မႏၲေလးရွိတည္ခိုခန္းတြင္ မွတ္ပုံတင္မေပးပဲတည္းခိုသည့္ အမ်ိဳးသမီးကို ေသဆုံးေနလွ်က္ေတြ႕

ဧၿပီ ၃

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ ႔နယ္၊ ျမိဳ ႔သစ္(၁)ရပ္ကြက္ ၆၆×၆၇လမ္း၊ ငုေရႊဝါႏွင့္စိန္ျခယ္လမ္းၾကား ေအးသုခလမ္းသြယ္ရွိ တည္းခိုးခန္းတြင္ မွတ္ပုံတင္ေပးထားျခင္းမ႐ွိပဲလာေရာက္တည္းခိုးသည့္ အမ်ိဳးသမီးတစ္ဦးကို ယေန႔ ေန႔လယ္ပိုင္းက ေသဆုံးေနလွ်က္ေတြ႕ရွိခဲ့ေၾကာင္း နယ္ေျမရဲစခန္းမွသိရသည္။

ယမန္ေန႔ ဧၿပီ(၂)ရက္ ည(၁၁)နာရီအခ်ိန္က ၎အမ်ိဳးသမီးသည္ အမည္မသိအမ်ိဳးသားတစ္ဦးႏွင့္အတူ အခန္းအမွတ္ C-001တြင္လာေရာက္တည္းခိုခဲ့ၾကၿပီး အတူတည္းခိုသူအမ်ိဳးသားမွာ ဧၿပီ(၃)ရက္ ေန႔လယ္ ၁နာရီခြဲအခ်ိ န္က ျပန္လည္ထြက္ခြာခဲ့ၿပီးေနာက္ မန္ေနဂ်ာျဖစ္သူက အခန္းအားၾကည့္႐ႈ႕စစ္ေဆးခဲ့ရာ အမ်ိဳးသမီး ေသဆုံးေနသည္ကိုေတြြ႕႐ွိခဲ့သည့္အတြက္ နယ္ေျမရဲစခန္းကို အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

ထို႔သို႔အေၾကာင္းခဲ့သည့္အေပၚ အမွတ္(၃)မႈခင္းတပ္ဖြဲ႕ခြဲမွဴး ဒုရဲမွဴးစိုးႏိုင္ႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၁၁)နယ္ေျမရဲစခန္းမွ ဒုရဲမွဴးေဇာ္ႏိုင္ႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ ခ်မ္းျမသာစည္ၿမိဳ ႔နယ္ရဲမွဴးေဇာ္ဝင္းႏိုင္၊ မႈခင္းအကူဌာနစုမွ ရဲအုပ္ေအာင္ႏိုင္ဦးႏွင့္တပ္ဖြဲ႕ဝင္မ်ားသည္ အသိသက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ ၎အခန္းအတြင္းရွိ ကုတင္ေပၚတြင္ ပက္လက္အေနအထားျဖင့္ ေစာင္ျခံဳၿပီးမ်က္ႏွာတြင္ တဘက္အျဖဴ ေရာင္အုပ္လ်ွက္ျပင္ပဒဏ္ရာမေတြ႕႐ွိရဘဲ ေသဆုံးေနသည္ကိုေတြ႕႐ွိခဲ့ရသည္ဟု မႈခင္းမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

” ကြၽန္ေတာ္တို႔ေသဆုံးမႈနဲ႔ပတ္သက္ၿပီး မည္သူမည္ဝါျဖစ္ေၾကာင္းသိ႐ွိႏိုင္ေရးအတြက္ ဌာနဆိုင္ရာေတြ ခ်ိတ္ဆက္ၿပီးလုပ္ေဆာင္ေနပါတယ္။ ျပစ္မႈက်ဴးလြန္သူကိုလည္း အျမန္ဆုံးဖမ္းမိရ႐ွိေရး လုပ္ေဆာင္ေနပါတယ္” ဟု ရဲအရာ႐ွိကတစ္ဦးက ေျပာသည္။

ယင္းတည္းခိုခန္းတြင္ အမည္မသိအမ်ိဳးသမီးေသဆုံး
မႈႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေ႐ွာင္ေနသူ အမ်ိဳးသားအား စုံစမ္းေဖာ္ထုတ္အေရးယူႏိုင္ရန္ အမွတ္(၁၁)နယ္ေျမရဲစခန္းတြင္ (ပ)၂၁၃/၂၀၁၉၊ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၀၂ျဖင့္အမႈဖြင့္ထားသည္။

By – မင္းသန္႔
MUNA

(Unicode)

ဧပြီ ၃

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက် ၆၆×၆၇လမ်း၊ ငုရွှေဝါနှင့်စိန်ခြယ်လမ်းကြား အေးသုခလမ်းသွယ်ရှိ တည်းခိုးခန်းတွင် မှတ်ပုံတင်ပေးထားခြင်းမရှိပဲလာရောက်တည်းခိုးသည့် အမျိုးသမီးတစ်ဦးကို ယနေ့ နေ့လယ်ပိုင်းက သေဆုံးနေလျှက်တွေ့ရှိခဲ့ကြောင်း နယ်မြေရဲစခန်းမှသိရသည်။

ယမန်နေ့ ဧပြီ(၂)ရက် ည(၁၁)နာရီအချိန်က ၎င်းအမျိုးသမီးသည် အမည်မသိအမျိုးသားတစ်ဦးနှင့်အတူ အခန်းအမှတ် C-001တွင်လာရောက်တည်းခိုခဲ့ကြပြီး အတူတည်းခိုသူအမျိုးသားမှာ ဧပြီ(၃)ရက် နေ့လယ် ၁နာရီခွဲအချိ န်က ပြန်လည်ထွက်ခွာခဲ့ပြီးနောက် မန်နေဂျာဖြစ်သူက အခန်းအားကြည့်ရှု့စစ်ဆေးခဲ့ရာ အမျိုးသမီး သေဆုံးနေသည်ကိုတွွေ့ရှိခဲ့သည့်အတွက် နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့အကြောင်းခဲ့သည့်အပေါ် အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးစိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ ဒုရဲမှူးဇော်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ်ရဲမှူးဇော်ဝင်းနိုင်၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအခန်းအတွင်းရှိ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် စောင်ခြုံပြီးမျက်နှာတွင် တဘက်အဖြူ ရောင်အုပ်လျှက်ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

” ကျွန်တော်တို့သေဆုံးမှုနဲ့ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်ရေးအတွက် ဌာနဆိုင်ရာတွေ ချိတ်ဆက်ပြီးလုပ်ဆောင်နေပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း အမြန်ဆုံးဖမ်းမိရရှိရေး လုပ်ဆောင်နေပါတယ်” ဟု ရဲအရာရှိကတစ်ဦးက ပြောသည်။

ယင်းတည်းခိုခန်းတွင် အမည်မသိအမျိုးသမီးသေဆုံး
မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၂၁၃/၂၀၁၉၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ဖြင့်အမှုဖွင့်ထားသည်။

By – မင်းသန့်
MUNA