ဗဟိုအက်ဥ္းေထာင္(မႏၱေလး)တြင္ အက်ဥ္းသားဦးေရမွာ ဝန္ထမ္းအခ်ိဳးထက္ ႏွစ္ဆေက်ာ္ပိုေန

on

မႏၱေလး မတ္ ၂၇

ဗဟိုအက်ဥ္းေထာင္ (မႏၱေလး)တြင္ အက်ဥ္းသားဦးေရမွာ ဝန္ထမ္းအခ်ိဳးထက္ ႏွစ္ဆေက်ာ္ပိုမိုေနသည္ဟု သတင္းရရွိသည္။

ယေန႔က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ မႏၱေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ပထမေန႔တြင္ တင္ျပခဲ့သည့္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ဘ႑ာေငြအရအသံုး အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

” ဗဟိုအက်ဥ္းေထာင္ (မႏၱေလး)မွာ အက်ဥ္းသား ၈၃၇၉ ဦး ၊ ဝန္ထမ္း ၃၂၂ ဦး ရွိၿပီး အခ်ိဳး ၁း၂၆ ျဖစ္ေနတဲ့အတြက္ သတ္မွတ္အခ်ိဳးထက္ ႏွစ္ဆေက်ာ္ပိုေနပါတယ္’ ဟု မႏၱေလးတိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ ေဒၚခင္ေအးေဆြးက အစီရင္ခံစာကို ဖတ္ၾကားခဲ့သည္။

ဗဟိုအက်ဥ္းေထာင္(မႏၱေလး) တြင္ ထားရွိႏုိင္ေသာ အက်ဥ္းသား သတ္မွတ္ခ်က္မွာ အက်ဥ္းသား ၃၀၀၀ ဦး ၊ ဝန္ထမ္း ၂၅၀ ဦးႏွင့္ အခ်ိဳး ၁း၁၂ ရွိရမည္ျဖစ္သည္။ ထို႔အျပင္ အက်ဥ္းေထာင္တြင္ ဝင္ဆံ့သည့္ အက်ဥ္းသား ၊ အခ်ဳပ္သားထက္ ပိုမိုထားရွိမႈမ်ား ရွိေၾကာင္းသိရသည္။

” အက်ဥ္းသား ၊ အခ်ဳပ္သား ပိုိမိုထားရွိတဲ့အတြက္ အက်ဥ္းေထာင္၏အုပ္ခ်ဳပ္ေရး ေလ်ာ့နည္းမႈ ျဖစ္စဥ္ ၊ လံုၿခံဳေရးက်ိဳးေပါက္မႈ ျဖစ္စဥ္ ႏွင့္ က်န္းမာေရးအရ ေရာဂါကူးစက္ျပန္႔ပြားမႈ ျဖစ္စဥ္မ်ားျဖစ္ေပၚႏိုင္သည့္အတြက္ စနစ္တက်စီမံခန္႔ခြဲႀကီးၾကပ္မႈမ်ား ေဆာင္ရြက္ရန္လိုအပ္ပါတယ္ ‘ ဟု စာရင္းစစ္ခ်ဳပ္ေဒၚခင္ေအးေဆြကေျပာသည္။

By – ျပည္စိုး
MUNA

(Unicode)

မန္တလေး မတ် ၂၇

ဗဟိုအကျဉ်းထောင် (မန္တလေး)တွင် အကျဉ်းသားဦးရေမှာ ဝန်ထမ်းအချိုးထက် နှစ်ဆကျော်ပိုမိုနေသည်ဟု သတင်းရရှိသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်ပြခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။

” ဗဟိုအကျဉ်းထောင် (မန္တလေး)မှာ အကျဉ်းသား ၈၃၇၉ ဦး ၊ ဝန်ထမ်း ၃၂၂ ဦး ရှိပြီး အချိုး ၁း၂၆ ဖြစ်နေတဲ့အတွက် သတ်မှတ်အချိုးထက် နှစ်ဆကျော်ပိုနေပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေးက အစီရင်ခံစာကို ဖတ်ကြားခဲ့သည်။

ဗဟိုအကျဉ်းထောင်(မန္တလေး) တွင် ထားရှိနိုင်သော အကျဉ်းသား သတ်မှတ်ချက်မှာ အကျဉ်းသား ၃၀၀၀ ဦး ၊ ဝန်ထမ်း ၂၅၀ ဦးနှင့် အချိုး ၁း၁၂ ရှိရမည်ဖြစ်သည်။ ထို့အပြင် အကျဉ်းထောင်တွင် ဝင်ဆံ့သည့် အကျဉ်းသား ၊ အချုပ်သားထက် ပိုမိုထားရှိမှုများ ရှိကြောင်းသိရသည်။

” အကျဉ်းသား ၊ အချုပ်သား ပိုမိုထားရှိတဲ့အတွက် အကျဉ်းထောင်၏အုပ်ချုပ်ရေး လျော့နည်းမှု ဖြစ်စဉ် ၊ လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ် နှင့် ကျန်းမာရေးအရ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အတွက် စနစ်တကျစီမံခန့်ခွဲကြီးကြပ်မှုများ ဆောင်ရွက်ရန်လိုအပ်ပါတယ် ‘ ဟု စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေကပြောသည်။

By – ပြည်စိုး
MUNA