လိင္တူဆက္ဆံမႈ၊ အိမ္ေထာင္ေရးေဖာက္ျပန္သူမ်ား ေသဒဏ္စီရင္ျခင္းကုိ ဆန့္က်င္မႈအျဖစ္ ဘရူႏုိင္းဟုိတယ္မ်ားကုိ သပိတ္ေမွာက္ရန္ ေဂ်ာ့ကလူနီေတာင္းဆုိ

on

နယူးေယာက္၊ မတ္(၃၀)

အေမရိကန္ရုပ္ရွင္မင္းသား ေဂ်ာ့ကလူနီ George Clooney က လိင္တူခ်စ္သူမ်ား လိင္ဆက္ဆံျခင္းႏွင့္ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရးေဖာက္ျပန္မႈမ်ားအတြက္ ေသဒဏ္ခ်မွတ္မည့္ ဘရူႏုိင္းဥပေဒကုိ ဆန့္က်င္သည့္အေနျဖင့္ ဘ႐ူႏိုင္းပိုင္ဟိုတယ္မ်ားကုိ သပိတ္ေမွာက္ၾကရန္ ေတာင္းဆုိခဲ့သည္။

” ဘရူနုိင္းပုိင္ဟိုတယ္ကုိးခုထဲက ဘယ္ဟုိတယ္မွာပဲျဖစ္ျဖစ္ က်ေနာ္တုိ့ တည္းခုိတာ ဒါမွမဟုတ္ အစည္းအေဝး ေတြလုပ္တာ ညစာ စားေသာက္တာေတြလုပ္တဲ႔ အခ်ိန္တုိင္းမွာ က်ေနာ္တုိ့ေငြေၾကးေတြ သူတုိ့အိပ္ကပ္ထဲ တုိက္ရုိက္ေရာက္သြားတယ္။ သူတုိ့က သူတုိ့ႏုိင္ငံသား ေတြ လိင္တူဆက္ဆံတာ သို႔မဟုတ္ အိမ္ေထာင္ေရးေဖာက္ျပန္တယ္လုိ့ စြပ္စြဲခံရသူေတြကုိ ေက်ာက္ခဲနဲ႔ေပါက္သတ္တာ၊ ႀကိမ္ဒဏ္ေပးတာေတြ လုပ္ဖုိ့ ေရြးခ်ယ္ထားသူေတြ ျဖစ္တယ္။ ခင္ဗ်ားတုိ႔ မရွက္တာက အဲဒီသတ္ျဖတ္ေနတဲ႔ အာဏာရွင္ေတြနဲ႔ပတ္သက္လုိ့ က်ေနာ္ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ႔တယ္။ ဒါေပမယ့္ ခင္ဗ်ားတုိ႔လုပ္ေနတာက သူတုိ႔နဲ႔ ဘဏ္လုပ္ငန္း၊ ဘ႑ာ ေရးနဲ႔ စီးပြားေရးလုပ္ငန္းေတြ အဖြဲ႔အစည္းျခင္းဆက္စပ္လုပ္ေနတာကုိ ရွက္သင့္တယ္။ သူတုိ့မဟုတ္တဲ႔ အျခားနည္းလမ္းေတြကုိ ေရြးခ်ယ္ရွာေဖြသင့္တယ္” ဟု ေဟာလိဝုဒ္အေက်ာ္အေမာ္ ရုပ္ရွင္မင္းသား ေဂ်ာ့ကလူနီက Deadline Hollywood အင္တာနက္စာမ်က္ ႏွာတြင္ ေရးသားခဲ့သည္။

္ဘရူနုိင္းပုိင္ဟုိတယ္ကုိးခုမွာ ယူေက အေမရိကန္၊ ျပင္သစ္ႏွင့္ အီတလီႏုိင္ငံတုိ့တြင္ ရွိေနသည္။ သူခိုးမ်ား လက္ျဖတ္ ေျခေထာက္ျဖတ္ျခင္းမ်ားပါဝင္ေသာ ဘ႐ူနိုင္း၏ ၾကမ္းတမ္းေသာ ျပစ္မႈဆိုင္ရာဥပေဒမွာ လာမည့္ဗုဒၶဟူးေန့မွစ၍ အေကာင္အထည္ေဖာ္မည္ ျဖစ္သည္။

လိင္တူဆက္ဆံျခင္းမွာ ေသးငယ္ေသာ ဘရူႏုိင္းဘုရင့္ ႏုိင္ငံတြင္ တရားမဝင္သည့္ လုပ္ရပ္အျဖစ္ ရွိၿပီးသားျဖစ္ေသာ္လည္း ယခုအခါ ႀကီးမားေသာျပစ္မႈျဖစ္လာမည္ျဖစ္ျပီး ယင္းဥပေဒမ်ားမွာ ဘရူႏုိင္းမြတ္စလင္မ်ားႏွင့္သာ သက္ဆိုင္သည္။

