Facebook လုံျခံဳေရး က်ဳိးေပါက္ခဲ႔မႈ အေကာင့္သန္း (၅၀) ထိခု္ိက္၊ အေကာင့္ သန္း ၉၀ fb မွ Log Out လုပ္ခဲ႔ရ

on

ကာလီဖုိးနီးယား၊ စက္တင္ဘာ (၂၉)

Facebook လုံျခံဳေရး ခ်ြတ္ယြင္းခ်က္တစ္ခုေၾကာင့္ တုိက္ခုိက္သူမ်ားက ရယူခြင္႔ရသြားသည့္ အေကာင့္ေပါင္း သန္း၅၀ခန္႔ ထိခု္ိက္မႈ ျဖစ္ခဲ႔သည္ကုိ ကမၻာ့အႀကီးဆုံး လူမႈကြန္ရက္ Facebook က ေတြ႔ရွိထားျပီး ျဖစ္သည္ဟု ေသာၾကာေန႔တြင္ Facebook မွ ေျပာၾကားသည္။

အာရွတိုက္တခြင္ Facebook အသံုးျပဳသူမ်ား ယေန႔ေ န႔လည္ခင္း ႏွင့္ ညေနပုိင္းမ်ားတြင္ အေကာင့္မ်ား log out ျဖစ္သြားသည္ကုိ ႀကံဳေတြ႔ရမႈမ်ား ရွိခဲ႔သည္။

“ဒီျဖစ္ရပ္နဲ႔ ပတ္သက္လုိ႔ က်ေနာ္တုိ႔ FBI ဖက္ဒရယ္ေထာက္လွမ္းေရးဗ်ဴရုိနဲ႔ ပူးေပါင္း လုပ္ေဆာင္ေနပါတယ္” ဟု စီအီးအုိ ဇူကာဘက္က ေျပာၾကားသည္။

လက္တေလာ အသုံးျပဳဆဲရွိေနသည့္ Facebook အေကာင့္ေပါင္း သန္း ၂၀၀၀ ရွိေနရာ ခ်ြတ္ယြင္းခ်က္ကုိ ျပင္ဆင္ထားျပီး အာဏာပုိင္မ်ားကုိ အေၾကာင္းၾကားထားသည္ဟု Fb မွ ထုတ္ျပန္သည္။

Views As feature မွ တုိက္ခုိက္သူမ်ားက ဝင္ေရာက္ခုိးယူခဲ႔ရာ ယင္း Feature မွ အသုံးျပဳသူမ်ား မိမိတုိ႔ profile ပုံကုိ အျခားတစ္ေယာက္ႏွင့္ တူမတူ ၾကည့္ရႈခြင့္ျပဳထားသည္ကုိ ေတြ႔ရသည္။

“က်ေနာ္တုိ႔ အခုေလာေလာဆယ္ေတာ့ အဲဒီတုိက္ခုိက္ခံရတဲ႔ အေကာင့္ေတြ အေပးအယူလုပ္ ညွိႏႈိင္းတယ္ဆုိတဲ႔ မ်က္ျမင္သက္ေသ မရွိပါဘူး” ဟု စိီးအီးအုိ မခ္ဇူကာဘက္က ေျပာၾကားသည္။

ညေနခင္းတြင္ Fb’ ရွယ္ယာေစ်းႏႈန္းမ်ား ၃% က်ဆင္းသြားသည္။ Facebook မွ သန္း ၅၀ ခန္႔ အေကာင့္မ်ား၏ Access Token မ်ားကုိ ျပန္လည္ျပင္ဆင္ခဲ႔ျပီး ကာကြယ္သည့္အေနျဖင့္ ေနာက္ထပ္ ေစာင့္ၾကည့္ အေကာင့္ သန္း ၄၀ ကုိ ျပင္ဆင္ေနသည္။

သန္း ၉၀ ခန္႔ေသာ အေကာင့္မ်ား fb မွ Log out လုပ္ခဲ႔ရျပီး ယခုအခါ ျပန္ဝင္၍ရေတာ့မည္ဟု fb ကုမၸဏီမွ ေျပာၾကားသည္။ ယခုအခါ view as အသုံးျပဳမႈကုိ ယာယီပိတ္ပင္ထားသည္။

fb အေနျဖင့္ အေကာင့္မ်ား လုံျခံဳေရးအတြက္ ပုိမုိအားစုိက္ လုပ္ေဆာင္ရန္ လုိအပ္လာျပီး ေနာက္ထပ္အလား တူ ျဖစ္ရပ္မ်ားမွ ကာကြယ္ရန္လုိအပ္လာေၾကာင္း တုိက္ခုိက္သူမ်ားက ပုဂၢိဳလ္ေရး အခ်က္အလက္မ်ားကုိသာ
ၾကည့္ရႈခဲ႔ျပီး Password မ်ား ယူမသြားေၾကာင္း ဇူကာဘက္က ေျပာၾကားသည္။

