ႏိုင္ငံျခားပို႔ရန္ အျမန္ေခ်ာပို႔ဌာနေရာက္ရွိေနသည့္ ဂ်ပ္ဖာအတြင္းထည့္ထားေသာ မူးယစ္ေဆးဝါးမ်ား မႏၲေလးတြင္ ဖမ္းမိ

on

မတ္ ၂၄

မႏၲေလးၿမိဳ ႔၊ မဟာေအာင္ေျမၿမိဳ ႔နယ္၊ ၇၃လမ္း႐ွိဟိုတယ္တစ္ခုတြင္ဖြင့္လွစ္ထားသည့္ DHL အျမန္ေခ်ာပို႔ (ျပည္ပသီးသန္႔ဌာန) ပါဆယ္ပစၥည္းပို႔လုပ္ငန္းတြင္ ႏိုင္ငံျခားသို႔ တင္ပို႔ရန္အပ္ႏွံထားသည့္ အညိဳေရာင္ဂ်ပ္ဖာအတြင္းမွ မူးယစ္ေဆးဝါးမ်ားေတြ႕႐ွိသျဖင့္ လူ(၃)ဦးကိုဖမ္းဆီးထားသည္ဟု အမွတ္(၉)ၿမိဳ ႔မရဲစခန္းမွ သိရသည္။

ျပည္ပအျမန္ေခ်ာပို႔ကုန္လုပ္ငန္းတြင္ မတ္လ ၂၂ ရက္ ညေန(၃)နာရီက ေမာင္ကြၽန္းစင္ႏွင့္ အမည္မသိအမ်ိဳးသမီးတစ္ဦး၊ အမ်ိဳးသားတစ္ဦးတို႔က နယူးဇီလန္ႏိုင္ငံသို႔ပို႔ရန္ ဝိုင္ဖန္ခြက္မ်ားဟု ေျပာဆိုၿပီး မသကၤာဖြယ္အညိဳ ေရာင္၊ စကၠဴ ဂ်ပ္ဖာတစ္ဖာလာပို႔ေဆာင္ထားေၾကာင္း မတ္(၂၃) ရက္၊ နံနက္(၉)နာရီခြဲက ၿမိဳ ႔မရဲစခန္းကိုအေၾကာင္းၾကားသျဖင့္ မူးယစ္တပ္ဖြဲ႕(၁၈)မွတပ္ဖြဲ႕စုဝင္မ်ား၊ ၿမိဳ ႔နယ္ရဲတပ္ဖြဲ႕ဝင္မ်ားက အသိသက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။

ထိုသို႔စစ္ေဆးရာတြင္ အနီေရာင္ SECTURITY CHECCKED ကပ္ထားေသာအညိဳေရာင္ဂ်ပ္ဖာ စကၠဴပုံးအား ဖြင့္ေဖာက္႐ွာေဖြရာ အဝါေရာင္ဂ်ပ္ဖာဘူးအတြင္းဝိုင္ဖန္ခြက္(၂)ခြက္၏ ေအာက္႐ွိအံံ့ဝွက္အတြင္းထည့္ထားေသာ ေငြေရာင္ပလပ္စတစ္အိတ္အတြင္းမွ အိုက္(စ္)(မက္သာအက္ဖီတမင္း)ဟု ယူဆရေသာအၾကည္ေရာင္ ပုံေဆာင္ခဲ၊ အမႈန္႔မ်ား အေလးခ်ိန္(၄၅၀)ဂရမ္ပါအဝါေရာင္ဂ်ပ္ဖာ၃ဘူးႏွင့္ ၂၀၀ ဂရမ္စီပါဂ်ပ္ဖာ၂ဘူး၊စုစုေပါင္းဂ်ပ္ဖာ၅ဘူး၊ အေလးခ်ိန္ ၁၇၅၀ ဂရမ္ခန္႔ ကာလတန္ဖိုး သိန္း(၃၅၀)တန္ဖိုး႐ွိ မူးယစ္ေဆးဝါးပစၥည္းမ်ားေတြ႕႐ွိခဲ့ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းအရသိရသည္။

