ဖိလစ္​ပိုင္​တြင္​ ၁၆အ႐ြယ္​မိန္​းက​ေလး(၁)ဦးကို လူ(၆)ေယာက္က အုပ္​စုဖြဲ႕မုဒိန္​းက်င္​့

on

မတ္ ၂၁

ဖိလစ္​ပိုင္​ ႏုိင္​ငံ မနီလာၿမိဳ႕ရွိ တြန္​ဒိုမွာ အသက္​ ၁၆ နွစ္​အ႐ြယ္​မိန္​းက​ေလး​တစ္​ဦးအား အမ်ိဳးသား ၆​ေယာက္​က အုပ္​စုဖြဲ႕မုဒိန္​းက်င္​့ခဲ့​ေၾကာင္​း အဂၤါ​ေန႔မနက္​အ​ေစာပိုင္​းမွာ ရဲတပ္​ဖြဲ႕ထုတ္​ျပန္​တဲ့သတင္​းအရသိရပါတယ္​။ ျပစ္​ဒဏ္​က်ဴးလြန္​သူ​ေတြဟာ မုဒိ္​န္​းအက်င္​့ခံရတဲ့ မိန္​းက​ေလးကို အရက္​အတူ​ေသာက္​ဖို႔ အတြက္​ဖိတ္​​ေခၚခဲ့ၿပီး သူမကိုအုပ္​စုဖြဲ႕မုဒိန္​းက်င္​့ခဲ့တာျဖစ္​တယ္​လို႔ ရဲတပ္​ဖြဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး Philippine Daily က ေဖာ္ျပပါတယ္။

မုဒိန္​းက်င္​့တဲ့အထဲမွာ ပါ၀င္​တယ္​လို႔ သံသယရွိသူတစ္​ဦးျဖစ္​တဲ့ အသက္​ ၂၀ အ႐ြယ္​ ​ေပါလ္​ဆီးဒရစ္​ဒီဝါ ဆိုသူက မိန္​းက​ေလးကို သူ႔အိမ္​မွာ အရက္​စု​ေသာက္​ၾကဖို႔ဖိတ္​​ေခၚခဲ့တယ္​လို႔ ရက္​ဆာဘာဂိုရဲတပ္​ဖြဲ႕က ဗုဒၶဟူး​ေန႔မနက္​ခင္​းမွာ သတင္​းထုတ္​ျပန္​ခဲ့ပါတယ္​။

မုဒိန္​းအက်င္​့ခံရသူ မိန္​းက​ေလးငယ္​ဟာ ဒီဝါ အပါအ၀င္​ အျခားအမ်ိဳးသား ၅ ​ေယာက္​နဲ႔ အတူတူအရက္​ထို္​​င္​​ေသာက္​​ေနခဲ့ၿပီးတဲ့​ေနာက္​မွာ​ေတာ့ မိန္​းက​ေလးဟာ အမူးလြန္​ၿပီးလဲက်သြားခဲ့တယ္​။ ဒီအခ်ိန္​မွာ ဒီဝါ ဟာသူမကို အခန္​းအတြင္​းသို႔ ဆြဲသြင္​းခဲ့ၿပီးတဲ့​ေနာက္​ သူမဟာ ဒီအမ်ိဳးသား ၆ ​ေယာက္​ရဲ႕ အလွည္​့က် မုဒိန္​းက်င္​့မႈကို ခံခဲ့ရတာျဖစ္​နိုင္​​ေၾကာင္​း ရဲတပ္​ဖြဲ႔က ေျပာပါတယ္။

စံုစမ္​းစစ္​​ေဆးခ်က္​​ေတြအရ မိန္​းက​ေလးျပန္​နိုးလာတဲ့အခ်ိ္​န္​မွာ ​ေနာက္​ထပ္​ သံသယျဖစ္​ဖြယ္​တရားခံတစ္​ဦးျဖစ္​တဲ့ အန္​ဂ်လီတိုဂြန္​ဇာလက္​ဇ္​ ဆိုသူဟာ သူမကို ထပ္​မံမုဒိန္​းက်င္​့​ေနတာကို ​ေတြ႕လိုက္​ရတယ္​လို႔ ရဲတပ္ဖြဲ႕ကို ေျပာပါတယ္။

