ကမ္ဘာ့ရောင်းအားအကောင်းဆုံးတွင် နံပါတ်(၃)အဆင့်ရှိ BAJAJ ဆိုင်ကယ်စီးသူများစုပေါင်းကာ လေ့လာရေးထွက်မည်

on

မန္တလေး စက်တင်ဘာ ၂၂






By – ပြည်စိုး
MUNA

(Unicode)

မန္တလေး စက်တင်ဘာ ၂၂

ကမ္ဘာ့ရောင်းအားအကောင်းဆုံးတွင် နံပါတ်သုံးအဆင့်ရှိသည့် BAJAJ ဆိုင်ကယ်အမှတ်တံဆိပ်ဝယ်ယူသူများစုပေါင်းကာမြန်မာနိုင်ငံအတွင်း လေ့လာရေးခရီး ထွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်ကို ၂၀၁၉ ခုနှစ်အတွင်းဆောင်ရွက်မည်ဖြစ်ပြီး မန္တလေးမြို့၊ ပုသိမ်မြို့ ၊ မော်လမြိုင် စသည့်မြို့များတွင်ပြုလုပ်သွားမည်ဖြစ်သည်။

”မြို့တစ်မြို့ကနေတစ်မြို့ကို Excursion ထွက်တဲ့ပုံစံမျိုး ၂၀၁၉ မှာလုပ်မယ်တစ်ညအိပ်ခရီးစဉ်လေးတွေ ဆောင်ရွက်မှာပါ” ဟု BAJAJ ဆိုင်ကယ်မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည့် EASY RIDE MOTORBIKE ကုမ္ပဏီ၊ အထွေထွေမန်နေဂျာ ဦးချမ်းငြိမ်းကပြောသည်။

မန္တလေးမြို့တွင် ပုဂံညောင်ဦးအထိ တစ်ညအိပ် ခရီးစဉ် ၊ ပုသိမ်မြို့တွင် ချောင်းသာခရီးစဉ် ၊ မော်လမြိုင်မြို့တွင် ကျိုက်ထီးရိုးခရီးစဉ် စသည့် တစ်ညအိပ်ခရီးစဉ်များ ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် BAJAJ ဆိုင်ကယ်ဝယ်ယူသူ ၂၇၀၀ ကျော်ရှိပြီး အမျိုးအစား ၈ မျိုးထုတ်လုပ်ထားကြောင်းသိရသည်။ ဈေးနှုန်းတွေက အနည်းဆုံး ၁၃ သိန်းကနေ ၃၄ သိန်းခွဲအထိ ရှိကြောင်းသိရသည်။

By – ပြည်စိုး
MUNA

Comments

comments