အ‌ဖော်‌အချွတ်‌အကမယ်‌ဘဝမှာ အမျိုးသားတချို့ဆီက ‌ငွေအလစ်‌သုတ်‌ခဲ့ဖူး‌ကြောင်း Cardi B ဝန်‌ခံ

on

မတ်‌ ၃၀






By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

(Unicode)

မတ်‌ ၃၀

ကမ္ဘာ‌ကျော်‌ရပ်‌ပါအဆို‌တော်‌ Cardi B ဟာ သူမ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ လုပ်‌ကိုင်‌ခဲ့စဉ်‌က သူမနဲ့ အိပ်‌စက်‌ခဲ့ဖူးတဲ့ အမျိုးသားတချို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့ဖူး ‌ကြောင်‌း ဝန်‌ခံ‌ပြောကြားခဲ့ပါတယ်‌။

Cardi B အ‌နေနဲ့ အခုလို ဝန်‌ခံလိုက်‌ရတာဟာ လွန်‌ခဲ့တဲ့ (၃) နှစ်‌ခန်‌့က သူမရဲ့ လူမှုကွန်‌ရက်‌စာမျက်‌နှာမှာ Live လွှင်‌့‌ ‌ပြောကြားထားချက်‌အ‌ပေါ် လူတချို့က ‌ဝေဖန်‌တိုက်‌ခိုက်‌လာကြတာ‌‌တွေ‌ကြောင်‌့ ဖြစ်‌ပါတယ်‌။ အဆိုပါ Live ထဲမှာ‌တော့ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ သူမ အသက်‌‌မွေးဝမ်‌း‌ကြောင်‌းခဲ့စဉ်‌က သူမနဲ့ လိင်‌ဆက်‌ဆံလိုသူ အမျိုးသားတချို့ကို ‌ဖြား‌ယောင်‌း‌သွေး‌ဆောင်‌ပြီး အတူတူ ဟိုတယ်‌တက်‌ခဲ့ကြပါတယ်‌။ အဲဒီ‌နောက်‌မှာ‌တော့ သူမဟာ သူတို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့‌ကြောင်‌း Live လွှင်‌့ပြီး ဂုဏ်‌ယူ‌ပြောကြားခဲ့ဖူးပါတယ်‌။

အဆိုပါ Live လွှင်‌့ခဲ့မှုနဲ့ပတ်‌သက်‌ပြီး Cardi B က သူမအ‌နေနဲ့ ကိုယ်‌့ကိုယ်‌ကိုယ်‌ ပြီးပြည်‌့စုံသူ အဖြစ်‌ ဘယ်‌တုန်‌းကမှ မ‌ပြောခဲ့ဖူး‌ကြောင်‌း၊ အတိတ်‌က အဖြစ်‌အပျက်‌တချို့ကိုလည်‌း ဂုဏ်‌ယူစရာအဖြစ်‌ မသတ်‌မှတ်‌ခဲ့‌ကြောင်‌း၊ အခုလို နာမည်‌‌ကျော်‌အဆို‌တော်‌ မဖြစ်‌ခဲ့စဉ်‌ ကာလက မိမိရဲ့ဝမ်‌း‌ရေးအတွက်‌ လုပ်‌‌ဆောင်‌ခဲ့ရခြင်‌းသာ ဖြစ်‌တယ်‌လို့ ‌ဖြေရှင်‌းထားပါတယ်‌။

ဆက်‌လက်‌ပြီး Cardi B က ရပ်‌ပါအဆို‌တော်‌‌တွေဟာ မိမိရဲ့အတိတ်‌ကို လက်‌ခံနိုင်‌ရမှာဖြစ်‌‌ကြောင်‌း၊ သူမအ‌နေနဲ့ တချို့အဆို‌တော်‌‌တွေလို မိမိရဲ့ မ‌ကောင်‌းမှုကို သီချင်‌းဖွဲ့ပြီး ကြွားဝါတာမျိုး မပြုလုပ်‌ခဲ့ဖူး‌ကြောင်‌း ‌ပြောဆိုထားပါတယ်‌။

သူမရဲ့ ‌ပြောကြားချက်‌အတိုင်‌း ဒီ‌နေ့ခေတ်‌ Hit-Hop အဆို‌တော်‌အများစုဟာ သူတို့ရဲ့ သီချင်‌းစာသားထဲမှာ ကိုယ်‌တိုင်‌ မူးယစ်‌‌ဆေးဝါးနဲ့ ‌သေနတ်‌ကိုင်‌ဆောင်‌မှု ပြုခဲ့ဖူး‌ကြောင်‌း သာမန်‌အဖြစ်‌အပျက်‌လို ဂုဏ်‌လုပ်‌ပြီး စပ်‌ဆိုတတ်‌ကြတာ‌ကြောင်‌့ ပရိသတ်‌တချို့က‌တော့ Cardi B ရဲ့ အထက်‌ပါ ‌ဖြေရှင်‌းချက်‌အ‌ပေါ် သ‌ဘောတူ လက်‌ခံခဲ့ကြပါတယ်‌။

By – ‌ထော်‌‌ထော်‌ / MUNA
Source – NineEntertain

Comments

comments