ကင္မရြန္းႏိုင္ငံသား ၂ဦးကို ေဒၚလာအတုမ်ား၊ အတုျပဳလုပ္ေသာဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ရန္ကုန္တြင္ ဖမ္းမိ

on

မတ္ ၂၂

ကင္မရြန္းႏိုင္ငံသား(၂)ဦးကို အေမရိကန္ေဒၚလာ အတုမ်ား၊ အတုျပဳလုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္မ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ရွိ တည္းခိုခန္းတစ္ခုတြင္ ဖမ္းဆီးရမိခဲ႔ေၾကာင္း ျမန္မာရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔ မတ္လ ၂၁ ရက္ေန႔ ညေန ၃ နာရီ ၃၀ မိနစ္အခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္း ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား၊ မႈခင္းရဲတပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ား၊ အေနာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ တပ္ဖြဲ႕ဝင္မ်ား၊ သတင္းရဲတပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ား၊ ကမၻာလွည့္ခရီးသြားလုပ္ငန္းလုံျခဳံေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္ မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ႏိုင္ငံျခားသားႏွစ္ဦးမွ ႏိုင္ငံျခားေငြအတုမ်ားအား လက္ဝယ္ထားရွိ သုံးစြဲ၊ လဲလွယ္ေနေၾကာင္း သတင္းအရ စုံစမ္းခဲ့ရာ ကင္မရြန္းႏိုင္ငံသား Mr. Guillaume Nekndo Tchoungang (၃၃)ႏွစ္ ကင္မရြန္းနိုင္ငံေနသူႏွင့္ Mr. Charles Abe Etounit (၄၆)ႏွစ္ ကင္မရြန္း နိုင္ငံေနသူတို႔အား ေတြ႕ရွိသျဖင့္ စစ္ေဆးခဲ့သည္။

၎တို႔ႏွစ္ဦးက ႏိုင္ငံျခားေငြမ်ားရွိေၾကာင္း၊ အလဲအထပ္ျပဳလုပ္လိုပါက ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ မဟာဗႏၶဳလပန္းၿခံလမ္းရွိ “ခ်မ္းေျမ့” တည္းခိုခန္းတြင္ တည္းခိုေနထိုင္ေၾကာင္းေျပာျပသိရွိရသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္ရွာေဖြရာ Mr. Guillaume Nekndo Tchoungang တည္းခိုသည့္ အခန္းအမွတ္(၇၁၆)အတြင္းမွ အတုဟုယူဆရေသာ အေမရိကန္ေဒၚလာ (၃၄၇၁) ရြက္ႏွင့္ Mr. Charles Abe Etounit တည္းခိုသည့္ အခန္းအမွတ္(၇၁၅)အတြင္းမွ အေမရိကန္ေဒၚလာ ေငြစကၠဴအတုျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းအမ်ိဳး(၂၀)တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ကင္မရြန္းႏိုင္ငံသားႏွစ္ဦးကို ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ (ပ)၁၀၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ/၄၈၉-ဃ ျဖင့္ အေရးယူထားသည္။

MUNA
ဓါတ္ပံု – ရဲတပ္ဖြဲ႕

(Unicode)

မတ် ၂၂

ကင်မရွန်းနိုင်ငံသား(၂)ဦးကို အမေရိကန်ဒေါ်လာ အတုများ၊ အတုပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့်အတူ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံခြားငွေအတုများအား လက်ဝယ်ထားရှိ သုံးစွဲ၊ လဲလှယ်နေကြောင်း သတင်းအရ စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang (၃၃)နှစ် ကင်မရွန်းနိုင်ငံနေသူနှင့် Mr. Charles Abe Etounit (၄၆)နှစ် ကင်မရွန်း နိုင်ငံနေသူတို့အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

၎င်းတို့နှစ်ဦးက နိုင်ငံခြားငွေများရှိကြောင်း၊ အလဲအထပ်ပြုလုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ “ချမ်းမြေ့” တည်းခိုခန်းတွင် တည်းခိုနေထိုင်ကြောင်းပြောပြသိရှိရသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေရာ Mr. Guillaume Nekndo Tchoungang တည်းခိုသည့် အခန်းအမှတ်(၇၁၆)အတွင်းမှ အတုဟုယူဆရသော အမေရိကန်ဒေါ်လာ (၃၄၇၁) ရွက်နှင့် Mr. Charles Abe Etounit တည်းခိုသည့် အခန်းအမှတ်(၇၁၅)အတွင်းမှ အမေရိကန်ဒေါ်လာ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုး(၂၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကင်မရွန်းနိုင်ငံသားနှစ်ဦးကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၁၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ/၄၈၉-ဃ ဖြင့် အရေးယူထားသည်။

MUNA
ဓါတ်ပုံ – ရဲတပ်ဖွဲ့

Comments

comments