ဖိလစ္ပိုင္သမၼတ ဒူတာေတးကို ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးတင္ဖို႔ ေတာင္းဆို

on

စက္တင္ဘာ ၂၈

ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာေတး က သူ႔အေနနဲ႔ မူးယစ္တိုက္ဖ်က္ေရးအတြင္း လူမ်ားစြာသတ္ခဲ့တာကို ဝန္ခံေၾကာင္းေျပာၾကားၿပီး မၾကာခင္မွာပဲ လူ႔အခြင့္အေရး တက္ႂကြလႈပ္႐ွားသူမ်ားနဲ႔ အတိုက္အခံမ်ားက သမၼတဒူတာေတးကို တရားစီရင္ဖို႔ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး(ICC)ကို ေသာၾကာေန႔ (စက္တင္ဘာ ၂၈)မွာ ေတာင္းဆိုလိုက္ေၾကာင္း CNA သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ၾကာသပေတးေန႔ က ဗ်ဴ႐ိုကရက္အမတ္ေတြရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲအတြင္း ဒူတာေတးက သူ႔ကို ေဝဖန္ျပစ္တင္ေျပာဆိုသူေတြကို ျပန္လည္ေခ်ပ ေျပာဆိုခဲ့မႈအတြင္း ဝန္ခံေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

“ငါ့ရဲ႕ မေကာင္းမႈက ဘာလဲ ။ တစ္ ပီဆို (ဖိလစ္ပိုင္ေငြေၾကး)ေလာက္ေတာင္ ငါ ခိုးခဲ့ဖူးလို႔လား။ ငါေထာင္ခ်ခဲ့တဲ့ တစ္ေယာက္ေယာက္ကို ျပန္ၿပီး တရားစြဲဆိုတာမ်ိဳး႐ွိလား ” ဟု ဒူတာေတးက ေခ်ပေျပာဆိုခဲ့ပါတယ္။

ေနာက္ၿပီး ဒူတာေတးက “ငါ့ရဲ႕ ဒုစ႐ိုက္ဆိုလို႔ တရားနည္းလမ္းက် လူအမ်ားႀကီး သတ္ျဖတ္လိုက္မိတာပဲ ႐ွိတယ္” ဟု သူ႔ရဲ႕ လုပ္ေဆာင္ခ်က္အေပၚ  မတုန္လႈပ္ဘဲ ဝန္ခံေျပာၾကားခဲ့ပါေသးတယ္။

ဒူတာေတး သမၼတရာထူး စတင္တာဝန္ယူခ်ိန္ျဖစ္တဲ့ ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ စတင္ခဲ့တဲ့ မူးယစ္တိုက္ဖ်က္မႈ စစ္ဆင္ေရးအတြင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႔ရဲ႕ ႏွိမ္နင္းမႈေၾကာင့္ လူေပါင္း ၄၀၀၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

အစိုးရကေတာ့ လူ႔အခြင့္အေရး လႈပ္႐ွားသူမ်ားရဲ႕ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားၿပီး ၎တို႔အေနနဲ႔ မူးယစ္ေဆးစြဲေနသူေတြကိုသာ ႏွိမ္နင္းခဲ့တာျဖစ္ေၾကာင္း နဲ႔ ဖမ္းဆီးထိန္းသိမ္းမႈကို ခုခံသူေတြကို ပစ္ခတ္ခဲ့ရတာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

နယူးေယာက္ခ္ အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔မွ အာ႐ွဆိုင္ရာ ဒါ႐ိုက္တာ ဘရက္အဒမ္ကေတာ့ “သူ႔ကို ICC တင္ဖို႔ အျမန္ဆုံးလုပ္ေဆာင္ရမယ္” ဟု ဒူတာေတးရဲ႕ ဝန္ခံေျပာၾကားခ်က္အေပၚ မွတ္ခ်က္ေပးခဲ့ပါတယ္။

By – Shine Htet Aung
MUNA

(Unicode)

စက်တင်ဘာ ၂၈

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး က သူ့အနေနဲ့ မူးယစ်တိုက်ဖျက်ရေးအတွင်း လူများစွာသတ်ခဲ့တာကို ဝန်ခံကြောင်းပြောကြားပြီး မကြာခင်မှာပဲ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနဲ့ အတိုက်အခံများက သမ္မတဒူတာတေးကို တရားစီရင်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို သောကြာနေ့ (စက်တင်ဘာ ၂၈)မှာ တောင်းဆိုလိုက်ကြောင်း CNA သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကြာသပတေးနေ့ က ဗျူရိုကရက်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း ဒူတာတေးက သူ့ကို ဝေဖန်ပြစ်တင်ပြောဆိုသူတွေကို ပြန်လည်ချေပ ပြောဆိုခဲ့မှုအတွင်း ဝန်ခံပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“ငါ့ရဲ့ မကောင်းမှုက ဘာလဲ ။ တစ် ပီဆို (ဖိလစ်ပိုင်ငွေကြေး)လောက်တောင် ငါ ခိုးခဲ့ဖူးလို့လား။ ငါထောင်ချခဲ့တဲ့ တစ်ယောက်ယောက်ကို ပြန်ပြီး တရားစွဲဆိုတာမျိုးရှိလား ” ဟု ဒူတာတေးက ချေပပြောဆိုခဲ့ပါတယ်။

နောက်ပြီး ဒူတာတေးက “ငါ့ရဲ့ ဒုစရိုက်ဆိုလို့ တရားနည်းလမ်းကျ လူအများကြီး သတ်ဖြတ်လိုက်မိတာပဲ ရှိတယ်” ဟု သူ့ရဲ့ လုပ်ဆောင်ချက်အပေါ်  မတုန်လှုပ်ဘဲ ဝန်ခံပြောကြားခဲ့ပါသေးတယ်။

ဒူတာတေး သမ္မတရာထူး စတင်တာဝန်ယူချိန်ဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့တဲ့ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အစိုးရကတော့ လူ့အခွင့်အရေး လှုပ်ရှားသူများရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ၎င်းတို့အနေနဲ့ မူးယစ်ဆေးစွဲနေသူတွေကိုသာ နှိမ်နင်းခဲ့တာဖြစ်ကြောင်း နဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခုခံသူတွေကို ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်ကတော့ “သူ့ကို ICC တင်ဖို့ အမြန်ဆုံးလုပ်ဆောင်ရမယ်” ဟု ဒူတာတေးရဲ့ ဝန်ခံပြောကြားချက်အပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

By – Shine Htet Aung
MUNA

Comments

comments