၎မူးယစ္ေဆးဝါးမ်ားမွာ နယူးဇီလန္ႏိုင္ငံသို႔ပို႔ေဆာင္ရန္အပ္ႏွံျခင္းျဖစ္ၿပီး ကုန္ပို႔ပစၥည္းေပးပို႔သူ႔ေနရာတြင္ေမာင္ကြၽမ္းစင္(မွတ္ပုံတင္)မိတၱဴ ႏွင့္ဆက္သြယ္ရမည့္ဖုန္းနံပတ္မ်ား ပစၥည္းလက္ခံေျပစာမိတၱဴ ေတြ႔႐ွိျခင္း၊ CCTV မွတ္တမ္းအားၾကည့္႐ႈ႕စစ္ေဆးရာမွ Nissan ေမာ္ေတာ္ယာဥ္ျဖင့္ လာေရာက္ေပးပို႔ျခင္းျဖစ္သျဖင ့္စစ္ေဆးၾကရာ ၈၁လမ္း ၁၇×၁၈လမ္းၾကားတြင္ ကြၽမ္းစင္ႏွင့္မယုယုတို႔ကို ေမာ္ေတာ္ယာဥ္ႏွင့္အတူ ေတြ႕႐ွိသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့သည္။

” ကြၽန္ေတာ္တို႔ပူးေပါင္းကာစစ္ေဆးမႈေတြျပဳလုပ္ၿပီး မႏၲလးမွာ ႏွစ္ေယာက္ဖမ္းမိထားတယ္။ က်န္တစ္ဦးကိုလည္း လာ႐ိႈးမူးယစ္တပ္ဖြဲ႕ေတြက ဖမ္းဆီးထိန္းသိမ္းထားတဲ့အတြက္ သူ႔ကိုသြားေခၚေနၾကပါၿပီ။ ျမန္မာစကားလည္းမေျပာတတ္ပါဘူး” ဟု အမွတ္(၉)ၿမိဳ ႔မရဲစခန္းမွတာဝန္႐ွိသူတစ္ဦးက ေျပာသည္။

မူးယစ္ေဆးဝါးမ်ားအား ျပည္ပႏိုင္ငံတင္ပို႔ရန္ၾကံစည္သူ
ေမာင္ကြၽမ္းစင္ ၂၃ ႏွစ္၊မယုယု ၂၂ႏွစ္ ေမဃသီရိရပ္ကြက္ေနထိုင္ၾကသူႏွင့္ က်န္ဟု(ခ)က်န္ဖဟုန္ ကြမ္းလုံၿမိဳ ႔ေနထိုင္သူ သံုးဦးကို အမွတ္(၉)ၿမိဳ ႔မရဲစခန္းမွ (ပ)၁၆/၂၀၁၉၊မူး/စိတ္ပုဒ္မ-၁၉(က)၊၂၀(ခ)/၂၁ တိုုျဖင့္အမႈဖြင့္အေရးယူထားသည္။

By – မင္းသန္႔
MUNA

(Unicode)

မတ် ၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃လမ်းရှိဟိုတယ်တစ်ခုတွင်ဖွင့်လှစ်ထားသည့် DHL အမြန်ချောပို့ (ပြည်ပသီးသန့်ဌာန) ပါဆယ်ပစ္စည်းပို့လုပ်ငန်းတွင် နိုင်ငံခြားသို့ တင်ပို့ရန်အပ်နှံထားသည့် အညိုရောင်ဂျပ်ဖာအတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရှိသဖြင့် လူ(၃)ဦးကိုဖမ်းဆီးထားသည်ဟု အမှတ်(၉)မြို့မရဲစခန်းမှ သိရသည်။

