စမ္းေခ်ာင္းၿမိဳ ့နယ္တြင္ စည္ပင္ေရြးေကာက္ပြဲ၀င္မည့္ကိုယ္စားလွယ္ေလာင္းတစ္ဦးအား ဥပေဒႏွင့္မညိီဟုဆိုကာ ကန္႔ကြက္

on

ရန္ကုန္။ မတ္ ၃၀

ရန္ကုန္တိုင္းေဒသႀကီး ၊ စမ္းေခ်ာင္းၿမိဳ ့နယ္တြင္ စည္ပင္သာယာေရြးေကာက္ပြဲ၀င္မည့္ကိုယ္စားလွယ္ေလာင္း
တစ္ဦးအား ဥပေဒႏွင့္မညီဟုဆိုကာ ကန့္ကြက္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး၊ စည္ပင္သာယာေကာ္မရွင္မွ ဥပေဒႏွင့္
ညီညြတ္သည့္အတြက္ ယွဥ္ၿပိဳင္ခြင့္ျပဳလိုက္ျခင္းအေပၚေက်နပ္မႈမရွိသျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာေကာ္မတီ အဖြဲ ့၀င္(၂)ေနရာဝင္ေရာက္ယွဥ္ၿပိဳင္မည့္ တစ္သီးပုဂၢလကိုယ္စားလွယ္ဦးၾကည္ေအာင္က သတင္းစာရွင္းလင္းပြဲဲျပဳလုပ္ခဲ့သည္။

ယမန္ေန႔ (မတ္လ၂၉ ရက္) နံနက္(၁၀)နာရီအခ်ိန္ခန့္က စမ္းေခ်ာင္းၿမိဳ့နယ္မုန္ ့လက္ေဆာင္းကုန္း(ေျမာက္)ရပ္ကြက္ရွိ ကၽြန္းေတာလမ္းႏွင့္ရတနာပံုလမ္းေဒါင့္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔ျခင္းျဖစ္သည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ကန္ ့ကြက္ခဲ့သူ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းဦးၾကည္ေအာင္က

“ မွန္မွန္ကန္ကန္ျဖစ္ေစခ်င္တယ္ေကာ္မရွင္ကို၊ ဒီလိုမ်ိဳးကၽြန္ေတာ့ဘက္က အေထာက္အထားေဒတာအခ်က္
အလက္စံုလင္စြာျဖင့္ ကန္ ့ကြက္တာေတာင္မွ ပါလာတယ္ဆိုေတာ့ ဒီေကာ္မရွင္ကို ကၽြန္ေတာ္သံသယျဖစ္ပါတယ္။ အဲ့ဒီအတြက္ေၾကာင့္မု္ိ ့လည္း မွန္မွန္ကန္ကန္ျဖစ္ေစခ်င္တယ္ဗ်ာ“ ဟုေျပာသည္။

ဦးၾကည္ေအာင္က ၎၏ျပိဳင္ဖက္ျဖစ္သည့္ NLD ပါတီကိုယ္စားျပဳ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ေဒၚတိုးတိုးခိုင္အား
ကိုယ္စားလွယ္ေလာင္း၏အရည္အခ်င္းမ်ားအရ ကိုက္ညီမႈမရွိဟုဆိုကာ ကန္ ့ကြက္ခဲ့ျခင္းျဖစ္ေၾကာင္းဆက္လက္ေျပာသည္။

ေဒၚတိုုုးတိုးခိုင္သည္ စမ္္းေခ်ာင္းၿမိဳ ့နယ္စည္ပင္သာယာအဖြဲ ့၀င္(၂)ေနရာ၌ ၀င္ေရာက္ေရြးခ်ယ္ခံရန္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၈)ရက္ေန ့တြင္ ကိုယ္ေရးအခ်က္လက္တို ့တင္သြင္းခဲ့ၿပီး ဇန္န၀ါရီီ (၃၁)ရက္ေန ့တြင္ဌာနဆိုင္ရာတာ၀န္ရွိသူမ်ားႏွင့္ ၿမိဳ့နယ္ေကာ္မရွင္တို ့မွစီစစ္ခဲ့ရာ မႏၱေလးတိုင္းေဒသႀကီး ၊ ေတာင္သာၿမိဳ ့နယ္မွသန္းေခါင္စာရင္းျဖစ္ေနေၾကာင္း ၊ ေဖေဖၚ၀ါရီ (၂၈)ရက္ေန ့ထြက္ရွိလာေသာကိုယ္စား လွယ္ေလာင္းအမည္စာရင္းတြင္ ၎အမည္ပါရွိလာေၾကာင္း၊ ၎သည္စမ္းေခ်ာင္းၿမိဳ ့နယ္တြင္ဧည့္စာရင္းျဖင့္ေနထိုင္ခဲ့ၿပီးၿပီး ၊ ၿပီးခဲ့သည့္ေဖေဖၚ၀ါရီ (၁၄)ရက္ေန ့မွသာ စမ္းေခ်ာင္းၿမိဳ ့နယ္သန္းေခါင္းစာရင္း၀င္ျဖစ္ခဲ့ေၾကာင္း ထိုေၾကာင့္ စည္ပင္သာယာဥပေဒ /နည္းဥပေဒ အခန္း(၇) ၊ ၂၆/ခ(ဃ)ႏွင့္အခန္း(၈)ပါကိုယ္စားလွယ္ေလာင္း၏အရည္အခ်င္းမ်ား(ဃ)အရကိုက္ညီမႈမရွိသျဖင့္ စည္ပင္သာယာေရြးေကာက္ပြဲေကာ္မရွင္တိုင္ၾကားခဲ့ေသာ္လည္း ဥပေဒအရေဆာင္ရြက္ခဲ့ျခင္းမရွိသည့္အတြက္ သတင္းစာရွင္းလင္းရျခင္းျဖစ္ေၾကာင္းဦးၾကည္ေအာင္က ေျပာသည္။