ဘ႐ူနိုင္းတြင္ ၂၀၁၃ ခုႏွစ္ကပထမဦးဆုံးအေနျဖင့္ ေဖာ္ျပပါဥပေဒအစီအမံမ်ား ထုတ္ျပန္ေၾကညာခဲ႔ေသာ္လည္း အစိုးရအရာရွိမ်ားက လက္ေတြ႕အေကာင္အထည္ေဖာ္ရာတြင္ အေသးစိတ္အခ်က္အလက္မ်ား ထုတ္ျပန္လုပ္ေဆာင္ရန္ႏွင့္ လူ႕အခြင့္အေရးအုပ္စုမ်ား၏ အတိုက္အခံျပဳ ဆန့္က်င္ေနသည့္အတြက္ အေကာင္အထည္ေဖာ္မႈမ်ား ေႏွာင့္ေႏွးခဲ့သည္။

ရုပ္ရွင္ထူးခ်ြန္ေအာ္စကာဆု ႏွစ္ႀကိမ္ရရွိထားေသာ ကမၻာေက်ာ္ အေမရိကန္မင္းသား ေဂ်ာ့ကလူနီက ဆူဒန္ ဒါဖာေဒသ ပဋိပကၡမ်ားတြင္ လူအမ်ားအာ႐ုံစူးစိုက္မႈရရွိရန္ ဆြဲေဆာင္ခဲ႔သည့္ ကမ္ပိန္းမ်ားျဖင့္ မဆုတ္မနစ္ စည္း႐ုံးလႈပ္ရွားမႈမ်ား ရွိခဲ႔ရာ သူ၏ကမၻာလွည့္နိုင္ငံေရးလႈပ္ရွားမႈမ်ားအတြက္ လူသိမ်ားထင္ရွားသည္။

Forbes မဂၢဇင္‌းစစ္‌တမ္‌း‌ေကာက္‌ယူခ်က္‌အရ အေမရိကန္ ရုပ္‌ရွင္‌မင္‌းသားႀကီး ‌ေဂ်ာ့ကလူနီသည္ ၂၀၁၇ မွ ၂၀၁၈ အထိ ဝင္‌‌ေငြစုစု‌ေပါင္‌း အ‌ေမရိကန္‌‌ေဒၚလာ (၂၃၉) သန္‌း ရရွိခဲ႔ရာ ၂၀၁၈ ခုႏွစ္‌အတြက္‌ ဝင္‌‌ေငြအ‌ေကာင္‌းဆုံး ရုပ္‌ရွင္‌မင္‌းသားအျဖစ္‌ သတ္‌မွတ္‌ခံရ‌သည္။

မင္‌းသားေဂ်ာ့ကလူနီမွာ ၂၀၁၆ ခုႏွစ္ Money Monster ဇာတ္‌ကား‌ေနာက္‌ပိုင္‌း ရုပ္‌ရွင္‌ဇာတ္‌ကား ရိုက္‌ကူးျခင္‌း မရိွဘဲ သူပိုင္‌ဆုိင္ေသာ စီးပြား‌ေရးလုပ္‌ငန္‌း‌မ်ားမွ ဝင္ေငြမ်ားရရွိခဲ႔ရာ အဓိကအားျဖင့္ Casamigos အရက္ကုမၸဏီမွ ဝင္‌‌ေငြမ်ားစြာ ရရိွခဲ႔ျခင္‌း ျဖစ္‌သည္။

By – KSM / MUNA
Ref ; AFP

(Unicode)

နယူးယောက်၊ မတ်(၃၀)

အမေရိကန်ရုပ်ရှင်မင်းသား ဂျော့ကလူနီ George Clooney က လိင်တူချစ်သူများ လိင်ဆက်ဆံခြင်းနှင့် အိမ်ထောင်သည်များ အိမ်ထောင်ရေးဖောက်ပြန်မှုများအတွက် သေဒဏ်ချမှတ်မည့် ဘရူနိုင်းဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် ဘရူနိုင်းပိုင်ဟိုတယ်များကို သပိတ်မှောက်ကြရန် တောင်းဆိုခဲ့သည်။

” ဘရူနိုင်းပိုင်ဟိုတယ်ကိုးခုထဲက ဘယ်ဟိုတယ်မှာပဲဖြစ်ဖြစ် ကျနော်တို့ တည်းခိုတာ ဒါမှမဟုတ် အစည်းအဝေး တွေလုပ်တာ ညစာ စားသောက်တာတွေလုပ်တဲ့ အချိန်တိုင်းမှာ ကျနော်တို့ငွေကြေးတွေ သူတို့အိပ်ကပ်ထဲ တိုက်ရိုက်ရောက်သွားတယ်။ သူတို့က သူတို့နိုင်ငံသား တွေ လိင်တူဆက်ဆံတာ သို့မဟုတ် အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲခံရသူတွေကို ကျောက်ခဲနဲ့ပေါက်သတ်တာ၊ ကြိမ်ဒဏ်ပေးတာတွေ လုပ်ဖို့ ရွေးချယ်ထားသူတွေ ဖြစ်တယ်။ ခင်ဗျားတို့ မရှက်တာက အဲဒီသတ်ဖြတ်နေတဲ့ အာဏာရှင်တွေနဲ့ပတ်သက်လို့ ကျနော်နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတို့လုပ်နေတာက သူတို့နဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာ ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အဖွဲ့အစည်းခြင်းဆက်စပ်လုပ်နေတာကို ရှက်သင့်တယ်။ သူတို့မဟုတ်တဲ့ အခြားနည်းလမ်းတွေကို ရွေးချယ်ရှာဖွေသင့်တယ်” ဟု ဟောလိဝုဒ်အကျော်အမော် ရုပ်ရှင်မင်းသား ဂျော့ကလူနီက Deadline Hollywood အင်တာနက်စာမျက် နှာတွင် ရေးသားခဲ့သည်။

