အိႏၵိယတြင္ ၁၂ႏွစ္အရြယ္မိန္းကေလးကုိ အစ္ကုိအရင္းမ်ားႏွင့္ ဦးေလးတုိ႔က မုဒိန္းက်င့္ သတ္ျဖတ္၍ အေလာင္းကုိစြန္႔ပစ္ခဲ႔

on

နယူးေဒလီ၊ မတ္(၂၀)

ျပီးခဲ႔သည့္တစ္ပတ္က အိႏၵိယႏုိင္ငံ မာဒါယာပရာဒရွ္ျပည္နယ္တြင္ ၁၂ ႏွစ္အရြယ္မိန္းကေလးငယ္တစ္ဦးကုိ မုဒိန္းက်င့္ျပီးေနာက္ လည္ပင္းညွစ္သတ္ခံရျပီး သူမ၏ ဦးေခါင္းကိုျဖတ္၍ ခႏၶာကိုယ္ကုိ စြန့္ပစ္ခဲ႔သည့္ ရက္စက္ေသာ လူသတ္မုဒိန္းက်င့္မႈ ျဖစ္ပြားခဲ႔သည္။

ယင္းအမႈတြင္ မိန္းကေလး၏ အစ္ကိုအရင္းမ်ားက မုဒိန္းက်င့္ ေခါင္းျဖတ္သတ္ခဲ႔သည္ဟု စြပ္စြဲထားျပီး အိႏၵိယရဲတပ္ဖြဲ႔က အစ္ကုိႏွစ္ဦးကုိ ဖမ္းဆီးခဲ့သည္ဟု ရဲအရာရွိတစ္ဦးက အဂၤါေန႕တြင္ ေျပာၾကားခဲ့သည္။

အဆုိပါအမႈႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္ မိန္းကေလး၏ ဦးေလးကိုလည္း ရဲတပ္ဖြဲ႔ က ဖမ္းဆီးထိန္းသိမ္းခဲ့သည္။ မိန္းကေလး၏အေလာင္းကုိ ၿပီးခဲ့သည့္အပတ္က ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ေသဆုံးသူ၏ အႀကီးဆုံးအစ္ကိုျဖစ္သူကုိ ရဲတပ္ဖြဲ႕က ရွာေဖြလ်က္ရွိသည္။

ယင္းအမႈတြင္ က်ဴးလြန္သူမ်ားဟု စြပ္စြဲထားသူမ်ားက အစပုိင္းတြင္ ျပိဳင္ဘက္မိသားစုကုိ အျပစ္ပုံခ်ရန္ ႀကိဳးစားခဲ႔ေသာ္လည္း ခရိုင္ရဲတပ္ဖြဲ႔က ၎တုိ့၏ ထြက္ဆုိခ်က္မ်ားကြဲလြဲေနျခင္းႏွင့္ အၾကီးဆုံးအစ္ကုိ ေပ်ာက္ေနသည္ကုိ သတိထားမိခဲ့ျပီးေနာက္ ညီအစ္ကုိအရင္းမ်ားပါဝင္ပတ္သတ္ေနသည္ကုိ သံသယရွိခဲ႔သည္။

” အဲဒီအမႈမွာ ႀကီးမားတဲ႔ သဲလြန္စေတြရခဲ႔တယ္။ မိန္းကေလးရဲ႔အစ္ကုိ သုံးေယာက္နဲ႔ ဦးေလးျဖစ္သူတုိ့ မိန္းကေလးကုိ မုဒိန္းက်င့္ခဲ႔တယ္။ ကေလးမေလးက ရဲကုိတုိင္မယ္ေျပာလုိက္တဲ႔အခါ လည္ပင္းညွစ္သတ္လုိက္ျပီးေတာ့ ျမက္ရိတ္တံဇဥ္နဲ႔ေခါင္းကုိ ျဖတ္ခဲ႔တယ္။ သူတုိ႔အေလာင္းကုိ ပစ္ခဲ႔တယ္။ အေလာင္းခြဲစိတ္စစ္ေဆးတဲ႔ရလဒ္မွာ အုပ္စုဖြဲ႔မုဒိန္းက်င့္ခံရတယ္ဆုိတာ ေတြ႔ရွိခဲ႔တယ္။ ဓမၼတာအတုိင္းမဟုတ္တဲ႔ လိင္ဆက္ဆံမႈဆုိတာ အတည္ျပဳထားတယ္။ က်ေနာ့္တစ္သက္ ခုလုိ ရာဇဝတ္မႈကုိ မေတြ႔ဖူးဘူး။ ေရွ႕ေနေတြကေတာင္ ဒီအမႈမွာ စြပ္စြဲခံရသူေတြဘက္ကေန အမႈလုိက္မေပးခ်င္ၾကဘူး” ဟု အမႈစစ္ရဲအရာရွိ အမစ္တ္ဆန္ဂီက AFP သတင္း႒ာနသုိ့ အဂၤါေန႔တြင္ ေျပာၾကားသည္။