ဒီလိုမုဒိန္​းက်င္​့ခံ​ေနရတဲ့ အျဖစ္​အပ်က္​ကို ဒီဝါ က ​ေဘးက​ေန ထိုင္​ၾကည္​့​ေနတယ္​လို႔လည္း ဆက္လက္ေျပာပါတယ္။

ရဲတပ္​ဖြဲ႕အ​ေနနဲ႔ ဂြန္​ဇာလက္​ဇ္​ ၊ ဒီဝါ နဲ႔ ပရင္​့စ္​ဂ်ဳိမာရီဒီဝါ တို႔ကို ဖမ္​းဆီးလိုက္​​ေၾကာင္​းနဲ႔ တရားခံ​ေတြကို မုဒိန္​းမႈ ၊ သက္​ငယ္​မုဒိန္​းမႈ စတဲ့အမႈ​ေတြနဲ႔ အမႈဖြင္​့တရားစြဲဆိုထား​ေၾကာင္​း ဖိလစ္​ပိုင္​​ေန႔စဥ္​သတင္​းစာကို ​ေျပာဆိုခဲ့ပါတယ္​။

By – TH / MUNA
Ref ; Philippine Daily

(Unicode)

မတ် ၂၁

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ရှိ တွန်ဒိုမှာ အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအား အမျိုးသား ၆ယောက်က အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့ကြောင်း အင်္ဂါနေ့မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းအရသိရပါတယ်။ ပြစ်ဒဏ်ကျူးလွန်သူတွေဟာ မုဒိန်းအကျင့်ခံရတဲ့ မိန်းကလေးကို အရက်အတူသောက်ဖို့ အတွက်ဖိတ်ခေါ်ခဲ့ပြီး သူမကိုအုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောဆိုချက်ကို ကိုးကားပြီး Philippine Daily က ဖော်ပြပါတယ်။

မုဒိန်းကျင့်တဲ့အထဲမှာ ပါဝင်တယ်လို့ သံသယရှိသူတစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ပေါလ်ဆီးဒရစ်ဒီဝါ ဆိုသူက မိန်းကလေးကို သူ့အိမ်မှာ အရက်စုသောက်ကြဖို့ဖိတ်ခေါ်ခဲ့တယ်လို့ ရက်ဆာဘာဂိုရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုဒိန်းအကျင့်ခံရသူ မိန်းကလေးငယ်ဟာ ဒီဝါ အပါအဝင် အခြားအမျိုးသား ၅ ယောက်နဲ့ အတူတူအရက်ထိုင်သောက်နေခဲ့ပြီးတဲ့နောက်မှာတော့ မိန်းကလေးဟာ အမူးလွန်ပြီးလဲကျသွားခဲ့တယ်။ ဒီအချိန်မှာ ဒီဝါ ဟာသူမကို အခန်းအတွင်းသို့ ဆွဲသွင်းခဲ့ပြီးတဲ့နောက် သူမဟာ ဒီအမျိုးသား ၆ ယောက်ရဲ့ အလှည့်ကျ မုဒိန်းကျင့်မှုကို ခံခဲ့ရတာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ မိန်းကလေးပြန်နိုးလာတဲ့အချိန်မှာ နောက်ထပ် သံသယဖြစ်ဖွယ်တရားခံတစ်ဦးဖြစ်တဲ့ အန်ဂျလီတိုဂွန်ဇာလက်ဇ် ဆိုသူဟာ သူမကို ထပ်မံမုဒိန်းကျင့်နေတာကို တွေ့လိုက်ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ဒီလိုမုဒိန်းကျင့်ခံနေရတဲ့ အဖြစ်အပျက်ကို ဒီဝါ က ဘေးကနေ ထိုင်ကြည့်နေတယ်လို့လည်း ဆက်လက်ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ဂွန်ဇာလက်ဇ် ၊ ဒီဝါ နဲ့ ပရင့်စ်ဂျိုမာရီဒီဝါ တို့ကို ဖမ်းဆီးလိုက်ကြောင်းနဲ့ တရားခံတွေကို မုဒိန်းမှု ၊ သက်ငယ်မုဒိန်းမှု စတဲ့အမှုတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားကြောင်း ဖိလစ်ပိုင်နေ့စဉ်သတင်းစာကို ပြောဆိုခဲ့ပါတယ်။

By – TH / MUNA
Ref ; Philippine Daily

Comments

comments