မႏၱ​ေလးတြင္​ ႏိုင္ငံတကာအဆင့္မီ ေမာ္ေတာ္ကား အေရာင္းျပပြဲႀကီး က်င္​းပမည္​

on

မတ္ ၂၂

မႏၱ​ေလးၿမိဳ႕တြင္​ ႏိုင္ငံတကာ အဆင့္မီ ေမာ္ေတာ္ကား အေရာင္းျပပြဲႀကီး က်င္းပမည္ျဖစ္ ေၾကာင္း CarsDB မွ သိရသည္။

ကားခ်စ္သူမ်ား၊ ကားေရာင္းသူမ်ား၊ ကားႏွင့္ဆက္စပ္ေသာလုပ္ငန္းလုပ္ကိုင္ေနသူမ်ားႏွင့္ ကားႏွင့္ ပတ္သက္သူမ်ား အားလံုးအတြက္ CarsDB မွ ႀကီးမႉးက်င္းပသည့္ နိုင္ငံတကာအဆင့္မီ ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲႀကီးကို မတ္လ ၃၀ ၊ ၃၁ ရက္ ႏွင့္ ဧၿပီလ ၁ ရက္တြင္ Mandalay Convention Centerမွာ က်င္​းပမည္ျဖစ္သည္။

“တန္ဖိုးနည္း ၊ တန္ဖိုးသင့္ ၊ တန္ဖိုးႀကီးကားေတြကို တေနရာထည္းမွာ ဝယ္ယူလို႔ ရ႐ွိႏိုင္မွာျဖစ္ပါတယ္။ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး အရစ္က်စနစ္နဲ႔ ေရာင္းခ်တဲ့ ကုမၸဏီ ေတြလည္းပါဝင္ပါတယ္” ဟု CarsDB မွ Chief Operating Officer ဦးေဝၿဖိဳးေက်ာ္ကေျပာသည္။

ေမာ္ေတာ္ယာဥ္အေရာင္းျပပြဲကို ကားထုတ္လုပ္သူမ်ား၊ ျဖန႔္ျဖဴး ေရာင္းခ်သဴမ်ား၊ ကားႏွင့္ဆက္စပ္သည့္လုပ္ငန္းမ်ား၊ ေမာ္ေတာ္ယာဥ္ အရစ္က်ဝယ္ယူနိုင္ေသာ ဘဏ္ႏွင့္ အာမခံလုပ္ငန္းမ်ားမွတဆင့္ ​ေဈးကြက္အတြင္းရွိ မိမိလိုအပ္ေသာ ကားသစ္၊ တပတ္ရစ္ကားႏွင့္ ေမာ္ေတာ္ယာဥ္ႏွင့္သက္ဆိုင္ေသာဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို ျပည္သူမ်ား တစ္ေနရာတည္း၌ စိတ္ႀကိဳက္ဝယ္ယူနိုင္ရန္အတြက္ အခြင့္အလမ္းတစ္ရပ္ဖန္တီးေပးျခင္းအားျဖင့္ ျမန္မာနိုင္ငံရွိ ေမာ္ေတာ္ယာဥ္လုပ္ငန္းကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားရန္ရည္​ရြယ္​ၿပီး က်င္​းပျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားအ​ေရာင္​းျပပြဲႀကီးတြင္ Ford၊ Jaguar၊ Land Rover၊ Mercedes-Benz Volvo၊ Mitsubishi ၊ KIA၊ Nissan၊ GAC ၊ Hyundai ၊ Suzuki ၊ Mazda စသည့္ ကားကုမၸဏီမ်ားလည္း ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

Brand New ကားမ်ားအျပင္​ တပတ္​ရစ္​ကားမ်ားကို Century Mandalay ၊ Cherry Yoma ႏွင့္ Euro Nippon တို႔မွ ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုလို ႏိုင္ငံတကာ အဆင့္မီကားျပပြဲကို ၂၀၁၈ ခုႏွစ္က မႏၱလာသီရိ အားကစားကြင္း တြင္က်င္းပခ့ဲၿပီး လူဦးေရ တစ္ေသာင္းေက်ာ္ တက္ေရာက္ခ့ဲေၾကာင္းသိရသည္။

By – ျပည္စိုး
MUNA

(Unicode)

မတ် ၂၂

မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီ မော်တော်ကား အရောင်းပြပွဲကြီး ကျင်းပမည်ဖြစ် ကြောင်း CarsDB မှ သိရသည်။

ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့် ပတ်သက်သူများ အားလုံးအတွက် CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်အရောင်းပြပွဲကြီးကို မတ်လ ၃၀ ၊ ၃၁ ရက် နှင့် ဧပြီလ ၁ ရက်တွင် Mandalay Convention Centerမှာ ကျင်းပမည်ဖြစ်သည်။

“တန်ဖိုးနည်း ၊ တန်ဖိုးသင့် ၊ တန်ဖိုးကြီးကားတွေကို တနေရာထည်းမှာ ဝယ်ယူလို့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ ကုမ္ပဏီ တွေလည်းပါဝင်ပါတယ်” ဟု CarsDB မှ Chief Operating Officer ဦးဝေဖြိုးကျော်ကပြောသည်။

မော်တော်ယာဉ်အရောင်းပြပွဲကို ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူး ရောင်းချသူများ၊ ကားနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်သော ဘဏ်နှင့် အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက်အတွင်းရှိ မိမိလိုအပ်သော ကားသစ်၊ တပတ်ရစ်ကားနှင့် မော်တော်ယာဉ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများ တစ်နေရာတည်း၌ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် အခွင့်အလမ်းတစ်ရပ်ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မော်တော်ယာဉ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားအရောင်းပြပွဲကြီးတွင် Ford၊ Jaguar၊ Land Rover၊ Mercedes-Benz Volvo၊ Mitsubishi ၊ KIA၊ Nissan၊ GAC ၊ Hyundai ၊ Suzuki ၊ Mazda စသည့် ကားကုမ္ပဏီများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Brand New ကားများအပြင် တပတ်ရစ်ကားများကို Century Mandalay ၊ Cherry Yoma နှင့် Euro Nippon တို့မှ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို နိုင်ငံတကာ အဆင့်မီကားပြပွဲကို ၂၀၁၈ ခုနှစ်က မန္တလာသီရိ အားကစားကွင်း တွင်ကျင်းပခဲ့ပြီး လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

By – ပြည်စိုး
MUNA

Comments

comments