အိမ္နီးခ်င္းကုိ ႀကိဳးတုတ္မုဒိန္းက်င့္၍ ျခံအလုပ္ေပးမည္ဟု ကမ္းလွမ္းခဲ႔ေသာ ဖေလာ္ရီဒါအမ်ဳိးသား ေထာင္ဒဏ္ႏွစ္ ၅၀ ခ်မွတ္ခံရ

on

ဖေလာ္ရီဒါ၊ မတ္လ (၂၇)

အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္ အေနာက္ Palm Beach တြင္ မိမိအိမ္နီးခ်င္းကို ႀကိဳးတုတ္ျခိမ္းေျခာက္၍ အဓမၼျပဳက်င့္ၿပီးေနာက္ သူမ၏ေနအိမ္အနီးရွိ ျခံတြင္အလုပ္ေပးမည္ဟု ကမ္းလွမ္းခဲ႔ေသာ အသက္ ၁၉ ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး ျပစ္မႈထင္ရွားသျဖင့္ တနလၤာေန႔တရားရုံးက ေထာင္ဒဏ္ႏွစ္ ၅၀ က်ခံရန္ အမိန့္ခ်မွတ္ခဲ႔သည္။

္ဂ်ဴရီတရားသူႀကီးမ်ားက ေအာက္တိုဘာလအတြင္း လိင္ပိုင္းဆိုင္ရာ ၿခိမ္းေျခာက္မႈ၊ မတရားခ်ဳပ္ေႏွာင္ထားမႈႏွင့္ လက္နက္ကိုင္ေဖာက္ထြင္းမႈတုိ့ျဖင့္ တီမုိသီဝဲလ္ဒီးတြင္ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ျပီးေနာက္ တနလၤာေန႕တြင္ တရားသူႀကီးက ေထာင္ဒဏ္ႏွစ္ ၅၀ အမိန့္ခ်မွတ္ခဲ႔သည္။

၂၀၁၇ ေအာက္တိုဘာလ၌ တီမုိသီက အသက္ ၃၅ ႏွစ္အရြယ္ သူ၏အိမ္နီးခ်င္းအိမ္ထဲသို့ အိမ္တံခါးမ်ားခ်ိဳးဖ်က္ ဝင္ေရာက္ခဲ႔ျပီး မိနစ္၉၀ ၾကာ လိင္ပုိင္းဆုိင္ရာ ထိပါးေစာ္ကားမုဒိန္းက်င့္ခဲ႔သည္။ အဆုိပါအမ်ဳိးသမီးကုိ ႀကိဳးျဖင့္တုတ္ေႏွာင္၍ ဓါးျဖင့္ၿခိမ္းေျခာက္ခဲ့သည္ဟု တရားရုံးက စစ္ေဆးေတြ႔ရွိေၾကာင္း အစိုးရေရွ႕ေနမ်ားက ေျပာၾကားသည္။

မုဒိန္းက်င့္ႏွိပ္စက္ျပီးေနာက္ တီမုိသီက အိမ္ေဘးရွိ ဥယ်ာဥ္တြင္ အလုပ္ေပးမည္ဟု ကမ္းလွမ္းခဲ႔သည္ကုိ သူမကျငင္းဆန္ခဲ႔သည္။ ဘာေတြျဖစ္ပ်က္ခဲ့သည္ကုိ မည္သူကုိမွ မေျပာျပရန္ တီမုိသီက မွာၾကား၍ လက္ကုိႀကိဳးျဖည္ေပးျပီး ထြက္သြားစဥ္ အဆုိပါအမ်ဳိးသမီးက ရဲတပ္ဖြဲ႔ထံ ဖုန္းဆက္တုိင္ၾကားခဲ႔သည္ဟု အစုိးရေရွ႕ေနမ်ားက အမႈျဖစ္စဥ္ကုိ ေျပာၾကားခဲ႔သည္။

By – KSM / MUNA
Ref : Fox News

(Unicode)

ဖလော်ရီဒါ၊ မတ်လ (၂၇)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက် Palm Beach တွင် မိမိအိမ်နီးချင်းကို ကြိုးတုတ်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ပြီးနောက် သူမ၏နေအိမ်အနီးရှိ ခြံတွင်အလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ပြစ်မှုထင်ရှားသဖြင့် တနင်္လာနေ့တရားရုံးက ထောင်ဒဏ်နှစ် ၅၀ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

်ဂျူရီတရားသူကြီးများက အောက်တိုဘာလအတွင်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ မတရားချုပ်နှောင်ထားမှုနှင့် လက်နက်ကိုင်ဖောက်ထွင်းမှုတို့ဖြင့် တီမိုသီဝဲလ်ဒီးတွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် တရားသူကြီးက ထောင်ဒဏ်နှစ် ၅၀ အမိန့်ချမှတ်ခဲ့သည်။

၂၀၁၇ အောက်တိုဘာလ၌ တီမိုသီက အသက် ၃၅ နှစ်အရွယ် သူ၏အိမ်နီးချင်းအိမ်ထဲသို့ အိမ်တံခါးများချိုးဖျက် ဝင်ရောက်ခဲ့ပြီး မိနစ်၉၀ ကြာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမုဒိန်းကျင့်ခဲ့သည်။ အဆိုပါအမျိုးသမီးကို ကြိုးဖြင့်တုတ်နှောင်၍ ဓါးဖြင့်ခြိမ်းခြောက်ခဲ့သည်ဟု တရားရုံးက စစ်ဆေးတွေ့ရှိကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

မုဒိန်းကျင့်နှိပ်စက်ပြီးနောက် တီမိုသီက အိမ်ဘေးရှိ ဥယျာဉ်တွင် အလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်ကို သူမကငြင်းဆန်ခဲ့သည်။ ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူကိုမှ မပြောပြရန် တီမိုသီက မှာကြား၍ လက်ကိုကြိုးဖြည်ပေးပြီး ထွက်သွားစဉ် အဆိုပါအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့သည်ဟု အစိုးရရှေ့နေများက အမှုဖြစ်စဉ်ကို ပြောကြားခဲ့သည်။

By – KSM / MUNA
Ref : Fox News