သန္းၾကြယ္သူေဌးေတြ ဘယ္ႏုိင္ငံေတြမွာ အမ်ားဆံုး ရွိေနသလဲ …

on

မတ္ ၂၆

အခု ေျပာမွာကေတာ့ မီလီယံနာလုိ႔ ဆိုတဲ့ သန္းၾကြယ္သူေဌးေတြ အမ်ားဆံုး ရွိရာ ႏုိင္ငံေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဘီလီယံနာလုိ႔ ဆိုနုိင္မယ့္ သန္း တစ္ေထာင္နဲ႔ အထက္ ခ်မ္းသာသူေတြကေတာ့ ကမာၻေပၚမွာ ဦးေရ ၂၅၀၀ေလာက္ပဲ ရွိေသးတယ္လို႔ ေနာက္ဆံုး စာရင္းေတြ အရ သိရၿပီး မီလီယံနာေတြကေတာ့ သန္းနဲ႔ေတာင္ ခ်ီေအာင္ အေရအတြက္ အမ်ားအျပား ရွိေနပါၿပီ။ အမ်ားဆံုးကေတာ့ ေဒၚလာ ၁သန္းကေန ၅သန္း အတြင္း ခ်မ္းသာသူေတြပဲ ျဖစ္ပါတယ္။

အရင္ဆံုး ကမာၻေပၚက မီလီယံနာ ဦးေရကို နည္းနည္းေလာက္ ေျပာျပခ်င္ပါတယ္။ ကမာၻေပၚမွာ မီလီယံနာ ဦးေရ စုစုေပါင္း ၁၅သန္းေက်ာ္ေလာက္ ထိေအာင္ ရွိေနပါၿပီ။ ဒီထဲကမွ အုပ္စုျပန္ခြဲမယ္ ဆိုရင္ေတာ့ ေဒၚလာ သန္း ၃၀နဲ႔ အထက္ ခ်မ္းသာသူက မီလီယံနာ အားလံုးရဲ႕ ၁ရာခိုင္ႏႈန္းေလာက္ပဲ ရွိၿပီး ဦးေရ ၁.၆သိန္းေလာက္ ရွိပါတယ္။ ေဒၚလာ ၅သန္းကေန သန္း ၃၀အတြင္း ခ်မ္းသာသူကေတာ့ စုစုေပါင္းရဲ႕ ၉.၁ ရာခိုင္ႏႈန္းေလာက္ ရွိၿပီး ဦးေရ ၁.၅သန္း ၀န္းက်င္ေလာက္ ရွိေနပါတယ္။ ၁သန္းကေန ၅သန္း အတြင္း ခ်မ္းသာသူ မီလီယံနာေတြကေတာ့ ဦးေရ အမ်ားဆံုး ျဖစ္ၿပီး အားလံုးရဲ႕ ၉၀ရာခိုင္ႏႈန္းေလာက္ထိေအာင္ ရွိၿပီး လူဦးေရ ၁၄.၈၆သန္းေလာက္ထိေအာင္ မ်ားေနၿပီလည္း ျဖစ္ပါတယ္။

ဆက္ၿပီး ေျပာခ်င္တာကေတာ့ အာရွ ေဒသတြင္း မီလီယံနာ အမ်ားဆံုး ေနထိုင္ရာ ၿမိဳ႕ႀကီးေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ စီးပြားေရး တိုးတက္မႈ ျမန္ဆန္္လာျခင္းနဲ႔ အတူ အာရွမွာ မီလီယံနာ အမ်ားအျပား ရွိလာေနၿပီး ဦးေရ အမ်ားဆံုး ေနထုိင္ရာ ၿမိဳ႕အျဖစ္ ဂ်ပန္ႏုိင္ငံက တိုက်ိဳမွာ သန္းၾကြယ္သူေဌး ၂၇၉၈၀၀ထိေအာင္ ေနထုိင္ၿပီး အာရွမွာ မီလီယံနာ အမ်ားဆံုး ေနထုိင္ရာၿမိဳ႕ အျဖစ္ စာရင္း ၀င္ေနပါတယ္။