်ဘရူနိုင်းပိုင်ဟိုတယ်ကိုးခုမှာ ယူကေ အမေရိကန်၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ရှိနေသည်။ သူခိုးများ လက်ဖြတ် ခြေထောက်ဖြတ်ခြင်းများပါဝင်သော ဘရူနိုင်း၏ ကြမ်းတမ်းသော ပြစ်မှုဆိုင်ရာဥပဒေမှာ လာမည့်ဗုဒ္ဓဟူးနေ့မှစ၍ အကောင်အထည်ဖော်မည် ဖြစ်သည်။

လိင်တူဆက်ဆံခြင်းမှာ သေးငယ်သော ဘရူနိုင်းဘုရင့် နိုင်ငံတွင် တရားမဝင်သည့် လုပ်ရပ်အဖြစ် ရှိပြီးသားဖြစ်သော်လည်း ယခုအခါ ကြီးမားသောပြစ်မှုဖြစ်လာမည်ဖြစ်ပြီး ယင်းဥပဒေများမှာ ဘရူနိုင်းမွတ်စလင်များနှင့်သာ သက်ဆိုင်သည်။

ဘရူနိုင်းတွင် ၂၀၁၃ ခုနှစ်ကပထမဦးဆုံးအနေဖြင့် ဖော်ပြပါဥပဒေအစီအမံများ ထုတ်ပြန်ကြေညာခဲ့သော်လည်း အစိုးရအရာရှိများက လက်တွေ့အကောင်အထည်ဖော်ရာတွင် အသေးစိတ်အချက်အလက်များ ထုတ်ပြန်လုပ်ဆောင်ရန်နှင့် လူ့အခွင့်အရေးအုပ်စုများ၏ အတိုက်အခံပြု ဆန့်ကျင်နေသည့်အတွက် အကောင်အထည်ဖော်မှုများ နှောင့်နှေးခဲ့သည်။

ရုပ်ရှင်ထူးချွန်အော်စကာဆု နှစ်ကြိမ်ရရှိထားသော ကမ္ဘာကျော် အမေရိကန်မင်းသား ဂျော့ကလူနီက ဆူဒန် ဒါဖာဒေသ ပဋိပက္ခများတွင် လူအများအာရုံစူးစိုက်မှုရရှိရန် ဆွဲဆောင်ခဲ့သည့် ကမ်ပိန်းများဖြင့် မဆုတ်မနစ် စည်းရုံးလှုပ်ရှားမှုများ ရှိခဲ့ရာ သူ၏ကမ္ဘာလှည့်နိုင်ငံရေးလှုပ်ရှားမှုများအတွက် လူသိများထင်ရှားသည်။

Forbes မဂ္ဂဇင်‌းစစ်‌တမ်‌း‌ကောက်‌ယူချက်‌အရ အမေရိကန် ရုပ်‌ရှင်‌မင်‌းသားကြီး ‌ဂျော့ကလူနီသည် ၂၀၁၇ မှ ၂၀၁၈ အထိ ဝင်‌‌ငွေစုစု‌ပေါင်‌း အ‌မေရိကန်‌‌ဒေါ်လာ (၂၃၉) သန်‌း ရရှိခဲ့ရာ ၂၀၁၈ ခုနှစ်‌အတွက်‌ ဝင်‌‌ငွေအ‌ကောင်‌းဆုံး ရုပ်‌ရှင်‌မင်‌းသားအဖြစ်‌ သတ်‌မှတ်‌ခံရ‌သည်။

မင်‌းသားဂျော့ကလူနီမှာ ၂၀၁၆ ခုနှစ် Money Monster ဇာတ်‌ကား‌နောက်‌ပိုင်‌း ရုပ်‌ရှင်‌ဇာတ်‌ကား ရိုက်‌ကူးခြင်‌း မရှိဘဲ သူပိုင်‌ဆိုင်သော စီးပွား‌ရေးလုပ်‌ငန်‌း‌များမှ ဝင်ငွေများရရှိခဲ့ရာ အဓိကအားဖြင့် Casamigos အရက်ကုမ္ပဏီမှ ဝင်‌‌ငွေများစွာ ရရှိခဲ့ခြင်‌း ဖြစ်‌သည်။

By – KSM / MUNA
Ref ; AFP