ေဖာ္ျပပါ ရက္စက္ေသာ မုဒိန္းက်င့္လူသတ္မႈတြင္ ရဲတပ္ဖြဲ႔က စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနသည္။

၂၀၁၂ ခုႏွစ္က အိႏၵိယ နယူးေဒလီျမိဳ႕ ဘတ္စကားတစ္စီးေပၚတြင္ အမ်ဳိးသမီးတစ္ဦးကုိ အုပ္စုဖြဲ႔ မုဒိမ္းက်င့္ျပီး သတ္ျဖတ္ခဲ႔မႈအေပၚ ဆႏၵျပမႈမ်ား အျပင္းအထန္ျဖစ္ပြားခဲ႔သည့္ေနာက္ပုိင္း အိႏၵိယနုိင္ငံတြင္ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈ မွတ္တမ္းမ်ား ေၾကာက္ခမန္းလိလိရွိေနရာ ကမၻာ့မီဒီယာတြင္ အက်ယ္တဝင့္ ေဖာ္ျပလာၾကသည္။

အိႏၵိယနုိင္ငံတြင္ မုဒိမ္းမႈ ျဖစ္ရပ္မ်ားကုိ တင္းၾကပ္ေသာ အေရးယူမႈမ်ား ရွိလာျပီး မုဒိမ္းမႈႏွင့္ပတ္သက္ေသာ ဥပေဒမ်ား ျပင္ဆင္ခဲ႔ေသာ္လည္း အမ်ဳိးသမီးမ်ားအေပၚ လိင္ပုိင္းဆုိင္ရာအၾကမ္းဖက္မႈမ်ားႏွင့္ ထိပါးေစာ္ကားမႈမ်ား ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္သည္။

အစိုးရစာရင္းဇယားမ်ားအရ အိႏၵိယႏုိင္ငံတြင္ ၁၅၅ မိနစ္လ်င္ ၁၆ ႏွစ္ ေအာက္ မိန္းကေလးတစ္ဦး အဓမၼျပဳက်င့္ခံရသည္။ အိႏၵိယႏုိင္ငံတြင္ မုဒိန္းမႈ ၃ ခုတြင္ သက္ငယ္မုဒိန္းမႈ တစ္ခုပါဝင္ေၾကာင္း ကုလသမဂၢမွ ၂၀၁၄ တြင္ထုတ္ျပန္ခဲ႔သည္။ ၂၀၁၅ တြင္ကေလးငယ္ ၁၀၀၀၀ ေက်ာ္ ၊၂၀၁၆ ခုႏွစ္တြင္ သက္ငယ္မုဒိန္း ၃၆၀၀၀ ေက်ာ္ ျဖစ္ပြားခဲ႔သည္ဟု အိႏၵိယအစုိးရထုတ္ျပန္ေသာစာရင္းဇယားမ်ားတြင္ ေဖာ္ျပထားသည္။

အိႏၵိယတြင္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမ်ား စံခ်ိန္တင္ ျဖစ္ပြားေနျပီး ၂၀၁၆ တြင္ ပ်မ္းမွ်အားျဖင့္ တစ္ရက္လ်င္ မုဒိမ္းမႈ ၁၀၀ ေက်ာ္ျဖစ္ခဲ႔သည္ဟု ယခင္ထုတ္ျပန္ထားေသာ တရားဝင္စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

By – KSM /MUNA
Ref ; AFP

(Unicode)

နယူးဒေလီ၊ မတ်(၂၀)

ပြီးခဲ့သည့်တစ်ပတ်က အိန္ဒိယနိုင်ငံ မာဒါယာပရာဒရှ်ပြည်နယ်တွင် ၁၂ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့်ပြီးနောက် လည်ပင်းညှစ်သတ်ခံရပြီး သူမ၏ ဦးခေါင်းကိုဖြတ်၍ ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့သည့် ရက်စက်သော လူသတ်မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့သည်။

ယင်းအမှုတွင် မိန်းကလေး၏ အစ်ကိုအရင်းများက မုဒိန်းကျင့် ခေါင်းဖြတ်သတ်ခဲ့သည်ဟု စွပ်စွဲထားပြီး အိန္ဒိယရဲတပ်ဖွဲ့က အစ်ကိုနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် မိန်းကလေး၏ ဦးလေးကိုလည်း ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မိန်းကလေး၏အလောင်းကို ပြီးခဲ့သည့်အပတ်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ၏ အကြီးဆုံးအစ်ကိုဖြစ်သူကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိသည်။