သူ႔ေနာက္မွာေတာ့ ေဟာင္ေကာင္မွာ ၂၂၇၉၀၀ဦး၊ စင္ကာပူမွာ ၂၁၇၃၀၀ဦး၊ တရုတ္ႏုိင္ငံ ေဘက်င္းမွာ ၁၂၂၁၀၀ဦး၊ ဂ်ပန္ႏုိင္ငံ၊ အိုဆာကာမွာ ၁၁၇၇၀၀ဦး၊ တရုတ္ႏုိင္ငံ၊ ရွန္ဟိုင္းမွာ ၁၁၇၆၀၀ဦး၊ ေတာင္ကိုရီးယားႏုိင္ငံ၊ ဆိုးလ္မွာ ၁၀၈၁၀၀ဦး၊ ထိုင္၀မ္မွာ ၇၆၇၀၀ဦး၊ အိႏၵိယႏုိင္ငံ၊ မြမ္ဘိုင္းမွာ ၄၆၁၀၀ဦးနဲ႔ တရုတ္ႏုိင္ငံ၊ ရွန္ဇန္းမွာ ၃၁၄၀၀ဦးထိေအာင္ အမ်ားဆံုး ရွိေနတယ္လုိ႔ သိရပါတယ္။

သမုဒၵရာပိုင္းႏိုင္ငံေတြအျဖစ္ သတ္မွတ္ခံရတဲ့ ႏုိင္ငံေတြထဲမွာေတာ့ ၾသစေၾတးလ်မွာ မီလီယံနာ အမ်ားဆံုး ရွိေနၿပီး ၿမိဳ႕ေတာ္ ဆစ္ဒနီမွာ ၁၀၆၈၀၀ဦး၊ မယ္ဘုန္းမွာ ၇၄၈၀၀နဲ႔ နယူးဇီလန္ႏုိင္ငံ အက္လန္းမွာ ၂၅၆၀၀ဦးတို႔ ရွိေနပါတယ္။

ဥေရာပ ရပ္၀န္းမွာ ဆိုရင္ အဂၤလန္ရဲ႕ ၿမိဳ႕ေတာ္ လန္ဒန္မွာ မီလီယံနာ ၃၅၇၂၀၀ထိေအာင္ အမ်ားဆံုး ရွိေနၿပီး သူ႔ေနာက္မွာ ဂ်ာမနီက ဖရန္႔ဖတ္မွာ ၁၂၈၃၃၀၀ဦး၊ ျပင္သစ္ႏုိင္ငံ၊ ပဲရစ္မွာ ၁၁၀၉၀၀ဦး၊ ဆြစ္ဇာလန္ႏုိင္ငံ၊ ဇင္းနစ္မွာ ၁၀၉၂၀၀ဦး၊ ဂ်နီဗာၿမိဳ႕မွာ ၁၀၄၃၀၀ဦး၊ ဂ်ာမနီႏုိင္ငံ၊ ျမဴးနစ္မွာ ၇၈၉၀၀ဦး၊ ရုရွနုိင္ငံ၊ ေမာ္စကိုမွာ ၆၈၂၀၀ဦး၊ အီတလီႏုိင္ငံ၊ ရုမ္းမွာ ၆၄၃၀၀ဦး၊ နယ္သာလန္ႏုိင္ငံ၊ အမ္စတာဒင္မွာ ၄၂၆၀၀ဦး၊ ဘယ္ဂ်ီယမ္ႏုိင္ငံ ဘရပ္ဆဲလ္မွာ ၃၄၇၀၀ဦး အသီးသီး ရွိေနၿပီး ဂ်ာမနီနဲ႔ ဆြစ္ဇာလန္ေတြမွာ ႏုိင္ငံအလုိက္ မီလီယံနာ အမ်ားဆံုး ရွိေနတယ္လုိ႔လည္း သိရပါတယ္။

အေရွ႕အလယ္ပိုင္း ေဒသမွာေတာ့ UAEရဲ႕ ဒူဘိုင္းၿမိဳ႕မွာ မီလီယံနာ အမ်ားဆံုး ရွိၿပီး ၅၀၄၀၀ဦး၊ အစၥေရးႏုိင္ငံ၊ တယ္အဗစ္မွာ ၃၅၂၀၀ဦး၊ တူရကီနုိင္ငံ၊ အစၥတန္ဘူးလ္မွာ ၂၇၅၀၀ဦး၊ ကာတာႏုိင္ငံ၊ ဒိုဟာမွာ ၂၅၈၀၀ဦး၊ UAEရဲ႕ ၿမိဳ႕ႀကီး အဘူဒါဘီမွာ ၁၇၁၀၀ဦး၊ ေဆာ္ဒီအာေရဗ်ႏုိင္ငံ၊ ရိုက္ဒ္မွာ ၁၆၂၀၀ဦး၊ အီရန္ႏုိင္ငံ၊ တီဟီရန္မွာ ၁၄၀၀၀ဦး၊ အစၥေရးႏုိင္ငံ၊ ေဂ်ရုစလင္မွာ ၁၃၁၀၀ဦးထိေအာင္ အမ်ားဆံုး ရွိေနတာလည္း ျဖစ္ပါတယ္။

