အမ်ဳိးသားေသာက္ ကုိယ္ဝန္တားေဆးအသစ္ ကနဦးစမ္းသပ္မႈမ်ား လုပ္ေဆာင္ျပီးစီးဟုဆုိ

on

ေလာ့အိန့္ဂ်လစ္၊ မတ္(၃၀)

အမ်ဳိးသားေသာက္ ကုိယ္ဝန္တားေဆး ေဆးလုံးအသစ္မွာ ပဏာမစမ္းသပ္မႈမ်ား လုပ္ေဆာင္ျပီးစီးခဲ႔ျပီး အမ်ဳိးသမီးမ်ား ကုိယ္ဝန္ရျခင္းမွ တားဆီးေပးသည့္ ပုံစံအသစ္တစ္မ်ဳိး ျဖစ္လာေတာ့မည္ ျဖစ္သည္။

အမ်ိဳးသမီးမ်ား ကုိယ္ဝန္တားေဆးသုံးျခင္းႏွင့္ အလားတူအာနိသင္ရွိေသာ ေဆးလုံးအသစ္မွာ ေဘးကင္းလုံျခံဳမႈ စမ္းသပ္ခ်က္ ပထမအဆင့္ ေအာင္ျမင္ထားျပီး အမ်ဳိးသား ၃၀ ဦး ေသာက္သုံးစမ္းသပ္ခဲ႔ရာ အမ်ဳိးသမီးမ်ား သေႏၶရျခင္းကုိ ထိန္းခ်ဳပ္ေပးေသာ ဟုိမုန္းတမ်ဳိးု ထုတ္လုပ္ေပးသည္ကုိ ေတြ႔ရွိခဲ႔သည္ဟု ေလာ့အိန့္ဂ်လစ္ျမိဳ႕ဇီဝေဆးပညာသုေတသနအင္စတီက်ဳႏွင့္္ ဝါရွင္တန္တကၠသိုလ္တုိ ့ပူးေပါင္းလုပ္ေဆာင္ခဲ႔ေသာ သုေတသနအရ သိရသည္။

မူးယစ္ေဆးမ်ားအတြက္ အေစာပိုင္းကာလမ်ားက အ စားအေသာက္ႏွင့္ေဆးဝါးစီမံခန့္ခြဲမႈ (FDA) ကခြင့္ျပဳခ်က္မတင္သြင္းရေသးသည့္ အေျခအေနတြင္ သုေတသနလုပ္ခဲ႔သည့္ ပုံစံႏွင့္ဆင္တူသည္။

သုိ့ေသာ္ ေလာ့အိန္႔ဂ်လစ္ ဇီဝေဆးပညာ႒ာနမွ ဦးေဆာင္သူသုေတသီ ေဒါက္တာခရစ္တီးနာဝန္က ယခုသုေတသနရလဒ္မ်ားမွာ ထိေရာက္ေသာ အမ်ဳိးသားဘက္မွ သေႏၶတားေဟာ္မုန္းမ်ား ထုတ္လုပ္ေပးသည့္ အေရးပါေသာေျခလွမ္းတစ္ခုဟု ေျပာၾကားခဲ႔သည္။

” အမ်ိဳးသမီးေတြမွွာက သေႏၶတားဖုိ့ မ်ားစြာေသာနည္းလမ္းေတြရွိတယ္။ တားေဆးရွိမယ္။ အဂါၤဇာတ္အစြပ္ရွိရင္ သူတုိ့အကာအကြယ္ျဖစ္တယ္။ ျပီးေတာ့သားအိမ္ကိရိယာနဲ႔ ထိုးေဆးေတြလဲ ရွိတယ္။ အမ်ဳိးသားမ်ားမွွာက်ေတာ့ ေဟာ္မုန္းနဲ႔ဆုိင္တဲ႔ သေႏၶတားေဆး ဘာမွမရွိဘူး။ ဒီမွာ စံခ်ိန္မညီဘူးျဖစ္ေနတယ္” ဟု ေဒါက္တာဝန္က ေျပာၾကားသည္။

