ပဲခူးရိုးမတြင္ ေပ၂၀၀ခန္႔ရွိေခ်ာက္အတြင္း ၆ဘီးယာဥ္ ျပဳတ္က်တိမ္းေမွာက္ ၁၆ဦးေသဆံုး

on

အုတ္တြင္း မတ္ ၃၁

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ အုတ္တြင္းၿမိဳ႕နယ္တြင္ ေျခာက္ဘီးယာဥ္တစ္စီး တိမ္းေမွာက္ၿပီး ေခ်ာက္အတြင္းထိုးက်သြားရာ လူ၁၆ဦးေသဆုံးခဲ့ၿပီး လူမ်ားထိခိုက္ဒဏ္ရာရရိွမႈမ်ား ရွိခဲ႔သည္။

ယမန္ေန႔ (မတ္လ ၃၀ရက္) ည ၇နာရီခြဲခန္႔အခ်ိန္က အုတ္တြင္းၿမိဳ႕နယ္ ေပါက္ေတာေက်းရြာအုပ္စု ၾကက္သ်ွာရြာအနီးရိွ မရမ္းတံတား အုတ္တြင္း-ေပါက္ေခါင္းကားလမ္းမိုင္တိုင္အမွတ္ ၇၁/၇အနီးတြင္ မေတာ္တဆမႈျဖစ္ပြားခဲ႔သည္။

အုတ္တြင္းဘက္မွ ေပါက္ေခါင္းၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း တိုးေမာင္(ခ)ေအာင္သူရ ေတာင္ငူၿမိဳ႕ေနသူေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ေက်ာ္မင္းထြန္း(၃၆)ႏွစ္ ထန္းတပင္ၿမိဳ႕ေနသူ အပါအဝင္ ယာဥ္ေပၚပါရိွသူ စုစုေပါင္း ၄၀ ဦးခန္႔ က ယာဥ္အမွတ္YGN 9H/×××× FUSOအမ်ိဳးအစား အျဖဴေရာင္ ေျခာက္ဘီးယာဥ္သည္ေမာင္းလာစဥ္ အရိွန္မထိန္းႏိုင္ဘဲ လမ္းတြင္ရိွေသာ အခ်က္ျပေရာင္ျပန္မ်ားအား တိုက္မိၿပီး လမ္း၏ယာဘက္ျခမ္းရိွ ေပ(၂၀၀)ခန္႔အနက္ရိွေသာေခ်ာက္ထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့သည္။

ယာဥ္ေပၚပါရိွသူ(၁၆)ဦးေသဆုံးခဲ့ၿပီး (၁၆)ဦးမွာျပင္းထန္ဒဏ္ရာမ်ားရရိွခဲ႔သျဖင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရိွသူမ်ားအား အုတ္တြင္းျပည္သူ႔ေဆး႐ုံသို႔တင္ပို႔ေဆးကုသထားရသည္။

” ျဖစ္တာက မေန႔ကညေနမိုးခ်ဳပ္ပိုင္းက ကားေပၚပါလာတဲ့သူေတြကေတာ့ ဖုန္းတာဝါတိုင္ေကဘယ္လိုင္းက်င္းေတြတူးတဲ့အလုပ္သမားေတြပါပဲ။ ေလးဆယ္ပတ္ဝန္းက်င္ေလာက္ပါတယ္အကုန္။ ေသတာကခုထိကားေအာက္မွာထုတ္မရတာကႏွစ္ေလာင္းရယ္အဲ့နားမွာ ေသတာကဆယ့္သုံးေလာင္းရယ္ ေတာင္ငူေဆး႐ုံကိုတင္တဲ့ကေလးေလးတစ္ေယာက္လည္းထပ္ေသေတာ့ ၁၆ေယာက္ ေသတာေပါ့။ ဒဏ္ရာရလူနာေတြကိုအုတ္တြင္းေဆး႐ုံနဲ႔ေတာင္ငူေဆး႐ုံကိုတင္ပို႔ေနပါတယ္။ ဒဏ္ရာရလည္း ၂၅ေယာက္ ဝန္းက်င္ရိွမယ္ စပယ္ယာလည္းေသတယ္ ေမာင္းတဲ့လူကေတာ့ပြန္းပဲ့ယုံေလးပဲ။ ခုအုတ္တြင္းစခန္းမွာဖမ္းထားပါတယ္” ဟု ရင္ခုန္သံ႐ွင္ေရးကူညီမႈအသင္းမွ ဆရာေတာ္ဦးေတဇ က မိန္႔သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အုတ္တြင္းၿမိဳ႕မရဲစခန္းမွ ယာဥ္မဆင္မျခင္ေပါ့ေလ်ာ့စြာေမာင္းႏွင္သူ တိုးေမာင္(ခ)သူရေအာင္ ကို ယာဥ္(ပ)၂၅/၂၀၁၉. ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ျဖင့္ဖမ္းဆီးအမႈဖြင့္အရးယူထားသည္။

