ျမန္မာႏိုင္ငံ၏ ပထမဆံုးေသာ က်န္းမာေရးႏွင့္အားကစား Application ကို မႏၱေလးၿမိဳ႕တြင္ စတင္မိတ္ဆက္

မႏၱေလး ၂၉ မတ္

ျမန္မာႏိုင္ငံ၏ ပထမဆံုးေသာ က်န္းမာေရးႏွင့္ အားကစား Application ျဖစ္သည့္ Flexible Pass ကို မႏၱေလးၿမိဳ႕တြင္ ယေန႔စတင္မိတ္ဆက္ခ့ဲသည္။

Flexible Pass အက္ပလီေကး႐ွင္းကို အသံုးျပဳျခင္းျဖင့္ နီးစပ္ရာ Gym မ်ားကို အလြယ္တကူၾကည့္ရႈ႕ႏိုင္ျခင္း ၊ အားကစား အမ်ိဳးအစားအလိုက္ ႏွစ္သက္ရာေရြးခ်ယ္ႏိုင္ျခင္း ၊ ပံုမွန္တစ္ရက္စာ ေစ်ဴႏႈန္းထက္ ၄၀ ရာခိုင္ႏႈန္း သက္သာျခင္း ၊ ေျခာက္လသက္တမ္း႐ွိသည့္ package ဝယ္ယူၿပီး Gym မ်ားတြင္ ကစားႏိုင္ေၾကာင္းသိရသည္။

” Package ေတြက ေဒၚလာ ၃၀ ၊ ေဒၚလာ ၅၀ ၊ ေဒၚလာ ၁၀၀ အမ်ိဳးအစားအလိုက္ ဝယ္ယူအသံုးျပဳႏိုင္ပါတယ္။ အြန္လိုင္းေငြေပးေခ်တဲ့စနစ္ ၊ ဘဏ္စနစ္ ၊ wave money ကေနလည္းေငြေပးေခ်ႏိုင္ပါတယ္” ဟု Flexible Pass အက္ပလီေကး႐ွင္း၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ ကိုဆူလီဘိုလတ္ ကေျပာသည္။

Flexible Pass အက္ပလီေကး႐ွင္းကို ရန္ကုန္ၿမိဳ႕႐ွိ ေနရာေပါင္း ၁၀၀ ေက်ာ္ ၊ မႏၱေလးၿမိဳ႕တြင္ ေနရာေပါင္း ၂၀ ေက်ာ္႐ွိၿပီး သံုးစြဲသူ ၁၅၀၀ ေက်ာ္ ႐ွိေၾကာင္း သိရသည္။

အဆိုပါ အက္ပလီေကး႐ွင္းကို iOS ၊ Android ဖုန္းမ်ားတြင္ ရ႐ွိႏိုင္ၿပီး Fitness Class ႏွင့္ အျခအားကစားနည္း ၂၀ေက်ာ္ကို ဝင္ေရာက္ကစား ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

By – ျပည္စိုး / MUNA

(Unicode)

မန္တလေး ၂၉ မတ်

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျန်းမာရေးနှင့် အားကစား Application ဖြစ်သည့် Flexible Pass ကို မန္တလေးမြို့တွင် ယနေ့စတင်မိတ်ဆက်ခဲ့သည်။

Flexible Pass အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် နီးစပ်ရာ Gym များကို အလွယ်တကူကြည့်ရှု့နိုင်ခြင်း ၊ အားကစား အမျိုးအစားအလိုက် နှစ်သက်ရာရွေးချယ်နိုင်ခြင်း ၊ ပုံမှန်တစ်ရက်စာ ဈေူနှုန်းထက် ၄၀ ရာခိုင်နှုန်း သက်သာခြင်း ၊ ခြောက်လသက်တမ်းရှိသည့် package ဝယ်ယူပြီး Gym များတွင် ကစားနိုင်ကြောင်းသိရသည်။

” Package တွေက ဒေါ်လာ ၃၀ ၊ ဒေါ်လာ ၅၀ ၊ ဒေါ်လာ ၁၀၀ အမျိုးအစားအလိုက် ဝယ်ယူအသုံးပြုနိုင်ပါတယ်။ အွန်လိုင်းငွေပေးချေတဲ့စနစ် ၊ ဘဏ်စနစ် ၊ wave money ကနေလည်းငွေပေးချေနိုင်ပါတယ်” ဟု Flexible Pass အက်ပလီကေးရှင်း၏ အမှုဆောင်အရာရှိချုပ် ကိုဆူလီဘိုလတ် ကပြောသည်။

Flexible Pass အက်ပလီကေးရှင်းကို ရန်ကုန်မြို့ရှိ နေရာပေါင်း ၁၀၀ ကျော် ၊ မန္တလေးမြို့တွင် နေရာပေါင်း ၂၀ ကျော်ရှိပြီး သုံးစွဲသူ ၁၅၀၀ ကျော် ရှိကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းကို iOS ၊ Android ဖုန်းများတွင် ရရှိနိုင်ပြီး Fitness Class နှင့် အခြအားကစားနည်း ၂၀ကျော်ကို ဝင်ရောက်ကစား နိုင်ပြီဖြစ်ကြောင်း သိရသည်။

By – ပြည်စိုး / MUNA

Comments

comments