မႏၲေလးရွိေနအိမ္(၁)အိမ္တြင္ မူးယစ္ေဆးသုံးစြဲရင္းေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕

on

မတ္ ၂၅

မႏၲေလးၿမိဳ ႔၊ မဟာေအာင္ေျမၿမိဳ ႔နယ္မဟာေအာင္ေျမအ
ေနာက္ရပ္ကြက္၊ အကြက္၅၂၇႐ွိ ေနအိမ္တစ္အိမ္တြင ္အမ်ိဳးသားတစ္ဦး မူးယစ္ေဆးဝါးသုံးစြဲရင္း ေဆးလြန္ေသဆုံးေနသည့္ ႐ုပ္အေလာင္းကို ယေန႔ ေန႔လယ္ပိုင္းကေတြ ႔႐ွိခဲ့သည္ဟု အမွတ္(၇)နယ္ေျမရဲစခန္းမွ သိရသည္။

၄င္းရပ္ကြက္႐ွိ ေဒၚ××× ၏ေနအိမ္သုံးထပ္တိုက္ ဒုတိယထပ္တြင္ မိုးကုတ္ၿမိဳ ႔မွလာေရာက္ၿပီး ဌားရမ္းေနထိုင္သူလင္းထြန္း(၃၂)ႏွစ္ဆိုသူသည္ မတ္(၂၄)ရက္ေန႔လည္ပိုင္းမွစ၍ ေနအိမ္တံခါးပိတ္ထားျပီး အျပင္သို႔ဝင္ထြက္သြားလာသည္ကိုမေတြ႕ရ၍ ယေန႔ (မတ္ ၂၅ရက္) ေန႔လယ္(၁)နာရီက ေဒၚ××× က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးႏွင့္ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

ထို႔သို႔အေၾကာင္းၾကားခ်က္အရ အမွတ္(၇)နယ္ေျမ
ရဲစခန္းမွ ရဲအုပ္ခင္ေဇာ္၊ ရဲတပ္ၾကပ္သၾကၤန္မိုးႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အသိသက္ေသမ်ားႏွင့္အတူ ေနအိမ္ဒုတိယထပ္သို႔သြားေရာက္စစ္ေဆးခဲ့ၾကရာ လင္းထြန္းအား ၎၏အိပ္ယာေဘးတြင္ ေမွာက္လ်က္အေနအထားျဖင ့္ေသဆုံးေနသည္ကို ေတြ႕ရသျဖင့္ ပက္လက္လွန္စစ္ေဆးခဲ့ရာ ဝမ္းဗိုက္ေအာက္မွ ေဆးထိုးအပ္တစ္ေခ်ာင္းႏွင့္ ဝဲဘက္လက္ေကာက္ဝတ္တြင္ ေဆးထိုးထားသည့္ အပ္ရာမ်ားေတြ႕ရၿပီး ျပင္ပဒဏ္ရာမေတြ႕႐ွိရဘဲ မူးယစ္ေဆးဝါးသုံးစြဲစဥ္ ေဆးလြန္ကာေသဆုံးသည့္လကၡဏျဖင့္ေတြ႕႐ွိခဲ့ရသည္ဟု ရဲမႈခင္းမွတ္တမ္းတြင္ေဖာ္ျပထားသည္။

မူးယစ္ေဆးဝါးသုံးစြဲစဥ္ ေဆးလြန္ ေသဆုံးမႈႏွင့္ပတ္သက္၍အမွတ္(၇)နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္(၅/၂၀၁၉)ေရးဖြင့္ကာ ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္မဟုတ္ စစ္ေဆးေဆာင္ရြက္လွ်က္ရွိသည္။

By – မင္းသန္႔
MUNA

(Unicode)

မတ် ၂၅

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မဟာအောင်မြေအ
နောက်ရပ်ကွက်၊ အကွက်၅၂၇ရှိ နေအိမ်တစ်အိမ်တွင်အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း ဆေးလွန်သေဆုံးနေသည့် ရုပ်အလောင်းကို ယနေ့ နေ့လယ်ပိုင်းကတွေ့ရှိခဲ့သည်ဟု အမှတ်(၇)နယ်မြေရဲစခန်းမှ သိရသည်။

၎င်းရပ်ကွက်ရှိ ဒေါ်××× ၏နေအိမ်သုံးထပ်တိုက် ဒုတိယထပ်တွင် မိုးကုတ်မြို့မှလာရောက်ပြီး ဌားရမ်းနေထိုင်သူလင်းထွန်း(၃၂)နှစ်ဆိုသူသည် မတ်(၂၄)ရက်နေ့လည်ပိုင်းမှစ၍ နေအိမ်တံခါးပိတ်ထားပြီး အပြင်သို့ဝင်ထွက်သွားလာသည်ကိုမတွေ့ရ၍ ယနေ့ (မတ် ၂၅ရက်) နေ့လယ်(၁)နာရီက ဒေါ်××× က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့အကြောင်းကြားချက်အရ အမှတ်(၇)နယ်မြေ
ရဲစခန်းမှ ရဲအုပ်ခင်ဇော်၊ ရဲတပ်ကြပ်သင်္ကြန်မိုးနှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ နေအိမ်ဒုတိယထပ်သို့သွားရောက်စစ်ဆေးခဲ့ကြရာ လင်းထွန်းအား ၎င်း၏အိပ်ယာဘေးတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရသဖြင့် ပက်လက်လှန်စစ်ဆေးခဲ့ရာ ဝမ်းဗိုက်အောက်မှ ဆေးထိုးအပ်တစ်ချောင်းနှင့် ဝဲဘက်လက်ကောက်ဝတ်တွင် ဆေးထိုးထားသည့် အပ်ရာများတွေ့ရပြီး ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ မူးယစ်ဆေးဝါးသုံးစွဲစဉ် ဆေးလွန်ကာသေဆုံးသည့်လက္ခဏဖြင့်တွေ့ရှိခဲ့ရသည်ဟု ရဲမှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသုံးစွဲစဉ် ဆေးလွန် သေဆုံးမှုနှင့်ပတ်သက်၍အမှတ်(၇)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၉)ရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

By – မင်းသန့်
MUNA

Comments

comments