အမ်ဳိးသားမ်ားကုိ ထုိးေဆးထုိး၍ ဇနီးမ်ားကုိယ္ဝန္မရေစေသာ ျဒပ္ေပါင္းမ်ား ရွိေၾကာင္း အမ်ဳိးသားမ်ား၏ ပုခုံးႏွင့္လက္ေမာင္းတြင္ ကုိယ္ဝန္တားဂ်ယ္လ္တစ္မ်ဳိး ေန့စဥ္ကပ္ထား၍ အခ်ိန္အတန္ၾကာ စမ္းသပ္မႈမၽားလည္းရွိေၾကာင္း ေဒါက္တာ ခရစ္တီးနာဝန္က ေျပာၾကားသည္။

သုိ့ရာတြင္ အဆုိပါနည္းလမ္းမ်ားမွ စီးပြားျဖစ္ထုတ္လုပ္အသုံးျပဳႏုိင္မည့္ အေျခအေနထိ ျဖစ္လာရန္ ဆယ္စုႏွစ္ခ်ီ ၾကာႏုိင္၍ အမ်ဳိးသားမ်ားဘက္မွ တစ္ခုတည္းေသာ သေႏၶတားနည္းမွာ ကြန္ဒုံအသုံးျပဳျခင္းသာ လတ္တေလာရွိေနေၾကာင္း ထုိ့ေၾကာင့္ အမ်ဳိးသားသေႏၶတားေဆးမွာ သတိျပဳ မွတ္သားဖြယ္ျဖစ္ေနေၾကာင္း ေဒါက္တာ ခရစ္တီးနာဝန္က ရွင္းျပသည္။

ေလ့လာမႈအသစ္တစ္ခုတြင္အသက္ ၁၈ ႏွစ္မွ ၅၀ အတြင္း က်န္းမာေသာအမ်ဳိးသား ၃၀ ကုိ Testosterone ႏွင့္ Progestin ေရာစပ္ထားေသာ ေဆးျပားကုိ ၂၈ ရက္ဆက္တုိက္ စမ္းသပ္ေသာက္ေစခဲ႔သည္။ ေနာက္ထပ္ ၁၀ ေယာက္မွာ ေဆးမတုိက္ပဲထားထားသည္။ အဆုိပါေဆးေသာက္ထားသူမ်ား၏ အစရက္ႏွင့္ အဆုံးရက္ ေသြးနမူနာရယူ၍ ဟုိမုန္းအဆင့္မ်ား စစ္ေဆးသည့္အျပင္ လိင္ပုိင္းဆုိင္ရာစိတ္ျပင္းျပမႈႏွင့္ ခံစားရမႈ အေျခအေနမ်ားကုိ ေမးခြန္းမ်ား ေမးျမန္းခဲ႔သည္။

အထက္ပါ သုေတသနျပဳေလ့လာခ်က္တြင္ ကေလးေမြးဖြားျခင္း ထိန္းခ်ဳပ္ေသာ ဟုိမုန္းတုံ႔ျပန္မႈမွာ အမ်ဳိးသားမ်ားတြင္ လုံၿခဳံေဘးကင္းသည္ဟု ကနဦးစမ္းသပ္ခ်က္တြင္ ေတြ႔ရသည္။ ကနဦးေသြးစစ္စမ္းသပ္မႈတြင္ ေဆးလုံးက သုတ္ပိုးႏွင့္ ေဟာ္မုန္းထုတ္လုပ္မႈ ႏွစ္ခုစလုံးကုိ ဟန္႔တားနိုင္၍ ကိုယ္ဝန္တားဆီးရန္ လုံေလာက္သည္ဟု ေဒါက္တာခရစ္တီးနားဝန္ကအႀကံျပဳခဲ႔သည္။

အမ်ဳိးသားမ်ား ေသာက္ရသည့္ သေႏၶတားေဆးမွွွာ သုတ္ပမာဏနည္းေစရန္ ေန႔စဥ္ေသာက္သုံးရန္လုိအပ္သည္ဟု သုေတသနစစ္တမ္းတြင္ ေဖာ္ျပထားသည္။

