ေကာ့ေသာင္းၿမိဳ႕နယ္တြင္ က်ပ္ ဘီလ်ံ ၄၃၀ ေက်ာ္ တန္ဖိုးရွိ Ice မ်ားဖမ္းမိ

on

မတ္ ၃၀

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း ၄၃၄၂၅ဝ သိန္းတန္ဖိုးရွိ Ice မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ႔ေၾကာင္း မူးယစ္ေဆးဝါးႏွိမ္နင္းေရးဗဟိုေကာ္မတီ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

မတ္လ ၂၄ ရက္ ေန႔လယ္ ၁၂း၂ဝ အခ်ိန္တြင္ တပ္မေတာ္(ေရ)မွ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ေျမာက္ ေတာ္ဝင္ကၽြန္းအေနာက္ဖက္ ေရမိုင္(၂ဝ)မိုင္ခန္႕အကြာတြင္ေတြ႕ရွိေသာ စက္ေလွအားစစ္ေဆးရွာေဖြရာ ဖမ္းဆီးရမိခဲ႔ျခင္းျဖစ္သည္။

၎စက္ ေလွေပၚတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဟိုင္းႀကီးကၽြန္းၿမိဳ႕ေနသူမ်ားျဖစ္သည့္ မင္းသိန္း ၄၈ ႏွစ္၊ ခ်စ္လြင္ ၆ဝ ႏွစ္၊ မင္းေဇာ္ ၄၇ ႏွစ္၊ ေအာင္စိုး ၆ဝ ႏွစ္၊ ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕ေန ေဇာ္ဝင္း ၃၈ ႏွစ္၊ ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕ေနသူမ်ား ျဖစ္သည့္ စိန္ဝင္းေမာင္ ၄၅ ႏွစ္ႏွင့္ ေက်ာ္သူဇင္ ၁၈ ႏွစ္တို႕အား ေတြ႕ရွိၿပီး ရွာေဖြရာ စက္ေလွေပၚတြင္တင္ေဆာင္ လာသည့္ Ice အေလးခ်ိန္ ၁၇၃၇ ကီလို (ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၄၃၄၂၅ဝ သိန္း)၊ Satellite Phone ၁ လံုး၊ GPS SAMYUNG NF 500 ၁ လံုး၊ ေလအိုး ၂ လံုးႏွင့္ လက္ကိုင္ဖုန္း ၃ လံုးတို႕ကို သိမ္းဆည္းရမိခဲ့သည္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ မတ္လ ၂၅ ရက္ေန႕ ၁၁ဝဝ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၄ဝ) ရန္ကုန္(ေျမာက္)ႏွင့္ တပ္ဖြဲ႕စု(၄၂) ရန္ကုန္(ေနာက္)တို႕ ပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ မူးယစ္ေဆးဝါးမ်ား၏ပိုင္ရွင္ ျဖစ္သူ တင္ဆန္းဦး ဌားရမ္းေနထိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္ရွိ ေနအိမ္ အားဝင္ေရာက္ရွာေဖြရာ ၎အားမေတြ႕ရွိဘဲ ဇနီးျဖစ္သူ မေနာ္ေကခိုင္အား ေတြ႕ရွိကာ ေငြစုဘဏ္စာအုပ္ ၇ အုပ္၊ ATM ကဒ္ ၂ ခုတို႕ကို သိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ယင္းေန႕ ညေန ၄း၄၅ အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ႀကီး-ကေလာသြားကားလမ္း ေအာင္္သေျပတိုးဂိတ္အနီး၌ တင္ဆန္းဦးပိုင္ဆိုင္သည့္ NISSAN အမ်ိဳးအစား ၁၂ ဘီးေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္လာသူ ယာဥ္ေမာင္း ျမင့္ျမတ္ ၂၉ ႏွစ္အား လက္ကိုင္ဖုန္း ၂ လံုးႏွင့္အတူ ဖမ္ဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးႏွိမ္နင္းေရးဗဟိုေကာ္မတီမွ သတင္းထုတ္ျပန္သည္။

ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ မတ္လ ၂၆ ရက္ေန႕ နံနက္ ၇း၃ဝ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕စု(၄၉)ပုသိမ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕၊ ဆတ္သြားေက်းရြာတြင္ စက္ေလွပိုင္ရွင္ျဖစ္သူ အဆိုပါေက်းရြာေန မမိုးမိုးလြင္(ခ)မမိုးမိုး ၄၂ ႏွစ္အား ဖမ္းဆီးရမိခဲ့သျဖင့္ ေကာ့ေသာင္းၿမိဳ႕မ ရဲခစန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္တရားခံ တင္ဆန္းဦး အားဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္။

MUNA
Source – CCDAC Myanmar

(Unicode)

မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄၃၄၂၅ဝ သိန်းတန်ဖိုးရှိ Ice မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၄ ရက် နေ့လယ် ၁၂း၂ဝ အချိန်တွင် တပ်မတော်(ရေ)မှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မြောက် တော်ဝင်ကျွန်းအနောက်ဖက် ရေမိုင်(၂ဝ)မိုင်ခန့်အကွာတွင်တွေ့ရှိသော စက်လှေအားစစ်ဆေးရှာဖွေရာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းစက် လှေပေါ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နေသူများဖြစ်သည့် မင်းသိန်း ၄၈ နှစ်၊ ချစ်လွင် ၆ဝ နှစ်၊ မင်းဇော် ၄၇ နှစ်၊ အောင်စိုး ၆ဝ နှစ်၊ ဧရာဝတီတိုင်း၊ ငပုတောမြို့နေ ဇော်ဝင်း ၃၈ နှစ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နေသူများ ဖြစ်သည့် စိန်ဝင်းမောင် ၄၅ နှစ်နှင့် ကျော်သူဇင် ၁၈ နှစ်တို့အား တွေ့ရှိပြီး ရှာဖွေရာ စက်လှေပေါ်တွင်တင်ဆောင် လာသည့် Ice အလေးချိန် ၁၇၃၇ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃၄၂၅ဝ သိန်း)၊ Satellite Phone ၁ လုံး၊ GPS SAMYUNG NF 500 ၁ လုံး၊ လေအိုး ၂ လုံးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၅ ရက်နေ့ ၁၁ဝဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄ဝ) ရန်ကုန်(မြောက်)နှင့် တပ်ဖွဲ့စု(၄၂) ရန်ကုန်(နောက်)တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးများ၏ပိုင်ရှင် ဖြစ်သူ တင်ဆန်းဦး ဌားရမ်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ် အားဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဇနီးဖြစ်သူ မနော်ကေခိုင်အား တွေ့ရှိကာ ငွေစုဘဏ်စာအုပ် ၇ အုပ်၊ ATM ကဒ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄း၄၅ အချိန်တွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး-ကလောသွားကားလမ်း အောင်သပြေတိုးဂိတ်အနီး၌ တင်ဆန်းဦးပိုင်ဆိုင်သည့် NISSAN အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်ကို မောင်းနှင်လာသူ ယာဉ်မောင်း မြင့်မြတ် ၂၉ နှစ်အား လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်သည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၆ ရက်နေ့ နံနက် ရး၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု(၄၉)ပုသိမ်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဂွမြို့၊ ဆတ်သွားကျေးရွာတွင် စက်လှေပိုင်ရှင်ဖြစ်သူ အဆိုပါကျေးရွာနေ မမိုးမိုးလွင်(ခ)မမိုးမိုး ၄၂ နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် ကော့သောင်းမြို့မ ရဲခစန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်တရားခံ တင်ဆန်းဦး အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

MUNA
Source – CCDAC Myanmar