ပဥၥမႀကိမ္ေျမာက္ ျမန္မာ့သရက္သီး ျပပြဲ၊ ျပိဳင္ပြဲက်င္းပမည္

on

မႏၱေလး မတ္၂၁

ပဥၥမႀကိမ္ေျမာက္ျမန္မာ့သရက္သီး ပြဲေတာ္ ျပပြဲ၊ ျပိဳင္ပြဲ ကို ေမ ၁၁ ၊ ၁၂ ရက္ တြင္ မႏၱေလးၿမိဳ႕မွာ က်င္းပမည္ျဖစ္ေၾကာင္း မႏၱေလးတိုင္းေဒႀကီးသရက္အသင္းမွ သိရသည္။

ျမန္မာ႔သရက္ကို ႏိုင္ငံတကာတန္းဝင္တင္ပို႔ေရာင္းခ်ႏိုင္ရန္ ၊ တစ္ကမၻာလံုးကသိရွိၿပီး အေရာင္းျမွင့္တင္ရန္ ၊ သရက္သီးေတြကို GAP စနစ္နဲ႔စိုက္ပ်ိဳးရန္ ၊ စိုက္ပ်ိဳးထုတ္လုပ္သူ ၊ ဝယ္ယူသူ ၊ တင္ပို႔ေရာင္းခ်သူေတြ ခိုင္မာတဲ့ေဈးကြက္တည္ၿငိမ္ေစရန္ စသည့္ရည္ရြယ္ခ်က္မ်ားျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

” ျမန္မာ့သရက္ကို နိုင္ငံတကာက သိရွိလာေစရန္ ၊ ႏိုင္ငံတကာေဈးကြက္သို႔ တင္ပို႔ႏိုင္ျပီး ႏိုင္ငံျခား၀င္ေငြတိုးေစႏိုင္ရန္ရည္ရြယ္ျပီး အစဥ္အလာမပ်က္ က်င္းပတာျဖစ္ပါတယ္။ ျမန္မာ့ သရက္ သီးမ်ိဳးစံု ကိုတစ္ေနရာတည္းေလ့ လာႏိုင္ပါမယ္။ ပ်ိဳးပင္၊ သရက္သီးတန္ဖိုးျမင့္ထုတ္ကုန္မ်ား၊ စိုက္ပ်ိဳးေရး အေရာင္းဆိုင္မ်ား ပါ၀င္ျပသသြားပါမယ္။ သရက္သီးတန္ဖိုးျမင့္ထုတ္လုပ္ပံုလုပ္ငန္းစဥ္ ျပခန္းမ်ားပါ၀င္မွာျဖစ္ပါတယ္” ဟု မႏၱေလးတိုင္းေဒသႀကီး သရက္သီးအစုအဖြဲ ႔ ဥကၠဌ ေဒၚသန္းသန္းေဆြက ေျပာသည္။

ျမန္မာ့စိန္တလံုးစတင္ျပီးရင့္မွည့္ ေဈးကြက္စတင္ တင္ပို႔မည့္ အခ်ိန္တြင္ ႏိုင္ငံတကာ၀ယ္လက္မ်ား စိတ္၀င္စား မွု အမ်ားဆံုးခ်ိန္မွာက်င္းပတာျဖစ္ျပီး အျခားသရက္သီးမ်ားလည္းနိုင္ငံတကာေဈးကြက္ ကိုတင္ပို့နိုင္ဖို့ ရည္ ရြယ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္ကို ျမန္မာနိုင္ငံ သစ္သီး၀လံ၊ ပန္းမန္နွင့္ဟင္းသီးဟင္း ရြက္စိုက္ပ်ိဳးထုတ္တင္ပို႔အသင္း နွင့္ မႏၱေလးတိုင္းေဒသႀကီး သရက္အသင္းတို႔ပူးေပါင္းက်င္းပျခင္းျဖစ္ျပီး ပြဲေတာ္ကာလ အတြင္း စိုက္ပ်ိဳးေရး ပညာရွင္မ်ား၏ ေဆြးေႏြးေဟာေျပာပြဲမ်ားႏွင့္ ျပခန္း ေပါင္း၅၀ေက်ာ္ပါ၀င္ျပသသြားမည္ျဖစ္ ေၾကာင္းသိရသည္။

By – ျပည္စိုး
MUNA

(Unicode)

မန္တလေး မတ်၂၁

ပဉ္စမကြိမ်မြောက်မြန်မာ့သရက်သီး ပွဲတော် ပြပွဲ၊ ပြိုင်ပွဲ ကို မေ ၁၁ ၊ ၁၂ ရက် တွင် မန္တလေးမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေကြီးသရက်အသင်းမှ သိရသည်။

မြန်မာ့သရက်ကို နိုင်ငံတကာတန်းဝင်တင်ပို့ရောင်းချနိုင်ရန် ၊ တစ်ကမ္ဘာလုံးကသိရှိပြီး အရောင်းမြှင့်တင်ရန် ၊ သရက်သီးတွေကို GAP စနစ်နဲ့စိုက်ပျိုးရန် ၊ စိုက်ပျိုးထုတ်လုပ်သူ ၊ ဝယ်ယူသူ ၊ တင်ပို့ရောင်းချသူတွေ ခိုင်မာတဲ့ဈေးကွက်တည်ငြိမ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

” မြန်မာ့သရက်ကို နိုင်ငံတကာက သိရှိလာစေရန် ၊ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေတိုးစေနိုင်ရန်ရည်ရွယ်ပြီး အစဉ်အလာမပျက် ကျင်းပတာဖြစ်ပါတယ်။ မြန်မာ့ သရက် သီးမျိုးစုံ ကိုတစ်နေရာတည်းလေ့ လာနိုင်ပါမယ်။ ပျိုးပင်၊ သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များ၊ စိုက်ပျိုးရေး အရောင်းဆိုင်များ ပါဝင်ပြသသွားပါမယ်။ သရက်သီးတန်ဖိုးမြင့်ထုတ်လုပ်ပုံလုပ်ငန်းစဉ် ပြခန်းများပါဝင်မှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

မြန်မာ့စိန်တလုံးစတင်ပြီးရင့်မှည့် ဈေးကွက်စတင် တင်ပို့မည့် အချိန်တွင် နိုင်ငံတကာဝယ်လက်များ စိတ်ဝင်စား မှု အများဆုံးချိန်မှာကျင်းပတာဖြစ်ပြီး အခြားသရက်သီးများလည်းနိုင်ငံတကာဈေးကွက် ကိုတင်ပို့နိုင်ဖို့ ရည် ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်း ရွက်စိုက်ပျိုးထုတ်တင်ပို့အသင်း နှင့် မန္တလေးတိုင်းဒေသကြီး သရက်အသင်းတို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကာလ အတွင်း စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးဟောပြောပွဲများနှင့် ပြခန်း ပေါင်း၅၀ကျော်ပါဝင်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။

By – ပြည်စိုး
MUNA

Comments

comments