီး ခွာနာလျှာနာရောဂါကို မေ ၁၃ ရက်က ပထမဆုံးစတွေ့ခဲ့ကြောင်းနှင့် မေ ၁၇ ရက်တွင်အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ မေ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ခွာနာလျှာနာဓာတ်ခွဲခန်းတွင် ELISA နည်းပညာဖြင့် စစ်ဆေးခဲ့သည်။

အစီရင်ခံစာအရ နွားများတွင် ခွာနာလျှာနာဖြစ်ပွားမှု ငါးကြိမ်ထက်မနည်းတွေ့ခဲ့ရသည်ဟုဆိုသည်။ အကောင်ရေပေါင်း ၁၅၀၀ မှာ ရောဂါကူးစက်ခံထားရသည်ဟု သံသယရှိရပြီး ရောဂါဖြစ်မှု ၉၇ ကြိမ်ကိုတော့ အတည်ပြုပြီးဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသည့်အကောင်မရှိသေးသလို သတ်ဖြတ်ရခြင်းလည်း မရှိသေးပေ။

ယခုလိုရောဂါစတင်ဖြစ်ပွားရသည့် ရင်းမြစ်ကိုမူမသိရသေးသော်လည်း ရောဂါရှိသည့် တိရစ္ဆာန်(များ)နှင့် ကျက်စားစဉ် သို့မဟုတ် ရေသောက်ဆင်းချိန်တွင် ထိတွေ့ရာမှ ကူးစက်ခံခဲ့ရဖွယ်ရှိသည်ဟုသိရသည်။ ဓာတ်ခွဲခန်းဆေးစစ်မှုအရ ယခုဖြစ်ပွားသည့် ခွာနာလျှာနာသည် “O” Serotype အမျိုးအစားဖြစ်သည်ဟုလည်း သိရသည်။ မြို့နယ်မွေးမြူရေးအရာရှိနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများက ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဖြစ်ပွားရာရွာများသို့သွားရောက်ကာ ကာကွယ်ဆေးထိုးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ရောဂါထိန်းချုပ်နိုင်ရေးအတွက် လက်တလောဆောင်ရွက်ချက်များတွင် –

– နိုင်ငံအတွင်း တိရစ္ဆာန်နေရာရွှေ့ပြောင်းမှုထိန်းချုပ်ရေး
– ကပ်အသွင်ဖြစ်ပွားခြင်းကို ကာကွယ်ဆေးထိုး၍ တုံ့ပြန်ခြင်း
– အခင်းဖြစ်ပွားရာနေရာနှင့် ကန့်သတ်ဇုန်အတွင်း စောင့်ကြည့်ခြင်း
– သီးခြားခွဲထားခြင်း (ရောဂါခြေချုပ်ဖြင့်ထားခြင်း)
– ပိုးသတ်ခြင်း များပါဝင်သည်။

လက်တလောတွင် ရောဂါဖြစ်ပွားနေသည့် အကောင်များသည် ကုသမှုမခံရသေးဟု သိရသည်။ ရောဂါဖြစ်ပွားမှု ဇုန်သတ်မှတ်ခြင်းကို ရောဂါကိုထိန်းချုပ်နိုင်ရန်နည်းလမ်းအဖြစ် ဆက်လက်သတ်မှတ်သွားမည်ဟု ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ဆိုသည်။

By – နိုင်သူရ / MUNA

 

 

Comments

comments