ၾသစီေက်ာင္းဆရာ(၁)ဦး တရုတ္(၅)ဦးကုိ ကု္ိယ္အဂၤါအစိတ္အပုိင္းမ်ား လွဴ ဒါန္း၍ ဘဝသစ္ျပန္စေစခဲ႔

on

ေဘဂ်င္း ဇြန္(၁၄)

ဆီးခ်ဳိေရာဂါေဝဒနာ ျပင္းထန္စြာခံစားရျပီးေနာက္ ေသဆုံးခဲ႔သည့္ ၾသစေတးလ် အဂၤလိပ္စာဆရာ ဖိီးလစ္ဟန္ေကာ့ ၂၇ ႏွစ္၏ ႏွလုံး၊ အသဲ၊ ေက်ာက္ကပ္၊ အဆုတ္ႏွင့္ မ်က္ၾကည္လႊာတုိ႔ကုိ ျပန္လည္လွဴ ဒါန္းရန္ မ္ိသားစုဝင္မ်ားက စီစဥ္ခဲ႔သည္။

ယမန္လအတြင္း ေသဆုံးခဲ႔သည့္ ၾသစေတးလ်လူငယ္ ၏ကုိယ္အဂၤါမ်ား လက္ခံရရွိျပီးေနာက္ တရုတ္အေနာက္ေတာင္ပုိင္းမွ လူငါးဦးမွာ ေတာက္ပေသာအနာဂတ္ ျဖစ္ေပၚလာသည္ဟု ေဒသခံမီဒီယာမ်ားက ေဖာ္ျပၾကသည္။

တရုတ္ႏုိင္ငံ ဆီခ်ြမ္ျပည္နယ္ ဇီနန္တကၠသုိလ္တြင္ အဂၤလိပ္စာျပဆရာအျဖစ္ ႏွစ္မ်ားစြာ လုပ္ကုိင္ခဲ႔ျပီးေနာက္ ေမလ ၉ ရက္ေန႔တြင္ ဆီးခ်ဳိေရာဂါျဖင့္ ေသဆုံးခဲ႔သည္ဟု ေဘဂ်င္းလူငယ္ ေန႔စဥ္သတင္းစာတြင္ ေရးသားသည္။

ဟန္းေကာ့မွာ ခႏၶာကုိယ္လွဴရန္ အျမဲဆႏၵရွိေနေၾကာင္း ေသဆုံးသည့္အခါ ႏွလုံး၊ အသဲ၊ ေက်ာက္ကပ္၊ အဆုတ္ႏွင့္ မ်က္ၾကည္လႊာတုိ႔ကုိ လွဴ ဒါန္းရန္ မိသားစုက သေဘာတူထားေၾကာင္း ၾသစေတးလ်သံရုံးႏွင့္ တရုတ္အရာရွိမ်ားက အတည္ျပဳခဲ႔သည္။

ဟန္းေကာ့၏ ႏွလုံးႏွင့္အဆုတ္တုိ႔ကုိ လက္ခံမည့္သူ မေတြ႔ရေသးေသာ္လည္း က်န္ခႏၶာကုိယ္အဂၤါမ်ားကုိမူ ေသဆုံးျပီးေနာက္ေန႔တြင္ အစားထိုးကုသေပးခဲ႔သည့္အတြက္ ဟန္းေကာ့မွာ ဆီခ်ြမ္ျပည္နယ္၏ ပထမဆုံး တရုတ္နုိင္ငံ၏ သတၲမေျမာက္ ကုိယ္အဂၤါ အလွဴ ရွင္ျဖစ္လာခဲ႔သည္။

အသက္ ၃၀ အရြယ္အမ်ဳိးသားႏွင့္ အသက္ ၄၀ အရြယ္ အမ်ဳိးသမီးတုိ႔ကုိ ေက်ာက္ကပ္ဘယ္ညာတစ္ခုစီ အသက္ ၄၀ အရြယ္အမ်ဳိးသားကုိ အသည္း၊ အျခားသူႏွစ္ဦးတုိ႔ကုိ မ်က္ၾကည္လႊာမ်ား အစားထုိးကုသခဲ႔ရာ လူနာမ်ားအားလုံး က်န္းမာေရးေကာင္းမြန္ျပီး အခ်ဳိ႕မွာ ေဆးရုံမွ ဆင္းသြားၾကသည္။

တရုတ္တြင္ ကုိယ္အဂၤါလွွဴ ရန္ မွတ္ပုံတင္ထားသူ ၄၆၇, ၀၀၀ ရွိေသာ္လည္း ကုသရန္လုိအပ္သူ အေရအတြက္ မေလာက္ငပဲ လုိအပ္ေနေသးသည္ဟု ျပည္သူ႔ ေန႔စဥ္ ဝဘ္ဆုိက္တြင္ ေဖာ္ျပထားသည္။

