မႏၲေလးတြင္ Online မွ ကာမစိတ္ႂကြေဆးဝါးေရာင္းခ်သူအား ဖမ္းဆီးအေရးယူ

on

ဧၿပီ ၃

မႏၲေလးၿမိဳ ႔ ခ်မ္းေအးသာစံၿမိဳ ႔နယ္တြင္ သၾကၤန္ကာလမႈခင္းမ်ားေလ်ာ့နည္းက်ဆင္းေရးအတြက္ လိုင္စင္မဲ့အရက္၊ ဘီယာ၊ မူးယစ္ေဆးဝါး၊ ကာမစိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနစဥ္ facebook online ကိုအသုံးျပဳ၍ ကာမစိတ္ႂကြေဆးဝါးမ်ား ေရာင္းခ်သူကို ဖမ္းဆီးအေရးယူထားေၾကာင္း နယ္ေျမစခန္းမွသိရသည္

ယင္းၿမိဳ ႔နယ္႐ွိ ၂၈လမ္း ၇၆×၇၇ လမ္းၾကားတြင္ ဧၿပီ၂ရက္၊ေန႔လည္၁နာရီအခ်ိန္က ခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ ရဲအုပ္ေအာင္ကိုဝင္းႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၈)ၿမိဳ ႔မရဲစခန္းမွ ရဲအုပ္ထင္လင္းေက်ာ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အသိသက္ေသမ်ားႏွင့္အတူ facebook online ကို အသုံးျပဳ ၍ ကာမေဆးဝါးမ်ားေရာင္းခ်သည့္ဖုန္းနံပါတ္အတိုင္း ဖုန္းဆက္ ခ်ိန္းဆိုခဲ႔ကာ ေစာင့္ဆိုင္ေနစဥ္ ဆိုင္ကယ္ျဖင့္ေရာက္႐ွိလာသူ သက္ထြဋ္ေအာင္ အား သက္ေသမ်ားေ႐ွ႕တြင္စစ္ေဆးခဲ့ၾကသည္၊

ထိုသို႔စစ္ေဆးခဲ့ရာ သက္ထြဋ္ေအာင္ဆိုသူထံတြင္ Blue Wizard တံဆိပ္ပါအမ်ိဳးသမီးေသာက္ေဆးရည္(၃)ဘူး Play Boy တံဆိပ္ပါ အစိမ္းေရာင္ႏွင့္အမည္းေရာင္တြဲလ်ွက္အမ်ိဳးသားေသာက္ေဆးေတာင့္(၃)ေတာင့္၊ အမ်ိဳးသားအသုံးျပဳသည့္ ရာဘာစြပ္(၁)ခုတို႔ကိုေတြ႕႐ွိခဲ့သျဖင့္ အေရးယူခဲ့ျခင္းျဖစ္သည္။

ကာမစိတ္ႂကြေဆးဝါးမ်ားအား ျဖန္႔ျဖဴ းေရာင္းခ်ျခင္းႏွင့္ လက္ဝယ္ေတြ႕႐ွိသူ သက္ထြဋ္ေအာင္ ေဒဝန္းေ႐ွ႕ရပ္
ကြက္ေနထိုင္သူ ကိုအမွတ္(၈)ၿမိဳ ႔မရဲစခန္းမွ (ပ)၃၀၉/၂၀၁၉၊အမ်ိဳးသားေဆးဝါးဥပေဒပုဒ္မ-၁၈ျဖင ့္ရဲအုပ္ထင္လင္းေက်ာ္က တရားလိုလုပ္အမႈဖြင့္ထားသည္။

By – မင္းသန္႔
MUNA

(Unicode)

ဧပြီ ၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် သင်္ကြန်ကာလမှုခင်းများလျော့နည်းကျဆင်းရေးအတွက် လိုင်စင်မဲ့အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် facebook online ကိုအသုံးပြု၍ ကာမစိတ်ကြွဆေးဝါးများ ရောင်းချသူကို ဖမ်းဆီးအရေးယူထားကြောင်း နယ်မြေစခန်းမှသိရသည်

ယင်းမြို့နယ်ရှိ ၂၈လမ်း ၇၆×၇၇ လမ်းကြားတွင် ဧပြီ၂ရက်၊နေ့လည်၁နာရီအချိန်က ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်ကိုဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှ ရဲအုပ်ထင်လင်းကျော်နှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ facebook online ကို အသုံးပြု ၍ ကာမဆေးဝါးများရောင်းချသည့်ဖုန်းနံပါတ်အတိုင်း ဖုန်းဆက် ချိန်းဆိုခဲ့ကာ စောင့်ဆိုင်နေစဉ် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ သက်ထွဋ်အောင် အား သက်သေများရှေ့တွင်စစ်ဆေးခဲ့ကြသည်၊

ထိုသို့စစ်ဆေးခဲ့ရာ သက်ထွဋ်အောင်ဆိုသူထံတွင် Blue Wizard တံဆိပ်ပါအမျိုးသမီးသောက်ဆေးရည်(၃)ဘူး Play Boy တံဆိပ်ပါ အစိမ်းရောင်နှင့်အမည်းရောင်တွဲလျှက်အမျိုးသားသောက်ဆေးတောင့်(၃)တောင့်၊ အမျိုးသားအသုံးပြုသည့် ရာဘာစွပ်(၁)ခုတို့ကိုတွေ့ရှိခဲ့သဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ကာမစိတ်ကြွဆေးဝါးများအား ဖြန့်ဖြူ းရောင်းချခြင်းနှင့် လက်ဝယ်တွေ့ရှိသူ သက်ထွဋ်အောင် ဒေဝန်းရှေ့ရပ်
ကွက်နေထိုင်သူ ကိုအမှတ်(၈)မြို့မရဲစခန်းမှ (ပ)၃၀၉/၂၀၁၉၊အမျိုးသားဆေးဝါးဥပဒေပုဒ်မ-၁၈ဖြင့်ရဲအုပ်ထင်လင်းကျော်က တရားလိုလုပ်အမှုဖွင့်ထားသည်။

By – မင်းသန့်
MUNA