လက္တင္ အေမရိက ေဒသတြင္း နုိင္ငံေတြထဲမွာက ဘရာဇီးကို ေက်ာ္လြန္ၿပီး မီလီယံနာ အမ်ားဆံုး ရွိရာ ၿမိဳ႕ႀကီး အျဖစ္ မကၠဆီကိုရဲ႕ မကၠဆီကိုစီးတီးက ရွိေနၿပီး ၈၆၇၀၀ထိေအာင္ ရွိေနပါတယ္။ သူ႔ေနာက္မွာေတာ့ ဘရာဇီးႏုိင္ငံက ဆာေပၚလိုမွာ ၆၄၅၀၀ဦး၊ ရီယိုဒီ ဂ်ာနီရို္မွာ ၃၅၃၀၀ဦး၊ အာဂ်င္တီးနားႏုိင္ငံ ဘူးေနာ့ အိုင္ရက္မွာ ၁၅၄၀၀ဦး၊ ကိုလံဘီယာႏုိင္ငံ ဘိုဂိုတာမွာ ၁၄၉၀၀ဦးနဲ႔ ခ်ီလီႏုိင္ငံ စန္တီေရဂိုမွာ ၁၀၈၀၀ဦးစီ ရွိေနပါတယ္။

ေျမာက္အေမရိကတို္က္မွာေတာ့ ကမာၻ႔စီးပြားေရး အင္အားအႀကီးဆံုးႏုိင္ငံ အေမရိကန္ကပဲ မီလီယံနာ စာရင္းကို ဦးေဆာင္ထားၿပီး နယူးေယာက္မွာ ၃၃၉၂၀၀ဦးထိေအာင္ ရွိေနတယ္၊ ၿပီးရင္ ေဘအရီယာမွာ ၁၈၀၃၀၀ဦး၊ ေလာ့အိန္းဂ်လိစ္မွာ ၁၇၃၃၀၀ဦးထိေအာင္ အသီသီး ရွိေနၿပီး စတုတၳေနရာမွာေတာ့ ကေနဒါႏုိင္ငံ တိုရန္တိုမွာ ၁၀၉၃၀၀ဦး၊ အေမရိကန္ႏုိင္ငံ၊ မိုင္ယာမီမွာ ၃၁၆၀၀ဦး၊ ၀ါရွင္တန္မွာ ၃၁၂၀၀ဦး၊ ကေနဒါႏုိင္ငံ ဗန္ကိုဗာမွာ ၃၁၁၀၀ဦး အသီးသီး ေနထုိင္လ်က္ရွိေနပါတယ္။

စာရင္းေတြ အရေတာ့ ကမာၻမွာ မီလီယံနာ ဦးေရ ၁၆သန္း ၀န္းက်င္ရွိတဲ့ အထဲမွာ အေမရိကန္ တႏုိင္ငံတည္းမွာတင္ သန္းၾကြယ္သူေဌး ၄.၃သန္းေလာက္ထိေအာင္ ရွိေနၿပီး ဦးေရ အမ်ားဆံုး ေနထိုင္တဲ့ ႏုိင္ငံ အျဖစ္ ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။

By – KKS / MUNA
Ref; businessinsider

(Unicode)

မတ် ၂၆

အခု ပြောမှာကတော့ မီလီယံနာလို့ ဆိုတဲ့ သန်းကြွယ်သူဌေးတွေ အများဆုံး ရှိရာ နိုင်ငံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘီလီယံနာလို့ ဆိုနိုင်မယ့် သန်း တစ်ထောင်နဲ့ အထက် ချမ်းသာသူတွေကတော့ ကမ္ဘာပေါ်မှာ ဦးရေ ၂၅၀၀လောက်ပဲ ရှိသေးတယ်လို့ နောက်ဆုံး စာရင်းတွေ အရ သိရပြီး မီလီယံနာတွေကတော့ သန်းနဲ့တောင် ချီအောင် အရေအတွက် အများအပြား ရှိနေပါပြီ။ အများဆုံးကတော့ ဒေါ်လာ ၁သန်းကနေ ၅သန်း အတွင်း ချမ်းသာသူတွေပဲ ဖြစ်ပါတယ်။