လိင္စိတ္ႏိုးၾကားမႈ၊ လိင္ကိစၥစြမ္းေဆာင္ရည္ကုိ မထိခိုက္ပဲ သုတ္္ထုတ္လႊတ္မႈကုိ ဟန့္တားေပးေသာ အမ်ဳိးသားေသာက္ သေႏၶတားေဆးကို တီထြင္ထားေသာ္လည္း ကုမၸဏီႀကီးမ်ားက ရင္းႏွီးျမွုဳပ္ႏွံမႈမ်ား မလုပ္လုိ၍ ၾကန္႔ၾကာေႏွာင့္ေႏွးမႈမ်ားရွိေနသည္။

By – KSM / MUNA
Ref ; TIME

(Unicode)

လော့အိန့်ဂျလစ်၊ မတ်(၃၀)

အမျိုးသားသောက် ကိုယ်ဝန်တားဆေး ဆေးလုံးအသစ်မှာ ပဏာမစမ်းသပ်မှုများ လုပ်ဆောင်ပြီးစီးခဲ့ပြီး အမျိုးသမီးများ ကိုယ်ဝန်ရခြင်းမှ တားဆီးပေးသည့် ပုံစံအသစ်တစ်မျိုး ဖြစ်လာတော့မည် ဖြစ်သည်။

အမျိုးသမီးများ ကိုယ်ဝန်တားဆေးသုံးခြင်းနှင့် အလားတူအာနိသင်ရှိသော ဆေးလုံးအသစ်မှာ ဘေးကင်းလုံခြုံမှု စမ်းသပ်ချက် ပထမအဆင့် အောင်မြင်ထားပြီး အမျိုးသား ၃၀ ဦး သောက်သုံးစမ်းသပ်ခဲ့ရာ အမျိုးသမီးများ သန္ဓေရခြင်းကို ထိန်းချုပ်ပေးသော ဟိုမုန်းတမျိုးု ထုတ်လုပ်ပေးသည်ကို တွေ့ရှိခဲ့သည်ဟု လော့အိန့်ဂျလစ်မြို့ဇီဝဆေးပညာသုတေသနအင်စတီကျုနှင့် ဝါရှင်တန်တက္ကသိုလ်တို့ပူးပေါင်းလုပ်ဆောင်ခဲ့သော သုတေသနအရ သိရသည်။

မူးယစ်ဆေးများအတွက် အစောပိုင်းကာလများက အ စားအသောက်နှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) ကခွင့်ပြုချက်မတင်သွင်းရသေးသည့် အခြေအနေတွင် သုတေသနလုပ်ခဲ့သည့် ပုံစံနှင့်ဆင်တူသည်။

သို့သော် လော့အိန့်ဂျလစ် ဇီဝဆေးပညာဋ္ဌာနမှ ဦးဆောင်သူသုတေသီ ဒေါက်တာခရစ်တီးနာဝန်က ယခုသုတေသနရလဒ်များမှာ ထိရောက်သော အမျိုးသားဘက်မှ သန္ဓေတားဟော်မုန်းများ ထုတ်လုပ်ပေးသည့် အရေးပါသောခြေလှမ်းတစ်ခုဟု ပြောကြားခဲ့သည်။

” အမျိုးသမီးတွေမှှာက သန္ဓေတားဖို့ များစွာသောနည်းလမ်းတွေရှိတယ်။ တားဆေးရှိမယ်။ အဂါၤဇာတ်အစွပ်ရှိရင် သူတို့အကာအကွယ်ဖြစ်တယ်။ ပြီးတော့သားအိမ်ကိရိယာနဲ့ ထိုးဆေးတွေလဲ ရှိတယ်။ အမျိုးသားများမှှာကျတော့ ဟော်မုန်းနဲ့ဆိုင်တဲ့ သန္ဓေတားဆေး ဘာမှမရှိဘူး။ ဒီမှာ စံချိန်မညီဘူးဖြစ်နေတယ်” ဟု ဒေါက်တာဝန်က ပြောကြားသည်။