ပြည်ပအမြန်ချောပို့ကုန်လုပ်ငန်းတွင် မတ်လ ၂၂ ရက် ညနေ(၃)နာရီက မောင်ကျွန်းစင်နှင့် အမည်မသိအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့က နယူးဇီလန်နိုင်ငံသို့ပို့ရန် ဝိုင်ဖန်ခွက်များဟု ပြောဆိုပြီး မသင်္ကာဖွယ်အညို ရောင်၊ စက္ကူ ဂျပ်ဖာတစ်ဖာလာပို့ဆောင်ထားကြောင်း မတ်(၂၃) ရက်၊ နံနက်(၉)နာရီခွဲက မြို့မရဲစခန်းကိုအကြောင်းကြားသဖြင့် မူးယစ်တပ်ဖွဲ့(၁၈)မှတပ်ဖွဲ့စုဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် အနီရောင် SECTURITY CHECCKED ကပ်ထားသောအညိုရောင်ဂျပ်ဖာ စက္ကူပုံးအား ဖွင့်ဖောက်ရှာဖွေရာ အဝါရောင်ဂျပ်ဖာဘူးအတွင်းဝိုင်ဖန်ခွက်(၂)ခွက်၏ အောက်ရှိအံံ့ဝှက်အတွင်းထည့်ထားသော ငွေရောင်ပလပ်စတစ်အိတ်အတွင်းမှ အိုက်(စ်)(မက်သာအက်ဖီတမင်း)ဟု ယူဆရသောအကြည်ရောင် ပုံဆောင်ခဲ၊ အမှုန့်များ အလေးချိန်(၄၅၀)ဂရမ်ပါအဝါရောင်ဂျပ်ဖာ၃ဘူးနှင့် ၂၀၀ ဂရမ်စီပါဂျပ်ဖာ၂ဘူး၊စုစုပေါင်းဂျပ်ဖာ၅ဘူး၊ အလေးချိန် ၁၇၅၀ ဂရမ်ခန့် ကာလတန်ဖိုး သိန်း(၃၅၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးပစ္စည်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရသိရသည်။

၎င်းမူးယစ်ဆေးဝါးများမှာ နယူးဇီလန်နိုင်ငံသို့ပို့ဆောင်ရန်အပ်နှံခြင်းဖြစ်ပြီး ကုန်ပို့ပစ္စည်းပေးပို့သူ့နေရာတွင်မောင်ကျွမ်းစင်(မှတ်ပုံတင်)မိတ္တူ နှင့်ဆက်သွယ်ရမည့်ဖုန်းနံပတ်များ ပစ္စည်းလက်ခံပြေစာမိတ္တူ တွေ့ရှိခြင်း၊ CCTV မှတ်တမ်းအားကြည့်ရှု့စစ်ဆေးရာမှ Nissan မော်တော်ယာဉ်ဖြင့် လာရောက်ပေးပို့ခြင်းဖြစ်သဖြင့်စစ်ဆေးကြရာ ၈၁လမ်း ၁၇×၁၈လမ်းကြားတွင် ကျွမ်းစင်နှင့်မယုယုတို့ကို မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

” ကျွန်တော်တို့ပူးပေါင်းကာစစ်ဆေးမှုတွေပြုလုပ်ပြီး မန္တလးမှာ နှစ်ယောက်ဖမ်းမိထားတယ်။ ကျန်တစ်ဦးကိုလည်း လာရှိုးမူးယစ်တပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် သူ့ကိုသွားခေါ်နေကြပါပြီ။ မြန်မာစကားလည်းမပြောတတ်ပါဘူး” ဟု အမှတ်(၉)မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများအား ပြည်ပနိုင်ငံတင်ပို့ရန်ကြံစည်သူ
မောင်ကျွမ်းစင် ၂၃ နှစ်၊မယုယု ၂၂နှစ် မေဃသီရိရပ်ကွက်နေထိုင်ကြသူနှင့် ကျန်ဟု(ခ)ကျန်ဖဟုန် ကွမ်းလုံမြို့နေထိုင်သူ သုံးဦးကို အမှတ်(၉)မြို့မရဲစခန်းမှ (ပ)၁၆/၂၀၁၉၊မူး/စိတ်ပုဒ်မ-၁၉(က)၊၂၀(ခ)/၂၁ တိုဖြင့်အမှုဖွင့်အရေးယူထားသည်။

By – မင်းသန့်
MUNA

Comments

comments