စစ္ကိုင္း-မႏၲေလးလမ္းတြင္ လူတစ္ဦးသတ္ခံရ၊ က်ဴးလြန္သူ ၅ဦးအနက္ ၃ဦးဖမ္းမိ

on

မတ္ ၃၀

မႏၲေလးၿမိဳ ႔ ခ်မ္းျမသာစည္ၿမိဳ ႔နယ္ စစ္ကိုင္း-မႏၲေလးကားလမ္း(၈၆)လမ္း၊ ေရႊတေခ်ာင္းတံတားေပၚတြင္ ျဖစ္ပြားခဲ့သည့္ အမ်ိဳးသား(မိန္းမလ်ာ)တစ္ဦး ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူ ငါးဦးအနက္ သံုးဦးဖမ္းမိထားေၾကာင္း အမွတ္ ၁၀ၿမိဳ ႔မရဲစခန္းမွသိရသည္။

မတ္လ၂၃ရက္၊ ည(၉)နာရီခြဲအခ်ိန္က အမွတ္(၁၀)ၿမိဳ ႔မရဲစခန္းမွ ဒုရဲမွဴးေအာင္မ်ိဳးလြင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္း-မႏၲေလးကားလမ္းတြင္ scoopyi ဆိုင္ကယ္ႏွင့္အတူ အသက္ ၃၀အရြယ္အမ်ိဳးသား(မိန္းမလ်ာ)တစ္ဦး ဒဏ္ရာမ်ားႏွင့္အတူ လဲက်ေနေၾကာင္း သတင္းရ႐ွိသျဖင့္သြားေရာက္ၾကည့္ရႈ႕စစ္ေဆးခဲ႔ရာ ယင္းေနရာတြင္ခြၽန္ထက္ေသာဒဏ္ရာမ်ားႏွင့္ လဲက်ေနသည္ကို ေတြ႕႐ွိခဲ့သည္။

အဆိုပါဒဏ္ရာျဖင့္ လဲက်ေနသူကို ညာဘက္ရင္အံုခြၽန္ထက္ေသာအရာျဖင့္ ထိုးသြင္း ဒဏ္ရာတစ္ခ်က္၊ ညာဘက္လည္ပင္းထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ညာဘက္လက္လက္ေမာင္းထိုးသြင္းဒဏ္ရာ ေလးခ်က္၊ ေနာက္ေက်ာထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ႏွင့္အတူ ေတြ႕ရသျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔တင္ပို႔ခဲ့ရာ လမ္းတြင္ ေသဆုံးသြားခဲ့ေၾကာင္း မႈခင္းမွတ္တမ္းတြင္ေဖာ္ျပထားသည္

” ကြၽန္မတို႔နဲ႔အကယ္ဒမီေပးပြဲၾကည့္ရင္းနဲ႔ ဖုန္းလာလို႔ထြက္သြားတယ္။ ညက်ခုလိုမ်ိဳးၾကားရတာဘဲ။ ကြၽန္မတို႔ကအေနနဲ႔ကအမႈမွန္အျမန္ဆုံးေပၚေပါက္ေစခ်င္တယ္။ ျပစ္မႈက်ဴးလြန္သူကို ထိုက္သင့္တဲ့ျပစ္ဒဏ္မ်ိဳးခ်မွတ္ေစခ် င္တယ္’ ဟု ေသဆုံးသူ၏ မိသားစုဝင္မ်ားကေျပာသည္။

” ကြၽန္ေတာ္တို႔စခန္းမွာ လူေသဆုံးမႈနဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးစစ္္္ေဆးေနပါတယ္” ဟု အမွတ္(၁၀)ၿမိဳ ႔မရဲစခန္းမွ တာဝန္က်ရဲအရာ႐ွိတစ္ဦးက ေျပာသည္။

လူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အမွတ္(၁၀)ၿမိဳ ႔မရဲစခန္းမွ (ပ)၁၈၅/၂၀၁၉၊ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၀၂ျဖင့္အမႈဖြင့္ထားသည္။

By – မင္းသန္႔
MUNA

(Unicode)

မတ် ၃၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း-မန္တလေးကားလမ်း(၈၆)လမ်း၊ ရွှေတချောင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသား(မိန်းမလျာ)တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ငါးဦးအနက် သုံးဦးဖမ်းမိထားကြောင်း အမှတ် ၁၀မြို့မရဲစခန်းမှသိရသည်။

မတ်လ၂၃ရက်၊ ည(၉)နာရီခွဲအချိန်က အမှတ်(၁၀)မြို့မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း-မန္တလေးကားလမ်းတွင် scoopyi ဆိုင်ကယ်နှင့်အတူ အသက် ၃၀အရွယ်အမျိုးသား(မိန်းမလျာ)တစ်ဦး ဒဏ်ရာများနှင့်အတူ လဲကျနေကြောင်း သတင်းရရှိသဖြင့်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ယင်းနေရာတွင်ချွန်ထက်သောဒဏ်ရာများနှင့် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါဒဏ်ရာဖြင့် လဲကျနေသူကို ညာဘက်ရင်အုံချွန်ထက်သောအရာဖြင့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ညာဘက်လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်လက်လက်မောင်းထိုးသွင်းဒဏ်ရာ လေးချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာတစ်ချက်တို့နှင့်အတူ တွေ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်

” ကျွန်မတို့နဲ့အကယ်ဒမီပေးပွဲကြည့်ရင်းနဲ့ ဖုန်းလာလို့ထွက်သွားတယ်။ ညကျခုလိုမျိုးကြားရတာဘဲ။ ကျွန်မတို့ကအနေနဲ့ကအမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ်။ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်တဲ့ပြစ်ဒဏ်မျိုးချမှတ်စေချ င်တယ်’ ဟု သေဆုံးသူ၏ မိသားစုဝင်များကပြောသည်။

” ကျွန်တော်တို့စခန်းမှာ လူသေဆုံးမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးစစ််ဆေးနေပါတယ်” ဟု အမှတ်(၁၀)မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၁၀)မြို့မရဲစခန်းမှ (ပ)၁၈၅/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ဖြင့်အမှုဖွင့်ထားသည်။

By – မင်းသန့်
MUNA

Comments

comments