မနက္ျဖန္ မတ္(၃၁)ရက္ေန႔တြင္ က်င္းပမည့္ စည္ပင္သာယာေရြးေကာက္ပြဲတြင္ စမ္းေခ်ာင္းၿမိဳ ့နယ္တြင္ ဥကၠဌေနရာအတြက္(၃)ဦး ၊ အဖြဲ႕ဝင္တစ္ေနရာအတြက္(၂)ဦး၊ အဖြဲ႕ဝင္ႏွစ္ေနရာအတြက္ (၂)ဦး စုေပါင္း(၇)ဦး၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းသိရသည္။

By – ျမတ္ဟိန္းေက်ာ္(ေကာ့မွဴး)
MUNA

(Unicode)

ရန်ကုန်။ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ်တွင် စည်ပင်သာယာရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးအား ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး၊ စည်ပင်သာယာကော်မရှင်မှ ဥပဒေနှင့်ညီညွတ်သည့်အတွက် ယှဉ်ပြိုင်ခွင့်ပြုလိုက်ခြင်းအပေါ်ကျေနပ်မှုမရှိသဖြင့် မြို့နယ်စည်ပင်သာယာကော်မတီ အဖွဲ့ဝင်(၂)နေရာဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဦးကြည်အောင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယမန်နေ့ (မတ်လ၂၉ ရက်) နံနက်(၁၀)နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်မုန့်လက်ဆောင်းကုန်း(မြောက်)ရပ်ကွက်ရှိ ကျွန်းတောလမ်းနှင့်ရတနာပုံလမ်းဒေါင့်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်က

“ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ကော်မရှင်ကို၊ ဒီလိုမျိုးကျွန်တော့ဘက်က အထောက်အထားဒေတာအချက်
အလက်စုံလင်စွာဖြင့် ကန့်ကွက်တာတောင်မှ ပါလာတယ်ဆိုတော့ ဒီကော်မရှင်ကို ကျွန်တော်သံသယဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လည်း မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ဗျာ“ ဟုပြောသည်။

ဦးကြည်အောင်က ၎င်း၏ပြိုင်ဖက်ဖြစ်သည့် NLD ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်ဒေါ်တိုးတိုးခိုင်အား
ကိုယ်စားလှယ်လောင်း၏အရည်အချင်းများအရ ကိုက်ညီမှုမရှိဟုဆိုကာ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြောသည်။

ဒေါ်တိုးတိုးခိုင်သည် စမ်းချောင်းမြို့နယ်စည်ပင်သာယာအဖွဲ့ဝင်(၂)နေရာ၌ ဝင်ရောက်ရွေးချယ်ခံရန် ၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၈)ရက်နေ့တွင် ကိုယ်ရေးအချက်လက်တို့တင်သွင်းခဲ့ပြီး ဇန်နဝါရီ (၃၁)ရက်နေ့တွင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ကော်မရှင်တို့မှစီစစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ၊ တောင်သာမြို့နယ်မှသန်းခေါင်စာရင်းဖြစ်နေကြောင်း ၊ ဖေဖေါ်ဝါရီ (၂၈)ရက်နေ့ထွက်ရှိလာသောကိုယ်စား လှယ်လောင်းအမည်စာရင်းတွင် ၎င်းအမည်ပါရှိလာကြောင်း၊ ၎င်းသည်စမ်းချောင်းမြို့နယ်တွင်ဧည့်စာရင်းဖြင့်နေထိုင်ခဲ့ပြီးပြီး ၊ ပြီးခဲ့သည့်ဖေဖေါ်ဝါရီ (၁၄)ရက်နေ့မှသာ စမ်းချောင်းမြို့နယ်သန်းခေါင်းစာရင်းဝင်ဖြစ်ခဲ့ကြောင်း ထိုကြောင့် စည်ပင်သာယာဥပဒေ /နည်းဥပဒေ အခန်း(၇) ၊ ၂၆/ခ(ဃ)နှင့်အခန်း(၈)ပါကိုယ်စားလှယ်လောင်း၏အရည်အချင်းများ(ဃ)အရကိုက်ညီမှုမရှိသဖြင့် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်တိုင်ကြားခဲ့သော်လည်း ဥပဒေအရဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် သတင်းစာရှင်းလင်းရခြင်းဖြစ်ကြောင်းဦးကြည်အောင်က ပြောသည်။

မနက်ဖြန် မတ်(၃၁)ရက်နေ့တွင် ကျင်းပမည့် စည်ပင်သာယာရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်တွင် ဥက္ကဌနေရာအတွက်(၃)ဦး ၊ အဖွဲ့ဝင်တစ်နေရာအတွက်(၂)ဦး၊ အဖွဲ့ဝင်နှစ်နေရာအတွက် (၂)ဦး စုပေါင်း(၇)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

By – မြတ်ဟိန်းကျော်(ကော့မှူး)
MUNA

Comments

comments