အဆုိပါျဖစ္ရပ္အတြက္ စုံစမ္းစစ္ေဆးမႈမ်ားကုိ အာဏာပုိင္မ်ားႏွင့္အတူ Fb မွ ဆက္လက္လုပ္ေဆာင္ေနသည္။

By – KSM / MUNA
Ref ; Reuters

(Unicode)

ကာလီဖိုးနီးယား၊ စက်တင်ဘာ (၂၉)

Facebook လုံခြုံရေး ချွတ်ယွင်းချက်တစ်ခုကြောင့် တိုက်ခိုက်သူများက ရယူခွင့်ရသွားသည့် အကောင့်ပေါင်း သန်း၅၀ခန့် ထိခိုက်မှု ဖြစ်ခဲ့သည်ကို ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် Facebook က တွေ့ရှိထားပြီး ဖြစ်သည်ဟု သောကြာနေ့တွင် Facebook မှ ပြောကြားသည်။

အာရှတိုက်တခွင် Facebook အသုံးပြုသူများ ယနေ့ေ န့လည်ခင်း နှင့် ညနေပိုင်းများတွင် အကောင့်များ log out ဖြစ်သွားသည်ကို ကြုံတွေ့ရမှုများ ရှိခဲ့သည်။

“ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျနော်တို့ FBI ဖက်ဒရယ်ထောက်လှမ်းရေးဗျူရိုနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု စီအီးအို ဇူကာဘက်က ပြောကြားသည်။

လက်တလော အသုံးပြုဆဲရှိနေသည့် Facebook အကောင့်ပေါင်း သန်း ၂၀၀၀ ရှိနေရာ ချွတ်ယွင်းချက်ကို ပြင်ဆင်ထားပြီး အာဏာပိုင်များကို အကြောင်းကြားထားသည်ဟု Fb မှ ထုတ်ပြန်သည်။

Views As feature မှ တိုက်ခိုက်သူများက ဝင်ရောက်ခိုးယူခဲ့ရာ ယင်း Feature မှ အသုံးပြုသူများ မိမိတို့ profile ပုံကို အခြားတစ်ယောက်နှင့် တူမတူ ကြည့်ရှုခွင့်ပြုထားသည်ကို တွေ့ရသည်။

“ကျနော်တို့ အခုလောလောဆယ်တော့ အဲဒီတိုက်ခိုက်ခံရတဲ့ အကောင့်တွေ အပေးအယူလုပ် ညှိနှိုင်းတယ်ဆိုတဲ့ မျက်မြင်သက်သေ မရှိပါဘူး” ဟု စီးအီးအို မခ်ဇူကာဘက်က ပြောကြားသည်။

ညနေခင်းတွင် Fb’ ရှယ်ယာဈေးနှုန်းများ ၃% ကျဆင်းသွားသည်။ Facebook မှ သန်း ၅၀ ခန့် အကောင့်များ၏ Access Token များကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ကာကွယ်သည့်အနေဖြင့် နောက်ထပ် စောင့်ကြည့် အကောင့် သန်း ၄၀ ကို ပြင်ဆင်နေသည်။

သန်း ၉၀ ခန့်သော အကောင့်များ fb မှ Log out လုပ်ခဲ့ရပြီး ယခုအခါ ပြန်ဝင်၍ရတော့မည်ဟု fb ကုမ္ပဏီမှ ပြောကြားသည်။ ယခုအခါ view as အသုံးပြုမှုကို ယာယီပိတ်ပင်ထားသည်။

fb အနေဖြင့် အကောင့်များ လုံခြုံရေးအတွက် ပိုမိုအားစိုက် လုပ်ဆောင်ရန် လိုအပ်လာပြီး နောက်ထပ်အလား တူ ဖြစ်ရပ်များမှ ကာကွယ်ရန်လိုအပ်လာကြောင်း တိုက်ခိုက်သူများက ပုဂ္ဂိုလ်ရေး အချက်အလက်များကိုသာ ကြည့်ရှုခဲ့ပြီး Password များ ယူမသွားကြောင်း ဇူကာဘက်က ပြောကြားသည်။

အဆိုပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများကို အာဏာပိုင်များနှင့်အတူ Fb မှ ဆက်လက်လုပ်ဆောင်နေသည်။

By – KSM / MUNA
Ref ; Reuters

Comments

comments