အရင်ဆုံး ကမ္ဘာပေါ်က မီလီယံနာ ဦးရေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကမ္ဘာပေါ်မှာ မီလီယံနာ ဦးရေ စုစုပေါင်း ၁၅သန်းကျော်လောက် ထိအောင် ရှိနေပါပြီ။ ဒီထဲကမှ အုပ်စုပြန်ခွဲမယ် ဆိုရင်တော့ ဒေါ်လာ သန်း ၃၀နဲ့ အထက် ချမ်းသာသူက မီလီယံနာ အားလုံးရဲ့ ၁ရာခိုင်နှုန်းလောက်ပဲ ရှိပြီး ဦးရေ ၁.၆သိန်းလောက် ရှိပါတယ်။ ဒေါ်လာ ၅သန်းကနေ သန်း ၃၀အတွင်း ချမ်းသာသူကတော့ စုစုပေါင်းရဲ့ ၉.၁ ရာခိုင်နှုန်းလောက် ရှိပြီး ဦးရေ ၁.၅သန်း ဝန်းကျင်လောက် ရှိနေပါတယ်။ ၁သန်းကနေ ၅သန်း အတွင်း ချမ်းသာသူ မီလီယံနာတွေကတော့ ဦးရေ အများဆုံး ဖြစ်ပြီး အားလုံးရဲ့ ၉၀ရာခိုင်နှုန်းလောက်ထိအောင် ရှိပြီး လူဦးရေ ၁၄.၈၆သန်းလောက်ထိအောင် များနေပြီလည်း ဖြစ်ပါတယ်။

ဆက်ပြီး ပြောချင်တာကတော့ အာရှ ဒေသတွင်း မီလီယံနာ အများဆုံး နေထိုင်ရာ မြို့ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု မြန်ဆန်လာခြင်းနဲ့ အတူ အာရှမှာ မီလီယံနာ အများအပြား ရှိလာနေပြီး ဦးရေ အများဆုံး နေထိုင်ရာ မြို့အဖြစ် ဂျပန်နိုင်ငံက တိုကျိုမှာ သန်းကြွယ်သူဌေး ၂၇၉၈၀၀ထိအောင် နေထိုင်ပြီး အာရှမှာ မီလီယံနာ အများဆုံး နေထိုင်ရာမြို့ အဖြစ် စာရင်း ဝင်နေပါတယ်။

သူ့နောက်မှာတော့ ဟောင်ကောင်မှာ ၂၂၇၉၀၀ဦး၊ စင်ကာပူမှာ ၂၁၇၃၀၀ဦး၊ တရုတ်နိုင်ငံ ဘေကျင်းမှာ ၁၂၂၁၀၀ဦး၊ ဂျပန်နိုင်ငံ၊ အိုဆာကာမှာ ၁၁၇၇၀၀ဦး၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ ၁၁၇၆၀၀ဦး၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ၁၀၈၁၀၀ဦး၊ ထိုင်ဝမ်မှာ ၇၆၇၀၀ဦး၊ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမှာ ၄၆၁၀၀ဦးနဲ့ တရုတ်နိုင်ငံ၊ ရှန်ဇန်းမှာ ၃၁၄၀၀ဦးထိအောင် အများဆုံး ရှိနေတယ်လို့ သိရပါတယ်။

သမုဒ္ဒရာပိုင်းနိုင်ငံတွေအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေထဲမှာတော့ သြစတြေးလျမှာ မီလီယံနာ အများဆုံး ရှိနေပြီး မြို့တော် ဆစ်ဒနီမှာ ၁၀၆၈၀၀ဦး၊ မယ်ဘုန်းမှာ ၇၄၈၀၀နဲ့ နယူးဇီလန်နိုင်ငံ အက်လန်းမှာ ၂၅၆၀၀ဦးတို့ ရှိနေပါတယ်။