By – NSM
MUNA

ဓါတ္ပံု – ရင္ခုန္သံ႐ွင္ေရးကူညီမႈအသင္း

(Unicode)

အုတ်တွင်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်ပြီး ချောက်အတွင်းထိုးကျသွားရာ လူ၁၆ဦးသေဆုံးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

ယမန်နေ့ (မတ်လ ၃၀ရက်) ည ၇နာရီခွဲခန့်အချိန်က အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကြက်သျှာရွာအနီးရှိ မရမ်းတံတား အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင်အမှတ် ၇၁/၇အနီးတွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။

အုတ်တွင်းဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ ယာဉ်မောင်း တိုးမောင်(ခ)အောင်သူရ တောင်ငူမြို့နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်မင်းထွန်း(၃၆)နှစ် ထန်းတပင်မြို့နေသူ အပါအဝင် ယာဉ်ပေါ်ပါရှိသူ စုစုပေါင်း ၄၀ ဦးခန့် က ယာဉ်အမှတ်YGN 9H/×××× FUSOအမျိုးအစား အဖြူရောင် ခြောက်ဘီးယာဉ်သည်မောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းတွင်ရှိသော အချက်ပြရောင်ပြန်များအား တိုက်မိပြီး လမ်း၏ယာဘက်ခြမ်းရှိ ပေ(၂၀၀)ခန့်အနက်ရှိသောချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်ပေါ်ပါရှိသူ(၁၆)ဦးသေဆုံးခဲ့ပြီး (၁၆)ဦးမှာပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား အုတ်တွင်းပြည်သူ့ဆေးရုံသို့တင်ပို့ဆေးကုသထားရသည်။

” ဖြစ်တာက မနေ့ကညနေမိုးချုပ်ပိုင်းက ကားပေါ်ပါလာတဲ့သူတွေကတော့ ဖုန်းတာဝါတိုင်ကေဘယ်လိုင်းကျင်းတွေတူးတဲ့အလုပ်သမားတွေပါပဲ။ လေးဆယ်ပတ်ဝန်းကျင်လောက်ပါတယ်အကုန်။ သေတာကခုထိကားအောက်မှာထုတ်မရတာကနှစ်လောင်းရယ်အဲ့နားမှာ သေတာကဆယ့်သုံးလောင်းရယ် တောင်ငူဆေးရုံကိုတင်တဲ့ကလေးလေးတစ်ယောက်လည်းထပ်သေတော့ ၁၆ယောက် သေတာပေါ့။ ဒဏ်ရာရလူနာတွေကိုအုတ်တွင်းဆေးရုံနဲ့တောင်ငူဆေးရုံကိုတင်ပို့နေပါတယ်။ ဒဏ်ရာရလည်း ၂၅ယောက် ဝန်းကျင်ရှိမယ် စပယ်ယာလည်းသေတယ် မောင်းတဲ့လူကတော့ပွန်းပဲ့ယုံလေးပဲ။ ခုအုတ်တွင်းစခန်းမှာဖမ်းထားပါတယ်” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဆရာတော်ဦးတေဇ က မိန့်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အုတ်တွင်းမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ တိုးမောင်(ခ)သူရအောင် ကို ယာဉ်(ပ)၂၅/၂၀၁၉. ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့်ဖမ်းဆီးအမှုဖွင့်အရးယူထားသည်။

By – NSM
MUNA

ဓါတ်ပုံ – ရင်ခုန်သံရှင်ရေးကူညီမှုအသင်း

Comments

comments