ယင်းအမှုတွင် ကျူးလွန်သူများဟု စွပ်စွဲထားသူများက အစပိုင်းတွင် ပြိုင်ဘက်မိသားစုကို အပြစ်ပုံချရန် ကြိုးစားခဲ့သော်လည်း ခရိုင်ရဲတပ်ဖွဲ့က ၎င်းတို့၏ ထွက်ဆိုချက်များကွဲလွဲနေခြင်းနှင့် အကြီးဆုံးအစ်ကို ပျောက်နေသည်ကို သတိထားမိခဲ့ပြီးနောက် ညီအစ်ကိုအရင်းများပါဝင်ပတ်သတ်နေသည်ကို သံသယရှိခဲ့သည်။

” အဲဒီအမှုမှာ ကြီးမားတဲ့ သဲလွန်စတွေရခဲ့တယ်။ မိန်းကလေးရဲ့အစ်ကို သုံးယောက်နဲ့ ဦးလေးဖြစ်သူတို့ မိန်းကလေးကို မုဒိန်းကျင့်ခဲ့တယ်။ ကလေးမလေးက ရဲကိုတိုင်မယ်ပြောလိုက်တဲ့အခါ လည်ပင်းညှစ်သတ်လိုက်ပြီးတော့ မြက်ရိတ်တံဇဉ်နဲ့ခေါင်းကို ဖြတ်ခဲ့တယ်။ သူတို့အလောင်းကို ပစ်ခဲ့တယ်။ အလောင်းခွဲစိတ်စစ်ဆေးတဲ့ရလဒ်မှာ အုပ်စုဖွဲ့မုဒိန်းကျင့်ခံရတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ဓမ္မတာအတိုင်းမဟုတ်တဲ့ လိင်ဆက်ဆံမှုဆိုတာ အတည်ပြုထားတယ်။ ကျနော့်တစ်သက် ခုလို ရာဇဝတ်မှုကို မတွေ့ဖူးဘူး။ ရှေ့နေတွေကတောင် ဒီအမှုမှာ စွပ်စွဲခံရသူတွေဘက်ကနေ အမှုလိုက်မပေးချင်ကြဘူး” ဟု အမှုစစ်ရဲအရာရှိ အမစ်တ်ဆန်ဂီက AFP သတင်းဋ္ဌာနသို့ အင်္ဂါနေ့တွင် ပြောကြားသည်။

ဖော်ပြပါ ရက်စက်သော မုဒိန်းကျင့်လူသတ်မှုတွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

၂၀၁၂ ခုနှစ်က အိန္ဒိယ နယူးဒေလီမြို့ ဘတ်စကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအပေါ် ဆန္ဒပြမှုများ အပြင်းအထန်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အိန္ဒိယနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မှတ်တမ်းများ ကြောက်ခမန်းလိလိရှိနေရာ ကမ္ဘာ့မီဒီယာတွင် အကျယ်တဝင့် ဖော်ပြလာကြသည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှု ဖြစ်ရပ်များကို တင်းကြပ်သော အရေးယူမှုများ ရှိလာပြီး မုဒိမ်းမှုနှင့်ပတ်သက်သော ဥပဒေများ ပြင်ဆင်ခဲ့သော်လည်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ထိပါးစော်ကားမှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

အစိုးရစာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် ၁၅၅ မိနစ်လျင် ၁၆ နှစ် အောက် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရသည်။ အိန္ဒိယနိုင်ငံတွင် မုဒိန်းမှု ၃ ခုတွင် သက်ငယ်မုဒိန်းမှု တစ်ခုပါဝင်ကြောင်း ကုလသမဂ္ဂမှ ၂၀၁၄ တွင်ထုတ်ပြန်ခဲ့သည်။ ၂၀၁၅ တွင်ကလေးငယ် ၁၀၀၀၀ ကျော် ၊၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိန်း ၃၆၀၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု အိန္ဒိယအစိုးရထုတ်ပြန်သောစာရင်းဇယားများတွင် ဖော်ပြထားသည်။

အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ စံချိန်တင် ဖြစ်ပွားနေပြီး ၂၀၁၆ တွင် ပျမ်းမျှအားဖြင့် တစ်ရက်လျင် မုဒိမ်းမှု ၁၀၀ ကျော်ဖြစ်ခဲ့သည်ဟု ယခင်ထုတ်ပြန်ထားသော တရားဝင်စာရင်းများတွင် ဖော်ပြထားသည်။

By – KSM /MUNA
Ref ; AFP

Comments

comments