ဥရောပ ရပ်ဝန်းမှာ ဆိုရင် အင်္ဂလန်ရဲ့ မြို့တော် လန်ဒန်မှာ မီလီယံနာ ၃၅၇၂၀၀ထိအောင် အများဆုံး ရှိနေပြီး သူ့နောက်မှာ ဂျာမနီက ဖရန့်ဖတ်မှာ ၁၂၈၃၃၀၀ဦး၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ၁၁၀၉၀၀ဦး၊ ဆွစ်ဇာလန်နိုင်ငံ၊ ဇင်းနစ်မှာ ၁၀၉၂၀၀ဦး၊ ဂျနီဗာမြို့မှာ ၁၀၄၃၀၀ဦး၊ ဂျာမနီနိုင်ငံ၊ မြူးနစ်မှာ ၇၈၉၀၀ဦး၊ ရုရှနိုင်ငံ၊ မော်စကိုမှာ ၆၈၂၀၀ဦး၊ အီတလီနိုင်ငံ၊ ရုမ်းမှာ ၆၄၃၀၀ဦး၊ နယ်သာလန်နိုင်ငံ၊ အမ်စတာဒင်မှာ ၄၂၆၀၀ဦး၊ ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မှာ ၃၄၇၀၀ဦး အသီးသီး ရှိနေပြီး ဂျာမနီနဲ့ ဆွစ်ဇာလန်တွေမှာ နိုင်ငံအလိုက် မီလီယံနာ အများဆုံး ရှိနေတယ်လို့လည်း သိရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာတော့ UAEရဲ့ ဒူဘိုင်းမြို့မှာ မီလီယံနာ အများဆုံး ရှိပြီး ၅၀၄၀၀ဦး၊ အစ္စရေးနိုင်ငံ၊ တယ်အဗစ်မှာ ၃၅၂၀၀ဦး၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူးလ်မှာ ၂၇၅၀၀ဦး၊ ကာတာနိုင်ငံ၊ ဒိုဟာမှာ ၂၅၈၀၀ဦး၊ UAEရဲ့ မြို့ကြီး အဘူဒါဘီမှာ ၁၇၁၀၀ဦး၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိုက်ဒ်မှာ ၁၆၂၀၀ဦး၊ အီရန်နိုင်ငံ၊ တီဟီရန်မှာ ၁၄၀၀၀ဦး၊ အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မှာ ၁၃၁၀၀ဦးထိအောင် အများဆုံး ရှိနေတာလည်း ဖြစ်ပါတယ်။

လက်တင် အမေရိက ဒေသတွင်း နိုင်ငံတွေထဲမှာက ဘရာဇီးကို ကျော်လွန်ပြီး မီလီယံနာ အများဆုံး ရှိရာ မြို့ကြီး အဖြစ် မက္ကဆီကိုရဲ့ မက္ကဆီကိုစီးတီးက ရှိနေပြီး ၈၆၇၀၀ထိအောင် ရှိနေပါတယ်။ သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ဆာပေါ်လိုမှာ ၆၄၅၀၀ဦး၊ ရီယိုဒီ ဂျာနီရိုမှာ ၃၅၃၀၀ဦး၊ အာဂျင်တီးနားနိုင်ငံ ဘူးနော့ အိုင်ရက်မှာ ၁၅၄၀၀ဦး၊ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမှာ ၁၄၉၀၀ဦးနဲ့ ချီလီနိုင်ငံ စန်တီရေဂိုမှာ ၁၀၈၀၀ဦးစီ ရှိနေပါတယ်။

မြောက်အမေရိကတိုက်မှာတော့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ အမေရိကန်ကပဲ မီလီယံနာ စာရင်းကို ဦးဆောင်ထားပြီး နယူးယောက်မှာ ၃၃၉၂၀၀ဦးထိအောင် ရှိနေတယ်၊ ပြီးရင် ဘေအရီယာမှာ ၁၈၀၃၀၀ဦး၊ လော့အိန်းဂျလိစ်မှာ ၁၇၃၃၀၀ဦးထိအောင် အသီသီး ရှိနေပြီး စတုတ္ထနေရာမှာတော့ ကနေဒါနိုင်ငံ တိုရန်တိုမှာ ၁၀၉၃၀၀ဦး၊ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမှာ ၃၁၆၀၀ဦး၊ ဝါရှင်တန်မှာ ၃၁၂၀၀ဦး၊ ကနေဒါနိုင်ငံ ဗန်ကိုဗာမှာ ၃၁၁၀၀ဦး အသီးသီး နေထိုင်လျက်ရှိနေပါတယ်။

စာရင်းတွေ အရတော့ ကမ္ဘာမှာ မီလီယံနာ ဦးရေ ၁၆သန်း ဝန်းကျင်ရှိတဲ့ အထဲမှာ အမေရိကန် တနိုင်ငံတည်းမှာတင် သန်းကြွယ်သူဌေး ၄.၃သန်းလောက်ထိအောင် ရှိနေပြီး ဦးရေ အများဆုံး နေထိုင်တဲ့ နိုင်ငံ အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

By – KKS / MUNA
Ref; businessinsider

Comments

comments