တရုတ္နုိင္ငံတြင္ လူနာေပါင္း ၃၀၀၀၀၀ ခန္႔ နွစ္စဥ္အစားထုိးကုသေပးရန္ လုိအပ္ေနေသာ္လည္း အစားထုိးကုသျခင္း ၁၆၀၀၀ ခန္႔သာ လုပ္ေပးနုိင္သည္။ တရုတ္နုိင္ငံတြင္ ေသဒဏ္ေပးခံရသူမ်ား၏ ကုိယ္အဂၤါအစိတ္အပုိင္းမ်ားကုိ ယခင္က ရယူအစားထုိး ကုသေပးခဲ႔ရာ ၂၀၁၅ တြင္ ထုိသုိ႔လုပ္ေဆာင္ခြင့္ ပိတ္ပင္ခဲ႔သည္။

By – KSM / MUNA
Ref ; South China Morning Post

(Unicode)

ဘေဂျင်း ဇွန်(၁၄)

ဆီးချိုရောဂါဝေဒနာ ပြင်းထန်စွာခံစားရပြီးနောက် သေဆုံးခဲ့သည့် သြစတေးလျ အင်္ဂလိပ်စာဆရာ ဖီးလစ်ဟန်ကော့ ၂၇ နှစ်၏ နှလုံး၊ အသဲ၊ ကျောက်ကပ်၊ အဆုတ်နှင့် မျက်ကြည်လွှာတို့ကို ပြန်လည်လှူ ဒါန်းရန် မိသားစုဝင်များက စီစဉ်ခဲ့သည်။

ယမန်လအတွင်း သေဆုံးခဲ့သည့် သြစတေးလျလူငယ် ၏ကိုယ်အင်္ဂါများ လက်ခံရရှိပြီးနောက် တရုတ်အနောက်တောင်ပိုင်းမှ လူငါးဦးမှာ တောက်ပသောအနာဂတ် ဖြစ်ပေါ်လာသည်ဟု ဒေသခံမီဒီယာများက ဖော်ပြကြသည်။

တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ် ဇီနန်တက္ကသိုလ်တွင် အင်္ဂလိပ်စာပြဆရာအဖြစ် နှစ်များစွာ လုပ်ကိုင်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့တွင် ဆီးချိုရောဂါဖြင့် သေဆုံးခဲ့သည်ဟု ဘေဂျင်းလူငယ် နေ့စဉ်သတင်းစာတွင် ရေးသားသည်။

ဟန်းကော့မှာ ခန္ဓာကိုယ်လှူရန် အမြဲဆန္ဒရှိနေကြောင်း သေဆုံးသည့်အခါ နှလုံး၊ အသဲ၊ ကျောက်ကပ်၊ အဆုတ်နှင့် မျက်ကြည်လွှာတို့ကို လှူ ဒါန်းရန် မိသားစုက သဘောတူထားကြောင်း သြစတေးလျသံရုံးနှင့် တရုတ်အရာရှိများက အတည်ပြုခဲ့သည်။

ဟန်းကော့၏ နှလုံးနှင့်အဆုတ်တို့ကို လက်ခံမည့်သူ မတွေ့ရသေးသော်လည်း ကျန်ခန္ဓာကိုယ်အင်္ဂါများကိုမူ သေဆုံးပြီးနောက်နေ့တွင် အစားထိုးကုသပေးခဲ့သည့်အတွက် ဟန်းကော့မှာ ဆီချွမ်ပြည်နယ်၏ ပထမဆုံး တရုတ်နိုင်ငံ၏ သတ္တမမြောက် ကိုယ်အင်္ဂါ အလှူ ရှင်ဖြစ်လာခဲ့သည်။

အသက် ၃၀ အရွယ်အမျိုးသားနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတို့ကို ကျောက်ကပ်ဘယ်ညာတစ်ခုစီ အသက် ၄၀ အရွယ်အမျိုးသားကို အသည်း၊ အခြားသူနှစ်ဦးတို့ကို မျက်ကြည်လွှာများ အစားထိုးကုသခဲ့ရာ လူနာများအားလုံး ကျန်းမာရေးကောင်းမွန်ပြီး အချို့မှာ ဆေးရုံမှ ဆင်းသွားကြသည်။

တရုတ်တွင် ကိုယ်အင်္ဂါလှှူ ရန် မှတ်ပုံတင်ထားသူ ၄၆၇, ၀၀၀ ရှိသော်လည်း ကုသရန်လိုအပ်သူ အရေအတွက် မလောက်ငပဲ လိုအပ်နေသေးသည်ဟု ပြည်သူ့ နေ့စဉ် ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လူနာပေါင်း ၃၀၀၀၀၀ ခန့် နှစ်စဉ်အစားထိုးကုသပေးရန် လိုအပ်နေသော်လည်း အစားထိုးကုသခြင်း ၁၆၀၀၀ ခန့်သာ လုပ်ပေးနိုင်သည်။ တရုတ်နိုင်ငံတွင် သေဒဏ်ပေးခံရသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ယခင်က ရယူအစားထိုး ကုသပေးခဲ့ရာ ၂၀၁၅ တွင် ထိုသို့လုပ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။

By – KSM / MUNA
Ref ; South China Morning Post

Comments

comments