အမျိုးသားများကို ထိုးဆေးထိုး၍ ဇနီးများကိုယ်ဝန်မရစေသော ဒြပ်ပေါင်းများ ရှိကြောင်း အမျိုးသားများ၏ ပုခုံးနှင့်လက်မောင်းတွင် ကိုယ်ဝန်တားဂျယ်လ်တစ်မျိုး နေ့စဉ်ကပ်ထား၍ အချိန်အတန်ကြာ စမ်းသပ်မှုများလည်းရှိကြောင်း ဒေါက်တာ ခရစ်တီးနာဝန်က ပြောကြားသည်။

သို့ရာတွင် အဆိုပါနည်းလမ်းများမှ စီးပွားဖြစ်ထုတ်လုပ်အသုံးပြုနိုင်မည့် အခြေအနေထိ ဖြစ်လာရန် ဆယ်စုနှစ်ချီ ကြာနိုင်၍ အမျိုးသားများဘက်မှ တစ်ခုတည်းသော သန္ဓေတားနည်းမှာ ကွန်ဒုံအသုံးပြုခြင်းသာ လတ်တလောရှိနေကြောင်း ထို့ကြောင့် အမျိုးသားသန္ဓေတားဆေးမှာ သတိပြု မှတ်သားဖွယ်ဖြစ်နေကြောင်း ဒေါက်တာ ခရစ်တီးနာဝန်က ရှင်းပြသည်။

လေ့လာမှုအသစ်တစ်ခုတွင်အသက် ၁၈ နှစ်မှ ၅၀ အတွင်း ကျန်းမာသောအမျိုးသား ၃၀ ကို Testosterone နှင့် Progestin ရောစပ်ထားသော ဆေးပြားကို ၂၈ ရက်ဆက်တိုက် စမ်းသပ်သောက်စေခဲ့သည်။ နောက်ထပ် ၁၀ ယောက်မှာ ဆေးမတိုက်ပဲထားထားသည်။ အဆိုပါဆေးသောက်ထားသူများ၏ အစရက်နှင့် အဆုံးရက် သွေးနမူနာရယူ၍ ဟိုမုန်းအဆင့်များ စစ်ဆေးသည့်အပြင် လိင်ပိုင်းဆိုင်ရာစိတ်ပြင်းပြမှုနှင့် ခံစားရမှု အခြေအနေများကို မေးခွန်းများ မေးမြန်းခဲ့သည်။

အထက်ပါ သုတေသနပြုလေ့လာချက်တွင် ကလေးမွေးဖွားခြင်း ထိန်းချုပ်သော ဟိုမုန်းတုံ့ပြန်မှုမှာ အမျိုးသားများတွင် လုံခြုံဘေးကင်းသည်ဟု ကနဦးစမ်းသပ်ချက်တွင် တွေ့ရသည်။ ကနဦးသွေးစစ်စမ်းသပ်မှုတွင် ဆေးလုံးက သုတ်ပိုးနှင့် ဟော်မုန်းထုတ်လုပ်မှု နှစ်ခုစလုံးကို ဟန့်တားနိုင်၍ ကိုယ်ဝန်တားဆီးရန် လုံလောက်သည်ဟု ဒေါက်တာခရစ်တီးနားဝန်ကအကြံပြုခဲ့သည်။

အမျိုးသားများ သောက်ရသည့် သန္ဓေတားဆေးမှှှာ သုတ်ပမာဏနည်းစေရန် နေ့စဉ်သောက်သုံးရန်လိုအပ်သည်ဟု သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

လိင်စိတ်နိုးကြားမှု၊ လိင်ကိစ္စစွမ်းဆောင်ရည်ကို မထိခိုက်ပဲ သုတ်ထုတ်လွှတ်မှုကို ဟန့်တားပေးသော အမျိုးသားသောက် သန္ဓေတားဆေးကို တီထွင်ထားသော်လည်း ကုမ္ပဏီကြီးများက ရင်းနှီးမြှုပ်နှံမှုများ မလုပ်လို၍ ကြန့်ကြာနှောင့်နှေးမှုများရှိနေသည်။

By – KSM / MUNA
Ref ; TIME