မန္တလေးတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ရတနာပုံခေတ်ဘုရားတစ်ဆူခိုးယူသူအား ဖမ်းဆီးအရေးယူ
on
မတ် ၂၅
မန္တလေးမြို့ ၊ အောင်မြေသာစံမြို့ နယ် ၊မင်းတဲအီကင်းရပ်၊ အကွက်(၁၀၉)၊ ၂၂လမ်း ၉၀×၉၁ လမ်းကြားရှိတောင်တွင်းကြီးကျောင်းတိုက်အတွင်း “ဝ” ကိုးလုံးဘုရားရှိ စကျင်ကျောက်ဖြင့်ထုထားသော ရတနာပုံခေတ်မှဘုရားတစ်ဆူခိုးယူသူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်မြေသာစံမြို့ မရဲစခန်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။
ကျောင်းတိုက်အတွင်း ဝေယျာဝစ္စလုပ်ငန်းများ လုပ်နေကြစဉ် ကိုအောင်မျိုးကျော်၊ ကိုအောင်ကျော်မိုး၊ ဦးဥာဏ်၊ ဦးမျိုးကို၊ ဦးညီအောင်တို့သည် ”ဝ”ကိုးလုံးစေတီ ပုလ္လင်ပေါ်ရှိ စကျင်ဘုရားလေးဆူအနက် တောင်ဘက်အ
ထိုသို့အကြောင်းကြားမှုအပေါ် အမှတ်(၅)မြို့ မရဲစခန်း မှ ရဲအုပ်မင်းသူနှင့်ရဲတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင် လိုက်လံရှာဖွေရာ တောင်တွင်းကြီးကျောင်းတိုက်အရှေ့ဘက်လမ်းကြားတွင် အမျိုးသားတစ်ဦးကို ပီနံအိတ်တစ်လုံးနှင့်အတူ မသင်္ကာစရာတွေရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းမှာ ခင်မောင်ဝင်းဆိုသူဖြစ်ပြီး ပီနံအိတ်ထဲတွင်လည်း ဘုန်းကြီးကျောင်းမှပျောက်ဆုံးသွားသောဘုရားဥာဏ်တော် ၁၇ လက်မခန့်၊ ပုလ္လင်အမြင့် ၂လက်မခန့်၊ ဘုရားအောက်ခြေအလျား ၁၄လက်မခန့်ပလ္လင်ပါအောက်ခြေ အလျား၁၇လက်မခန့်၊ အနံ၉လက်မခန့်ရှိ စကျင်ဘုရားတစ်ဆူအား ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲစခန်းမှသိရသည်။
By – မင်းသန့်
MUNA
(Unicode)
မတ် ၂၅
မန္တေလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊မင်းတဲအီကင်းရပ်၊အကွက်(၁၀၉)၊ ၂၂လမ်း ၉၀×၉၁ လမ်းကြားရှိတောင်တွင်းကြီးကျောင်းတိုက်အတွင်း “ဝ” ကိုးလုံးဘုရားရှိ စကျင်ကျောက်ဖြင့်ထုထားသော ရတနာပုံခေတ်မှဘုရားတစ်ဆူခိုးယူသူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်မြေသာစံမြို့မရဲစခန်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။
ကျောင်းတိုက်အတွင်း ဝေယျာဝစ္စလုပ်ငန်းများ လုပ်နေကြစဉ် ကိုအောင်မျိုးကျော်၊ ကိုအောင်ကျော်မိုး၊ ဦးဉာဏ်၊ ဦးမျိုးကို၊ ဦးညီအောင်တို့သည် ”ဝ”ကိုးလုံးစေတီ ပုလ္လင်ပေါ်ရှိ စကျင်ဘုရားလေးဆူအနက် တောင်ဘက်အစွန်းဆုံးရှိ စကျင်ဘုရားတစ်ဆူမှာ ပျောက်ဆုံးနေကြောင်းတွေရှိသဖြင့် ကျောင်းတိုက်မှ သံဃာတော်ဦးပဇင်းဘိုပန်းထံလျှောက်ထားပြီး ရဲစခန်းကိုအကြောင်းကြားခဲ့သည်။
ထိုသို့အကြောင်းကြားမှုအပေါ် အမှတ်(၅)မြို့မရဲစခန်း မှ ရဲအုပ်မင်းသူနှင့််ရဲတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင် လိုက်လံရှာဖွေရာ တောင်တွင်းကြီးကျောင်းတိုက်အရှေ့ဘက်လမ်းကြားတွင် အမျိုးသားတစ်ဦးကို ပီနံအိတ်တစ်လုံးနှင့်အတူ မသင်္ကာစရာတွေရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းမှာ ခင်မောင်ဝင်းဆိုသူဖြစ်ပြီး ပီနံအိတ်ထဲတွင်လည်း ဘုန်းကြီးကျေ ာင်းမှပျောက်ဆုံးသွားသောဘုရားဉာဏ်တော် ၁၇ လက်မခန့်၊ ပုလ္လင်အမြင့် ၂လက်မခန့်၊ ဘုရားအောက်ခြေအလျား ၁၄လက်မခန့်ပလ္လင်ပါအောက်ခြေ အလျား၁၇လက်မခန့်၊ အနံ၉လက်မခန့်ရှိ စကျင်ဘုရားတစ်ဆူအား ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲစခန်းမှသိရသည်။
” ဘုန်းဘုန်းတို့သိသိချင်းဘဲ ဌာနဆိုင်ရာတာဝန်ရှိသူတွေ
ကိုအကြောင်းကြားတယ်။ နှစ်ပေါင်းအတော်ကြာပြီတည် ထားကိုးကွယ်နေတာ။ ပြုပြင်ထိန်းသိမ်းမှုတွေလည်း လုပ် ထားတယ်။ တစ်ခါမှလည်းခုလိုမျိုးမကြားဘူးသလို၊ မကြုံလည်းမကြုံဘူးပါဘူး။ ဘုရားတွေက နှစ်ပေါင်းရာကျော်နေပါပြီဟု” ဟု ၎င်းကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်သည့် ဦးဇင်းတစ်ပါးက မိန့်တော်မူသည်။
အများသူဌာကိုးကွယ်ထားရှိသော ဘုန်းကြီးကျောင်းအတွင်းမှ စကျင်ဘုရားတစ်ဆူအား ခိုးယူပြီး သာသနာညိုးနွမ်းအောင်ပြုလုပ်သူ ခင်မောင်ဝင်း(၄၇)နှစ် (အောင်မြေသာစံမြို့နယ်မင်းတဲအီကင်း နေထိုင်သူ) ကို အမှတ်(၅)မြို့မရဲစခန်းမှ (ပ)၂၃၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ဖြင့်ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည်။
By – မင်းသန့်
MUNA
Comments
comments